News

ချစ်သူများနေ့ပွဲတော်မှာ အချစ်တွေကို ဝေမျှဖို့အတွက် Fortnite ဆီကိုပြန်လာခဲ့တဲ့ မြှားနတ်မောင်ရဲ့ ဒူးလေး

Fortnite မှာ ဒီနေ့က စတင်ပြီး မြှားနတ်မောင်တွေ ရောက်ရှိလာတော့မှာပါ။ Fortnite ရဲ့ Battle Royale mode မှာဆိုရင် ဖေဖော်ဝါရီ ၁၄ ချစ်သူများနေ့ ဗယ်လင်တိုင်းဒေးနေ့အတွက် မြှားနတ်မောင်ဒူးလေး သုံးခွင့်ရနေပါပြီ။ မြှားနတ်မောင်ရဲ့ဒူးလေးက Fortnite ဆီကို v7.40 update နဲ့အတူရောက်ရှိလာမှာပါ။ Fortnite ရဲ့ မြှားနတ်မောင်ဒူးလေးကို ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်ကစပြီး ချစ်သူများနေ့အတွက် ရည်ရွယ်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ event မှာ cosmetic ski တွေနဲ့ အခြားမကြေညာထားတဲ့ item တွေကိုပါ စိန်ခေါ်မှုတွေကို အနိုင်ရအောင်လုပ်ပြီးရရှိနိုင်မှာပါ။ မြှားနတ်မောင်ရဲ့ ဒူးလေးကို ဂိမ်းရဲ့ မျက်နှာပြင်မှာ အချိန်အကန့်အသတ်နဲ့ပေးထားမှာ ပါ။ဒူးလေးရဲ့ အားသာချက်ကတော့ တစ်ဖက်ပြိုင်ဘက်ကို တိကျသေချာမှု နဲ့ အပိုင်အနိုင် ဖြုတ်ချနိုင်တာဖြစ်တယ်လို့ သိရပါတယ်။မြှားနတ်မောင်ဒူးလေး အကြောင်း ဗီဒီယိုလေးကို အောက်မှာပြထားပါတယ်။

မြှားနတ်မောင် ဒူးလေးဆိုပြီးတော့ အထင်တော့ မသေးလိုက်ပါနဲ့နော်။ တကယ့်ကို တိကျသေချာပြီး ရန်သူကို တစ်ခါတည်း မာလကီးယားသွားအောင် ဇီဝိန်ခြွေနိုင်တဲ့ လက်နက်တစ်ခုဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ မှားနတ်မောင်ဒူးလေး event ကို လာမယ့်ဖေဖော်ဝါရီ ၂၂ မှာ အဆုံးသတ်မှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ချစ်သူများနေ့ရဲ့ အငွေ့အသက်လေးတွေလည်းရအောင် ကစားရတာလည်း ပိုပြီးမြိုင်သွားအောင် ချစ်သူများနေ့ ဒူးလေး event ကို အခုချက်ချက်းပဲ ဝင်နွှဲလိုက်ကြစို့နော်။

Playon က Fortnite ဘော်ဒါတို့တွေရော ဘယ်လိုလဲ … မြှားနတ်မောင်ဒူးလေးကြီးကို သုံးနေကြပြီလား….

Source-https://dotesports.com

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password