ActionPuzzle

Puzzle ဂိမ်းကောင်းကောင်း ရှာနေသူတွေအတွက် Professor Layton and the Curious Village

စမတ်ဖုန်း devices တွေအတွက် လှပတဲ့ HD ဗားရှင်းနဲ့အတူ Professor Layton ရဲ့ ပထမဦးဆုံး စီးရီးဖြစ်တဲ့ curious village iOS ပေါ်ကို ရောက် နေခဲ့တာအခု ဆိုရင် လအနည်းငယ်တောင် ကြာခဲ့ပါပြီ။ဒီ ဂိမ်းက အရမ်းကို မိုက်တဲ့ Puzzle ဂိမ်း ထဲကို ဝင်နိုင်မယ့်နည်းလမ်းကောင်း ဖြစ်ပေမယ့် ဂိမ်းထဲမှာတွေ့ရမယ့် Nintendo DS precision stylus က ဖုန်းပေါ်မှာ ကစားရတာတော့ နည်းနည်း ကသိကအောက်ဖြစ်ပါလိမ့်မယ်။Nintendo DS era ရဲ့ အကြီးမားဆုံးသော လုပ်ဆောင်ချက်တစ်ခုက Level5 ရဲ့ ထူးခြား ဆန်းသစ်တဲ့ brain teaser တွေပါပဲ။

ဂိမ်းထဲမှာ ပါတဲ့ ဇာတ်ကောင် နှစ်ယောက်က အင်္ဂလန် တစ်ခွင် ခရီးသွားရင်း တဖြေးဖြေးနဲ့ သဘာဝလွန် လျို့ဝှက်ဆန်းကြယ်မှုတွေကို ဖြေရှင်းသွားရမှာပါ။ အခု ထွက်ရှိလာတဲ့ mobile ဗားရှင်းထဲမှာတော့ resolution အဆင့်မြှင့်တင်ချက်တွေနဲ့အတူ လှပခန့်ညားတဲ့ graphics တွေကိုပါ မြင်တွေ့ရမှာပါ။

ဂိမ်းရဲ့ပုံစံကတော့ လူတိုင်း မျက်စိထဲမှာ တွေ့ဖူးနေကြအတိုင်းလိုပါပဲ။ Puzzle ဂိမ်းဖြစ်တာကြောင့် မစ်ရှင်တစ်ခု တစ်ခုကို သေသေချာချာလေးတွေးပြီး ဖြေပေးရမှာပါ။ကံမကောင်းစွာနဲ့ပဲ Curious Village ကို iPhone 6နဲ့ ကစားရာမှာ Nintendo DS မှာ ကစားတာထက် ပိုပြီး နည်းနည်း အခက်အခဲ ရှိနိုင်တယ်လို့သိရပါတယ်။

Mobile ဗားရှင်း က DS game ရဲ့ Puzzle ပုံစံနဲ့ Layout ပုံစံ ကနေ ကွဲထွက်သွားမှာ မဟုတ်ပါဘူး။DS layout ရဲ့ အလျားလိုက်အတိုင်း နှစ်ပိုင်းကွဲထွက်သွားမှာမယ်လို့ သိရပါတယ်။ဂိမ်းထဲမှာ ပါဝင်တဲ့ puzzles တွေတွေကိုဖြေရှင်းတဲ့အခါမှာ ဖုန်းမျက်နှာပြင်ကို ကိုယ်တိုင်လက်နဲ့ထောက်ပြီးဖြေရှင်းရမှာဖြစ်တာကြောင့် ပိုပြီးသေးငယ်ပြီးတိကျသေချာတဲ့ DS stylus ထက်တော့ သုံးရတာနည်းနည်း ပိုကွာပါတယ်။ အောက်မှာ နမူနာ ဗီဒီယိုလေးကို ဝင်ကြည့် လိုက်ပါဦးနော်။

 

 

တန်ဖိုးကတော့ ဒေါ်လာ ၉.၉၉ ကျသင့်မှာဖြစ်ပါတယ်။

Download link – AndroidiOS

 

Source – https://kotaku.com/professor-layton-on-mobile-could-really-use-a-stylus-o-1829401026

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: