Rhythm ဂိမ်းချစ်သူတွေအတွက် Cytus

Cytus ဟာ Rayark ကုမ္ပဏီကို ကမ္ဘာတစ်ဝန်းက Rhythm ဂိမ်းချစ်သူတွေ သိသွားအောင် လုပ်ပေးခဲ့တဲ့ ဂိမ်းဖြစ်ပါတယ်။ သူရဲ့အောင်မြင်မှုက Deemo နဲ့ VOEZ လို masterpiece တွေ ထွက်ရှိလာဖို့ လမ်းစပျိုးပေးခဲ့တယ်ဆိုရင်လည်း မမှားပါဘူး။ ၂၀၁၂ ခုနှစ်ကထွက်ရှိခဲ့တာဖြစ်ပေမယ့် ယခုအချိန်အထိ Mobile Platform အတွက် Top 10 Rhythm Games စာရင်းမှာ ပါဝင်နေသေးတာကိုကြည့်ပြီး Cytus ရဲ့အောင်မြင်မှုကို ခန့်မှန်းနိုင်ပါတယ်။

Cytus ရဲ့ဇာတ်လမ်းက စက်ရုပ်တွေပဲ ရှိတော့တဲ့ ခေတ်လွန်ကာလကို အခြေခံထားပါတယ်။ စက်ရုပ်တွေဟာ လူသားတွေရဲ့ ခံစားချက်တွေကို သီချင်းအသွင်ပြောင်းပြီး Cytus လို့ခေါ်တဲ့နေရာမှာ သိမ်းဆည်းထားကြပါတယ်။ ပြီးတော့ အဲဒီသီချင်းတွေကို နားထောင်ပြီး လူသားတွေရဲ့ ခံစားချက်တွေ၊ အိပ်မက်တွေကို ပြန်လည်မြင်ယောင်ကြပါတယ်။

အဲဒီတော့ သူ့ရဲ့ဇာတ်လမ်းနဲ့လိုက်အောင် ဂိမ်းရဲ့ interface တစ်ခုလုံးကို ခေတ်လွန်ဆန်ဆန်ပုံတွေနဲ့ ပုံဖော်ထားပါတယ်။ သီချင်းတွေရဲ့ background art တွေကလည်း တစ်ခုနဲ့တစ်ခု မတူကြတဲ့အတွက် aesthetic ပိုင်းကို အလေးပေးသူတွေအတွက် စိတ်ကျေနပ်စရာ ဖြစ်မှာပါ။

Gameplay ပိုင်းကတော့ ပုံမှန်မြင်နေကျ Rhythm ဂိမ်းတွေနဲ့ အနည်းငယ် ကွဲပြားပါတယ်။ ပုံမှန်ဂိမ်းတွေလို screen ရဲ့အောက်ခြေက အတန်းပေါ် note တွေကျလာမှာမျိုးမဟုတ်ပဲ Active Scan Line လို့ခေါ်တဲ့ အတန်းလေးက အပေါ်အောက် တောက်လျှောက်ပြေးနေမှာ ဖြစ်ပါတယ်။ ပေါ်လာတဲ့ သီချင်း note တွေကို Active Scan Line နဲ့ ကွက်တိကျအောင် လိုက်နှိပ်ပေးရမှာ ဖြစ်ပါတယ်။ အဲဒီတော့ သင့်လက်ချောင်းတွေက screen တစ်ခုလုံးအနှံ့ လိုက်နှိပ်ရမှာ ဖြစ်ပါတယ်။ တစ်ခါတစ်လေ လက်ချောင်း နှစ်ချောင်းတည်းနဲ့ မလောက်တော့တဲ့အခါတွေမှာ လိုအပ်သလို လက်ချောင်း လေးချောင်းတွေ သုံးသင့်သုံးရမှာ ဖြစ်ပါတယ်။ အဲဒီလို အခိုက်အတန့်မှာဆိုရင် တကယ်ကို သီချင်းတစ်ပုဒ်ကို ဖန်တီး တီးခတ်နေတယ်လို့ ခံစားရစေပြီး အင်မတန်မှ စိတ်ကျေနပ်စရာကောင်းပါတယ်။

 .         

Cytus မှာ Free Chapter ၁၀ ခု နဲ့ Hidden Album ၁ ခုပါဝင်ပါတယ်။ အဲဒီဟာတွေအကုန်လုံးက ဂိမ်းကို $1.99 နဲ့ဝယ်ယူပြီးတာနဲ့ ဆော့ကစားလို့ရမယ့် သီချင်းတွေ ဖြစ်ပါတယ်။ အဲဒါတွေအပြင် IAP အနေနဲ့ ဝယ်ယူလို့ရတဲ့ Album ၉ ခုပါဝင်ပါသေးတယ်။ အားလုံးပေါင်းလိုက်ရင်တော့ Cytus မှာ သီချင်းပေါင်း ၂၀၀ ခန့် ပါဝင်ပါတယ်။ သီချင်းတွေအားလုံးဟာ original တွေဖြစ်ပြီးတော့ ကမ္ဘာတစ်ဝန်းက နာမည်ကြီး သီချင်းရေးစပ်သူတွေက ရေးစပ်ပေးထားတာ ဖြစ်ပါတယ်။ သီချင်း genre အနေနဲ့ကလည်း အစုံအလင်ပါဝင်ပါသေးတယ်။ Pop လား၊ Jazz လား၊ Trance လား။ အမျိုးအစား အစုံအလင်ပါဝင်တဲ့အတွက် မိမိနှစ်သက်တဲ့ သီချင်းအမျိုးအစားကို တွေ့မှာပါ။

Rhythm ဂိမ်းကောင်းကောင်း ရှာဖွေနေသူတွေအတွက်ကတော့ Cytus ဟာ လုံးဝ ကစားသင့်တဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ပေးလိုက်ရတဲ့ ပိုက်ဆံနဲ့ ပြန်ရမှာကလည်း အရမ်းကိုတန်တဲ့အတွက် $1.99 ကို မနှမြောဖို့ အကြံပေးပါရစေ။ Perfect Combo ရပြီး ‘Million Master’ rank ရခဲ့ရင်တော့ Facebook မှာ သူငယ်ချင်းတွေကို share ပြီးကြွားဖို့လည်း မမေ့ပါနဲ့လို့ သတိပေးလိုက်ပါတယ်။

Image Source:

https://itunes.apple.com/us/app/cytus/id485246824?mt=8

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password