သံစဉ်တွေနဲ့အတူ မြွေတစ်ကောင်တွားသွားနေ သလိုသွားနေရမယ့် Dancing Line!

လက်တစ်ချောင်းနဲ့ သာ Control လုပ်ပြီးဆော့ရမှာကြောင့် ရိုးရှင်းတဲ့ဂိမ်းလေးတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် မိတ်ဆွေဆော့ရမယ့်လမ်းတောက်လျှောက်မှာ သံစဉ်လေးတွေပါနေမှာဖြစ်တာကြောင့် နားကြပ်တပ်ပြီးဆော့ရင် အတော်လေးခံစားလို့ကောင်းမှာဖြစ်ပါတယ်။

ဒီဂိမ်းမှာ မိတ်ဆွေရဲ့ Character ကတော့ Line လေးဖြစ်ပါတယ်။ အဲ့ဒီ Line လေးက အရှေ့ကိုတောက်လျှောက်သွားနေမှာပါ။ သွားရာလမ်း တစ်လျှောက်က ဖြောင့်ဖြုးနေမှာမဟုတ်ဘဲ အတားအဆီးတွေနဲ့ ကွေ့ရမယ့်နေရာတွေများစွာပါဝင်မှာဖြစ်ပါတယ်။ အဲ့ဒါတွေကို မိတ်ဆွေက လက်နဲ့ Tap လုပ်ပြီးရှောင်သွားပေးရမှာဖြစ်ပါတယ်။ ရှောင်တဲ့အခါမှာ ကျွန်တော်ခေါင်းစဉ်မှာပြောခဲ့သလို မြွေတစ်ကောင် ကွေ့ပတ်နေတဲ့ပုံစံဖြစ်ပေါ်လာမှာပါ။

မိတ်ဆွေ Line လေးရဲ့ အရောင်ကလှနေမှာဖြစ်သလို၊ ဆော့ရမဲ့ပတ်ဝန်းကျင်ရဲ့ အရောင်ကလည်း တောက်ပပြီးလှနေမှာကြောင့် ကြည့်ရတာအတော်ကောင်း ပြီး Design ပိုင်းက အလန်းလေး ဖြစ်နေတာကိုတွေ့ရမှာပါ။ သံစဉ်တွေက မိတ်ဆွေရဲ့ခံစားမှုကောင်းနေအောင်ပြုလုပ်ပေးမှာဖြစ်သလို၊ အရှေ့မှာပေါ်လာမယ့် အတားအဆီးတွေကိုလည်း ကြိုတင်အသိပေးနေမှာဖြစ်တာကြောင့် သံစဉ်တွေကို ပစ်ထားလို့မရတာတော့ အမှန်ပါပဲ။ သံစဉ်တွေအပေါ် စိတ်နှစ်ပြီး ဆော့မှသာ နိုင်ဖို့ အခွင့်အရေးပိုများမယ့်ဂိမ်းလေးဖြစ်ပါတယ်။

ဂိမ်းထဲစစချင်းဝင်လိုက်ရင် သံစဉ်တွေက ဆီးကြိုနေမှာဖြစ်ပါတယ်။ Journey တွေနဲ့ဆော့ရမှာဖြစ်ပါတယ်။ The Piano, The Winter, The Earth စတာတွေအပါအဝင် အခန်းပေါင်း ၁၃ ခန်းတွေ့ရမှာဖြစ်ပါတယ်။ အခန်းတစ်ခန်း စီမှာသံစဉ်တစ်မျိုး ဖန်တီးပေးထားတာကြောင့် သံစဉ်တွေကိုမထပ်ဘဲ ကြားနေရမှာ ဖြစ်ပါတယ်။ သံစဉ်တွေကလည်း မိတ်ဆွေ ဆော့ရမယ့် နေရာနဲ့ ကိုက်ညီနေမှာပါ။ ပြီးတော့ Design တွေကလည်းတစ်ခုနဲ့ တစ်ခုထပ်မနေတာကိုတွေ့ရမှာပါ။ Journey တစ်ခုချင်းစီရဲ့ Score ကို Percentage နဲ့ဖော်ပြပေးထားတာကိုတွေ့ရမှာပါ။ Journey အားလုံးက စစချင်းမှာတည်း က unlock ဖြစ်နေမှာကြောင့် မိတ်ဆွေကြိုက်တဲ့နေရာမှာဆော့နိုင်မှာဖြစ်ပါတယ်။

Line တွေကိုလည်း Design အမျိုးမျိုးဖန်တီးပေးထားပါတယ်။ Headphone, Light, Mountain စတာတွေအပါအဝင် Line အမျိုးအစား ၁၃ မျိုးရှိနေတာကိုတွေ့ရမှာပါ။ အားလုံးနီးပါးကို In-game က ရွှေတွေနဲ့ unlock လုပ်ရမှာဖြစ်ပြီး အချို့ကိုတော့ တကယ့်ပိုက်ဆံနဲ့ မှ  unlock လုပ်နိုင်မှာဖြစ်ပါတယ်။

Free To Play ဂိမ်းလေးဖြစ်ပါတယ်။ Android နဲ့ IOS Platform နှစ်မျိုးမှာကစားနိုင်တဲ့ဂိမ်းလေးဖြစ်ပါတယ်။ Desgin ပိုင်းရော Sound System ပိုင်းရော သာယာတဲ့ခံစားမှုကိုပေးနိုင်တဲ့ Arcade ဂိမ်းလေးဖြစ်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

Image Source :

https://play.google.com/store/apps/details?id=com.cmplay.dancingline&pli=1

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password