News

Pre-register လုပ်ထားနိုင်ပြီဖြစ်တဲ့ ဘဝသရုပ်ဖော်ဂိမ်းတစ်ခု Home Street- Design Your Dream House

စိတ်ဝင်စားစရာ ကောင်းလွန်းတဲ့ ဂိမ်းတစ်ခုကတော့ Google Play Store ပေါ်မှာ ရောက်ရှိလို့လာခဲ့ပါပြီ။ သင်ပိုင်ဆိုင်ထားတဲ့ အိမ်ကို အလှဆင်ခြင်းနဲ့ မိမိကိုယ်တိုင် ကိုယ်လိုချင်တဲ့ ဘဝကို ဒီဂိမ်းထဲမှာ ပုံဖော်လုပ်ဆောင်မှာဘဲ ဖြစ်ပါတယ်။

ဘဝသရုပ်ဖော်လုပ်ဆောင်ချက်များ၊ မိမိရဲ့ လူနေမှု၊ ပတ်ဝန်းကျင် မှာရှိတဲ့ အိမ်နီးချင်းများနဲ့ တကယ့်ကိုယ့်ရဲ့ real life မှာအရေးကြီးပြီး အရေးပါလှတဲ့  ပေါင်းသင်းဆက်ဆံရေး စတဲ့ အရာများကိုလည်း ဒီဂိမ်းထဲမှာ မိမိကိုယ်တိုင် ပုံဖော် လုပ်ဆောင်ရခြင်း တွေဟာလည်း စိတ်ဝင်စားဖို့ ကောင်းလို့နေပါတယ်။

ဆော့ကစားသူအနေနဲ့ မိမိစိတ်ကြိုက် ဇာတ်ကောင်ကို ကိုယ်တိုင် ပုံဖော် ဖန်တီးရင်း အလှဆင်ရမှာလည်းဖြစ်ပါတယ်။ ခင်မင်စရာကောင်းလှတဲ့ ပတ်ဝန်းကျင်၊ အိမ်နီးချင်း အများအပြားရှိတဲ့ Home Street ဆိုတဲ့ ဒီဂိမ်းလေးမှာ မိတ်ဆွေကိုယ်တိုင် မိမိရဲ့ ဘဝကို သရုပ်ဖော်လုပ်ဆောင်ရင်း အောင်မြင်ကျော်ကြားတဲ့ သူတစ်ယောက် အြဖစ် မိမိရဲ့ ပတ်ဝန်းကျင်မှာ ရှင်သန် နေထိုင်သွားလာ ရမှာဘဲ ဖြစ်ပါတယ်။

Free to download ဖြစ်ပေမယ့် ဂိမ်းထဲမှာ ပါဝင်တဲ့ တစ်ချို့အရာများကတော့ တစ်ကယ့် ပိုက်ဆံနဲ့ဝယ်ယူလို့ ရတယ်ဆိုတာကိုလည်း ဖော်ပြထားပါတယ်။ ဒါပေမဲ့ မိတ်ဆွေအနေနဲ့ ဒီဝယ်ယူမှုကို မလုပ်ဆောင်ဘူးဆိုရင်တော့ မိမိရဲ့ ဖုန်း setting ထဲက app-purchases ကို disable သို့ ပြောင်းထားဖို့ လိုအပ်မှာဘဲ ဖြစ်ပါတယ်။ သို့ပေမယ့် မိတ်ဆွေ အနေနဲ့ ဒီဂိမ်းကို ဆော့ကစားနေတဲ့ အချိန်မှာတော့ အင်တာနက် Data လိုအပ်မှုတော့ ရှိလို့ နေပါတယ်။ အခုလောလောဆယ်အနေနဲ့ Andriod Platform ပေါ်မှာ Pre- register လုပ်ထားနိုင်ပြီ ဖြစ်ပါတယ်။ IOS အသုံးပြုတဲ့ မိတ်ဆွေများ အနေနဲ့ကတော့ app store ပေါ်မှာ ဒီဂိမ်းလေးကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဆော့လို့ ကောင်းတဲ့ ဂိမ်းကောင်းလေးတစ်ခု ဖြစ်တဲ့အပြင် တစ်ယောက်နဲ့ တစ်ယောက် ဖန်တီးတဲ့ ဘဝဟာ မတူကွဲပြားနေမှာတော့ အမှန်ပါ။ ဒါ့ကြောင့် သင့်အနေနဲ့ ကိုယ်ရဲ့ ဘဝ ဇာတ်လမ်း  ဘယ်လိုရှိမလဲ ဆိုတာကတော့ ဒီဂိမ်းလေးကို စောင့်မျှော် ဆော့ကစား နိုင်ဖို့ တိုက်တွန်းလိုက် ပါရစေ။

 

 

 

 

 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password