တိုင်းသူပြည်သားတွေကိုကာကွယ်တဲ့ သူရဲကောင်းနေရာကဆော့ကစားရမယ့် Dan the Man : Action Platformer!

မိတ်ဆွေရဲ့တိုင်းပြည်ကို အခြားသောအရပ်ကလူတွေနယ်ချဲ့ထားရာကစတင်တာဖြစ်ပါတယ်။ လက်နက်အင်အား၊ လူအင်အားတွေကမမျှတ တာကြောင့် မိတ်ဆွေရဲ့ တိုင်းသူပြည်သားတွေက ဘာမှပြန်မလုပ်နိုင်ပဲအနိုင်ကျင့်ခံနေရမှာဖြစ်ပါတယ်။ အဲ့ဒီအခြေအနေတွေကို တော်လှန်ဖို့ သူရဲကောင်းတစ်ဉီးတော့လိုအပ်လာပါပြီ။

ဒီဂိမ်းမှာ မိတ်ဆွေကအဲ့ဒီ သူရဲကောင်းနေရာကဆော့ကစားရမှာဖြစ်ပါတယ်။ သူရဲကောင်းဖြစ်တဲ့အတွက်ကြောင့် သာမာန်လူတွေမတတ်ကျွမ်းတဲ့ သိုင်းပညာတွေတတ်မြောက်နေမှာဖြစ်ပါတယ်။ ဒါ့အပြင် သာမာန်လူတွေထက်လည်း အတွင်းအားပိုမိုပိုင်ဆိုင်နေတာကိုတွေ့ရမှာပါ။ ဂိမ်းစစချင်းဝင်လိုက်ရင် Dan နဲ့ Josie ဆိုပြီး Character နှစ်ယောက်ပေးထားမှာဖြစ်ပါတယ်။ အဲ့ဒီ Character နှစ်ယောက်တည်းက မိတ်ဆွေကြိုက်နှစ်သက်ရာ သူရဲကောင်း  တစ်ယောက်ကိုရွေးချယ်ခိုင်းမှာဖြစ်ပါတယ်။

ရွေးချယ်ပြီးပြီဆိုရင်တော့ မိတ်ဆွေတိုင်းပြည်ကို အနိုင်ကျင့်နေတဲ့ ရန်သူတွေကို စတင်တိုက်ခိုက်ရမှာပဲဖြစ်ပါတယ်။ Dan, Josie နဲ့ Barry ဆိုပြီး Character ၃ ယောက်နေရာကဆော့ကစားနိုင်ပေမယ့် စစချင်းမှာတော့ Dan နဲ့ Josie ကိုသာရွေးချယ်နိုင်မှာဖြစ်ပါတယ်။ မိတ်ဆွေတိုက်ခိုက်ရမယ့်ရန်သူတွေက လက်နက်ကိရိယာ အစုံအလင်နဲ့ Armor တွေပါဝတ်ဆင်ထားမှာဖြစ်ပေမယ့် မိတ်ဆွေစီမှာကတော့ လက်နက်ရော၊ Armor ရောရှိနေမှာမဟုတ်ပါဘူး။

လက်နက်တွေ၊ Armor တွေက တော့ လမ်းတလျှောက်မှာရှိနေတဲ့ ရန်သူတွေကိုသတ်ခြင်းမှရရှိမှာဖြစ်ပါတယ်။ မိတ်ဆွေစီမှာ ကိရိယာတွေမရှိသေးတဲ့ အချိန်မှာတော့ Physical Attack ကိုသာအားကိုးရမှာဖြစ်ပါတယ်။ မိတ်ဆွေရဲ့ထိုးနှက်ချက်/ကန်ချက်တိုင်းမှာ Damage ကြမ်းလာအောင် Sucker Puch, High kick, Down kick စတဲ့ Combat တွေကို Upgrade လုပ်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင်အတွင်းအားကိုအသုံးပြုပြီး ဖိုက်ရတဲ့ Advanced Power Attack ကိုလည်း unlock လုပ်နိုင်မှာဖြစ်ပါတယ်။

ရန်သူ ခေါင်ဆောင်ကြီးတွေဖြစ်တဲ့ Boss အကြီးစားတွေလည်းပါဝင်မှာဖြစ်ပါတယ်။ Boss တွေကလက်နက်တွေနဲ့မဟုတ်ပဲ စက်ရုပ်ပုံစံကြီးတွေနဲ့ပါဝင်နေမှာဖြစ်တာကြောင့် သတ်ဖို့တော့တော်တော်ခက်မှာပါ။ ရန်သူတွေမှာရှိတဲ့ သတ္တုလက်နက်တွေကို မိတ်ဆွေစီမှာရှိတဲ့ သတ္တိတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ Mission တွေအများအပြားပါဝင်ပြီး Mission တစ်ခုနဲ့တစ်ခု လုပ်ဆောင်ချက်ခြင်းမတူညီသလို နေရာဒေသလည်းတူညီနေမှာမဟုတ်တာကိုတွေ့ရမှာပါ။

Free To Play ပါ။ Free To Play ဆိုပေမယ့်တချို့ Mission တွေကိုတော့ တကယ့် ပိုက်ဆံနဲ့ unlock လုပ်ရမှာဖြစ်ပါတယ်။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်ပါတယ်။ Old School Arcade ဂိမ်းပုံစံလေးကိုအမှတ်ရစေနိုင်တဲ့ဂိမ်းလေးတစ်ခုဖြစ်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

 

 

Image Source : Dan the Man : Action Platformer

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password