News

Cyber Hunter က သင့်ကို ဆွဲဆောင်နိုင်မယ့် ဂိမ်းဖြစ်လာမှာလား?

Cyber Hunter က battle royale genre မှာ နာမည်ကြီးလာမယ့် ဂိမ်းတစ်ခု ဖြစ်လာနိုင်ချေရှိတယ်လို့ မျှော်မှန်းခြင်း ခံထားရတဲ့ ဂိမ်းဖြစ်ပါတယ်။ သူ့ကို ဖန်တီးတဲ့ ကုမ္ပဏီက Chinese developer NetEase ဖြစ်ပါတယ်။ သူက ရည်မှန်းချက်ကြီးမားတဲ့ မိုလ်ဘိုင်း battle royale game ဖြစ်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ ဖော်မြူလာတွေကို ပေါင်းထည့်ထားတဲ့ ဂိမ်းဖြစ်ပါတယ်။

ဂိမ်းကို စတင်ကစားရမယ့် ပုံစံလေးက ရိုးရှင်းပါတယ်။ သူက ကြီးမားတဲ့ 6x6km open world map ပေါ်မှာ ဖြစ်တည်မှာဖြစ်ပြီး အခြား battle royale ဂိမ်းတွေပုံစံအတိုင်း မြေပုံကို ဟိုဆွဲဒီဆွဲ ဆွဲချပြီး ကစားရမှာပါ။ ကစားဖို့အတွက် သင်တစ်ကြိမ်အခြေချလိုက်တာနဲ့ သင့်ရဲ့ ရည်မှန်းချက်က နောက်ဆုံးကျန်မယ့် လူ တစ်ယောက်ဖြစ်ဖို့ဆိုတာကို သိလာပါလိမ့်မယ်။ ဒီအကြောင်းအရာကို အပြောနဲ့ ကစားကြည့်တာထက် တကယ်လက်တွေ့ကစားကြည့်ရင်ပိုပြီး သိပါလိမ့်မယ်။
ဂိမ်းကစားနေစဉ်အတွင်းမှာပဲ player ကအကုန်လုံးကို လုပ်ဆောင်နိုင်ပါတယ်။ ဥပမာပြောရရင် vehicle တွေမောင်းတာတို့ လေပေါ်မှာ စက်မဲ့ လေဟုန်စီးတာတို့ ရေကူးတာတို့ အဆောက်အဦတွေကို ဖျက်ဆီးပစ်တာတို့ လူတွေကို သေနတ် နဲ့ လိုက်လံ ပစ်တာတို့ ပုန်းကွယ်တာတို့ စသဖြင့် စိတ်လှုပ်ရှားဖွယ်ကောင်းတာတွေကို လုပ်နိုင်ပါတယ်။

ရေကူးတာနဲ့ လေဟုန်စီးတာက Cyber Hunter ထဲမှာ အဓိက လုပ်နိုင်မယ့် အရာတွေပါ။ အဲ့တာကြောင့် လေပေါ်မှာ ပျံသန်ခြင်းနဲ့ ရေကူးခြင်းတွေကနေ တကယ့်ကို မိုက်တဲ့ စွန့်စားခန်း အတွေ့အကြုံ တွေကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။
ဂိမ်းထဲမှာ ပါဝင်တဲ့ vehicle တွေက တွေ့နေ မြင်နေကျ vehicle တွေ မဟုတ်တဲ့ အတွက် အရမ်းကို စိတ်ဝင်စားဖို့ကောင်းပြီး ကစားရတာ တကယ့်ကို မိုက်ပါတယ်။ ဘယ်လိုတောင် မိုက်လဲဆိုတာ အောက်က Gameplay ပုံစံလေးကို တစ်ချက် ရှိုးလိုက်တာနဲ့ တွေ့ရမှာပါ။

ဂိမ်းထဲမှာ ရွေးချယ်နိုင်ဖို့အတွက် လက်နက်အမျိုးအစား ၅ခုပါဝင်ပါတယ်။ သူတို့တွေက အထူး တိုက်ခိုက်မှုတွေ ပြုလုပ်နိုင်မယ့် SMG, shitgun, rifle, sniper rifle တို့ပဲဖြစ်ပါတယ်။အဲ့ဒီ လက်နက် တွေကို အဆင့်မြှင့်တင်မှုတွေကိုလည်း ပြုလုပ်နိုင်ပါတယ်။
လက်နက်တွေကို ဆေးရောင် ချယ်နိုင်ရုံသာမက ဂိမ်းထဲမှာပါဝင်တဲ့ ကိုယ့်ရဲ့ ဇာတ်ကောင်ရဲ့ ပုံစံကိုလည်း player ကိုယ်တိုင် ဖန်တီးနိုင်ပါတယ်။ ဇာတ်ကောင်ရဲ့ မျက်လုံးတွေ၊မျက်နှာ၊မိတ်ကပ်နဲ့ ဆံပင် ပုံစံတွေနဲ့ အခြား အသေးစိတ်အစိတ်အပိုင်းလေးတွေကအစ စိတ်ကြိုက် ပုံဖော်ပြင်ဆင် နိုင်ပါတယ်။
Cyber Hunter က အခုချိန်ထိတော့ အပြည့်အဝ မထွက်ရှိသေးပါဘူး။ ဒါပေမယ့် စမ်းပြီး ကစားကြည့် ချင်နေပြီဆိုရင်တော့ Beta ထွက်ရှိနေပါပြီ။

Download – Android

 

Source – https://www.droidgamers.com

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password