
မကြာသေးခင်က facebook ပေါ်မှာ အရမ်း နာမည်ကြီးသွားတဲ့ ပိန်ပိန်ရှည်ရှည် ဂြိုလ်သားအစိမ်းကောင်လေးကို လူတိုင်းသိကြမှာပါနော်။ အခုတစ်ခေါက် မိတ်ဆက်ပေးမယ့် ဂိမ်းထဲမှာ သူက ဇာတ်လိုက်ပါ။
သူပါပြီဆိုတော့ သူ့ရဲ့ logic အရ ထုံးစံအတိုင်း ကကွက်ဆန်းတွေနဲ့ အသေကြေကြမ်းမှာပါ။ သူကနေရင်း အပေါ်ကနေ ကျလာတဲ့ မိုးပျံ ဗုံးတွေကို player က ရှောင်ပေးရမှာဖြစ်ပါတယ်။ မရှောင်ပေးနိုင်ရင် ရှုံးမှာပါ။
Challenge တစ်ခုအနေနဲ့ရော ဂိမ်းတစ်ခုအနေနဲ့ပါ ကစားရမယ့်ဂိမ်းဖြစ်တာကြောင့် စိတ်လှုပ်ရှားစရာကောင်းမှာ ကတော့အသေအချာပါပဲ။ ဒါ့အပြင် ဂြိုလ်သားလေးရဲ့ ကကွက်ဆန်းတွေကိုပါမြင်ရမယ်ဆိုတော့ ကစားရတာ အရမ်းကိုပျော်စရာကောင်းပါတယ်။
စာရေးသူ စမ်းပြီး ကစားကြည့်ရသလောက်တော့ တော်တော်ကို မိုက်ပါတယ်။ အဓိကက သူ့ရဲ့ တီးလုံးသံပါ။ တီးလုံးသံက တော်တော်လေးကို မြူးမြူးလေး ဆိုတော့ ဂြိုလ်သားကောင်လေးရဲ့ ကကွက် အတိုင်းလုံးဝကို မြောပါသွားပါတယ်။ နောက်ခံ background ပုံစံက level တစ်ခုတက်ရင် တစ်ခါပြောင်းသွားပါတယ်။ Level များလာတာနဲ့အမျှ အပေါ်က ဗုံးတွေကျလာတာအစုလိုက်အပြုံလိုက်ပါပဲ။(ဒါ တောင် ဂြိုလ်သားကောင်က အကမပျက်ဘူး။ :3)
iOS တစ်မျိုးတည်းအတွက်ပဲ ကစားလို့ရပါတယ်။ Android တွေအတွက်တော့မရသေးပါဘူး။ ဖိုင်ဆိုဒ်အနေနဲ့ ကြည့်ရမယ်ဆိုရင်လည်း 52MB ပဲရှိတဲ့အတွက် iOS ဖုန်းတွေအနေနဲ့ကြည့်ရင် တော်တော်လေးကို MB နည်းတဲ့ Budgets ဂိမ်းလို့ ယူဆရမှာပါ။
အားလပ်ရက်မှာ ဘေလ်မရှိပဲ စာရေးသူတို့လို မွဲနေတဲ့သူလေးတွေအတွက် MB နည်းနည်းနဲ့ အင်တာနက်မလိုပဲ ကစားလို့ကောင်းတဲ့ ဂိမ်းတစ်ခုဖြစ်တာကြောင့် ဖော်ပြပေးလိုက်ရပါတယ်။
Download link – IOS