ArticleNews

Creative Destruction အကြောင်း တစေ့တစောင်း

Creative Destruction က Battle royale ဂိမ်း Fortnite ကို အပြည့်အဝ လွှမ်းမိုးကိုးကားထားတဲ့ ဂိမ်းဖြစ်ပါတယ်။ သူ့ကို မိတ်ဆက်ပေးရတဲ့ အကြောင်းကတော့ သူကလည်း Battle Royale genre တွေထဲတော်တော့်ကို နာမည်ကြီးလို့ပါ။ သိပြီးသားသူတွေလည်းရှိကောင်းရှိကြမှာပါ။ ရှိတဲ့သူတွေလည်း ကိုယ့်ရဲ့ အတွေ့အကြုံလေးကို ဝေမျှသွားလို့ ရတယ်နော်။

ဂိမ်းထဲမှာ လက်နက်တွေနဲ့ ပြည့်နေတဲ့ ကျွန်းမှာရာနဲ့ချီတဲ့ player တွေ တိုက်ခိုက်ကြရမှာပါ။ ဒါပေမယ့် ရှင်သန်မယ့်သူကတော့ တစ်ယောက်တည်းဖြစ်ရပါမယ်။ ဒီကိစ္စကိုတော့ Battle royale genre တွေနဲ့ ရင်းနှီးပြီးသားသူတွေ ကောင်းကောင်း နားလည် သဘောပေါက်ကြမယ်လို့ ထင်ပါတယ်။ Creative Destruction က ခုနောက်ပိုင်း ရေပန်းစားလူကြိုက်များနေတဲ့ PUBG တို့ Fortnite တို့လို ဂိမ်းတွေကို ထပ်တူပြုထားတဲ့ ဂိမ်းဖြစ်ပါတယ်။ လက်နက်ကိရိယာတွေကို ဂိမ်းထဲက ပတ်ဝန်းကျင်မှာရှိတဲ့ ရင်းမြစ်တွေကိုရှာဖွေရာမှာ သုံးနိုင်ပါတယ်။ အဆိုပါရှာဖွေလို့ရရှိတဲ့ ရင်းမြစ်တွေနဲ့ နံရံတွေ၊ ခေါင်မိုးတွေ၊ လှေကားထစ်တွေ စတာတွေကို တည်ဆောက်နိုင်ပါတယ်။

Creative Destructive ထဲမှာ ရွေးချယ်နိုင်မယ့် Shotgun တွေ၊ Pistol တွေ၊ Machine gun တွေ sniper rifle တွေနဲ့ assault rifles တွေ အများကြီးပါပဲ။ သူတို့တွေကို ကိုယ်ကြိုက်တဲ့ အရောင်ကာလာတွေနဲ့ပါ ဖန်တီးလို့ ရပါသေးတယ်။ သူ့ရဲ့ နမူနာ ဗီဒီယိုလေးကို အောက်မှာ ကြည့်လို့ရပါတယ်။

Creative Destruction က နာမည်ကြီး Battle royale ဂိမ်းတွေကို ယှဉ်ပြိုင်နိုင်တဲ့ ဂိမ်းတစ်ခုဖြစ်တာကြောင့် အကယ်၍ သင်က BT fan ဆိုရင် လုံးဝကို ကစားကြည့်သင့်တယ်နော်။ ဂိမ်းရဲ့ ရုပ်ထွက်က အရမ်းကို လှတဲ့အတွက်အချို့ PC/ Consoles ဂိမ်းတွေ နဲ့တောင် level တူပါတယ်။ ဂိမ်းကို စတင်လိုက်တာနဲ့ ကွဲပြားခြားနားတဲ့ ဇာတ်ကောင်မော်ဒယ်တွေကို ရွေးချယ်နိုင်မှာပါ။

Creative Destriction ကို App Store နဲ့ Play Store တို့မှာ အခမဲ့ ဒေါင်းလုတ်ရယူနိုင်ပါတယ်။ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ Battle တွေနဲ့ ဇာတ်ကောင်လန်းလန်းတွေကိုတော့ ကိုယ်တိုင်ဝင်ကစားကြည့်မှပဲ သိရမှာမို့လို့ ထွေထွေထူးထူး အများကြီး မပြောတော့ပါဘူး။ ကိုယ်တိုင် ကစားကြည့်ဖို့ တိုက်တွန်းရင်း ဒီနေရာမှာပဲ နိဂုံးချုပ်လိုက်ပါတယ်နော်။ ?)

Download link – Android (Playstore, Uptodown)/ iOS

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password