Vehicle များစွာသွားလာနေတဲ့ လမ်းတွေကိုဖြတ်ကူးရမယ့် Crossy Road!

လမ်းဖြတ်ကူးရမဲ့ဂိမ်းဆိုတော့ ကလေးတွေဆော့တဲ့ဂိမ်းလို့ထင်သွားပါလိမ့်မယ်။ မိတ်ဆွေထင်သလို လုံးဝမဟုတ်ပါဘူး။ ဆော့ရမဲ့ပုံစံတွေ၊ Character လေးတွေ ကိုစိတ်ဝင်စားစရာကောင်း အောင်ပြုလုပ်ထားတာကြောင့်  အသက်အရွယ်မရွေးကြိုက်ကြမဲ့ဂိမ်းလေးဖြစ်ပါတယ်။ လမ်းကူးတာလောက် ကတော့လွယ်လွယ်လေးလို့မိတ်ဆွေ ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမဲ့ ဆော့ကြည့်တဲ့ အခါထင်သလောက် မလွယ်ကူတာကိုမိတ်ဆွေတွေ့ရမှာပါ။

မိတ်ဆွေဖြတ်ကူးရမဲ့ လမ်းတွေမှာ Vehicle များစွာရှိနေတယ်လို့ ပြောထားပေမဲ့ မိတ်ဆွေအများဆုံးမြင်နေရမှာကတော့ ကား ဖြစ်ပါတယ်။ လမ်းဖြတ်ကူးရင်း ကားတိုက်ရင်တော့ မိတ်ဆွေရဲ့ Character က Rest In Peace ဖြစ်သွားမှာဖြစ်ပြီး Game Over သွားမှာဖြစ်ပါတယ်။ အစပိုင်းမှာကားတွေကိုသာ တွေ့ရမှာဖြစ်ပေမဲ့ နောက်ပိုင်းမှာတော့ ထောင်ချောက်တွေ၊ ရေလမ်းကိုဖြတ်ရတာတွေ ကိုတွေ့ရမှာပါ။ ရေနစ်ရင်လည်း သေမှာဖြစ်ပါတယ်။

လမ်းဖြတ်ကူးရာတစ်လျှောက်မှာ မိတ်ဆွေနားခိုဖို့ နေရာပေးထားမှာဖြစ်ပါတယ်။ နားခိုဖို့နေရာတွေထဲမှာ မိတ်ဆွေအတွက် အန္တရာယ်ရှိတဲ့နေရာတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ ရထားလမ်းပါ။ ရထားလမ်းမှာ ရထားတွေကအမြဲဖြတ်နေမှာမဟုတ်ပေမဲ့ ဖြတ်ပြီဆိုရင်လည်း အချက်တစ်ခါသာပြပြီးဖြတ်တာမို့ အခန့်မသင့်ရင် မိတ်ဆွေ ရဲ့ Character သေမှာဖြစ်ပါတယ်။ Endless ဂိမ်းအမျိုးအစားဖြစ်ပါတယ်။ နားရမဲ့အချိန်၊ ဖြတ်ရမဲ့အချိန် ကိုသေချာ Manage လုပ်ပြီးဆော့မှသာ Score အများကြီးရရှိမှာဖြစ်ပါတယ်။ မိတ်ဆွေတစ်လမ်း သွားပြီးရင် Score တစ်ခုတက်သွားတာကိုတွေ့ရမှာပါ။

ဒီဂိမ်းကို မိတ်ဆွေတစ်ယောက်တည်းဆော့နိုင်သလို သူငယ်ချင်းတွေနဲ့လည်းဆော့နိုင်မှာဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့ က အနည်းဆုံး ၂ ယောက်ကနေ ၄ ယောက်အထိဆော့နိုင်မှာဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့ဆော့မယ်ဆိုရင်တော့ အရင်ဆုံး  Wifi တစ်ခုတည်းမှာချိတ်ရမှာဖြစ်ပါတယ်။ ပြီးရင်တော့ Wifi ကိုလွင့်နေတဲ့ Source (Player 1) က Create Game ကိုနှိပ်ရမှာဖြစ်ပါတယ်။ အဲ့မှာမိတ်ဆွေသတိထားရမှာတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ Multiplayer ဆော့တဲ့အခါမှာ ဂိမ်းက Wifi ပေါ်မှာမှီခိုနေမှာဖြစ်ပါတယ်။ Wifi တစ်ခုတည်းမှာမှီခိုနေတာဖြစ်တာကြောင့် Player အများကြီးနဲ့ဆော့တဲ့အခါမျိုးမှာဆိုရင် Game Performance အနည်းငယ်ကျသွားမှာနိုင်ပါတယ်။ Best Performance နဲ့ဆော့ချင်တယ်ဆိုရင်တော့ Strong Wifi ပေါ်မှာ Player အနည်းငယ်နဲ့ဆော့မှရမှာဖြစ်ပါတယ်။

ဂိမ်းစစချင်းမှာတော့ မိတ်ဆွေရဲ့ Character ကကြက်ပေါက်စ လေးဖြစ်နေမှာပါ။ Baby Animals, Dinosaurs, Arctic ဆိုပြီး အမျိုးအစားအများကြီးပါဝင်တာကိုတွေ့ရမှာပါ။  အဲ့ဒီအမျိုးအစားတစ်ခုချင်းစီမှာလည်း သတ္တဝါတွေအများကြီးပါဝင်တာကိုတွေ့ရမှာပါ။ ကြက်ပေါက်စလေးကိုမကြိုက်ဘူးဆိုရင်တော့ အဲ့ဒီအမျိုးအစားအများကြီးထဲက မိတ်ဆွေကြိုက်ရာကို Unlock လုပ်နိုင်ပါတယ်။ Unlock လုပ်တဲ့အခါမှာ တကယ့်ပိုက်ဆံနဲ့ Unlock လုပ်ရမှာဖြစ်ပါတယ်။ တစ်ခုချင်းစီရဲ့ စျေးကတော့ USD 0.99 ပါ။ Character တွေများကြီးပါဝင်သလို ဆော့ရမဲ့အခန်းတွေကလည်း အများအပြားပါဝင်တာကိုတွေ့ရမှာပါ။

Free To Play ပါ။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်မှာဖြစ်ပြီး ပျင်းနေတဲ့ အချိန်တွေမှာ အဖော်ပြုပေးနိုင်တဲ့ဂိမ်းဖြစ်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

Image Source : https://play.google.com/store/apps/details?id=com.yodo1.crossyroad

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password