Reviews

တေးသီချင်းများ ဖန်တီးပုံဖော်ကြမယ် Incredibox

ဒီနေ့လေးမှာ playon မိတ်ဆွေများအတွက် ယူဆောင်လာတဲ့ ဂိမ်းကတော့ သီချင်းများ ဖန်တီးရတာကို သဘာကျသူများ အနေနဲ့ နှစ်သက်မိမှာပါ။ အခုမိတ်ဆက်ပေးမယ့် ဂိမ်းကတော့ beatboxer များကို စီမံခန့်ခွဲပြီး ကောင်းမွန်တဲ့ ဂီတ သီချင်းများကို ဖန်တီးရမယ့် ဂိမ်းလေးဖြစ်တဲ့အတိုင်း စိန်ခေါ်မှုလေးတွေတာ့ ရှိနေမှာပါ။ ပစ္စည်း icon များကိုတော့ မတူညီတဲ့ ဂိမ်း character များမှာ တပ်ခြင်း၊ ဖြုတ်ခြင်း များဖြင့် သီချင်းပုံစံအသစ်များကို မိမိရဲ့ creation တီထွင်ဖန်တီးမှုဖြင့် အသစ်သစ်သော music များကို ဖန်တီးပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။ ရိုးရှင်းမှုနဲ့အတူ မိတ်ဆွေအတွက် အားလပ်ချိန် အပန်းဖြေမှုများမှာ အသုံးတည့်မယ့် ဒီဂိမ်းကတော့ အထူးသဖြင့် beatbox နဲ့ music များ ဖန်တီးနေသူများအဖို့ အသုံးဝင်မယ့် ပစ္စည်းကောင်းတစ်ခုလို့ ဆိုရမှာပါ။ ထို့အတူ မိတ်ဆွေအနေနဲ့ စည်းချက်ကျကျ ကောင်းမွန်တဲ့ တီးဝိုင်းတစ်ခုကို ဖန်တီးပြီး လိုအပ်တဲ့  bonuses များကိုရှာဖွေရမှာလည်း ဖြစ်ပါတယ်။

                

နောက်တစ်ချက်အနေနဲ့ မိတ်ဆွေဖန်တီးထားတဲ့ အရာများကို recording ပြုလုပ်ပြီးတစ်ခြား Globel users နဲ့အတူ Share ခြင်းဖြင့် တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ လက်ရာများနဲ့ ဖန်တီးမှုကို တစုတစည်းတည်း မြင်တွေ့ရဖို့တော့ ရှိလို့နေပါတယ်။ တကယ်လို့ သင့်အနေနဲ့ voting အများအပြားရရှိပါက ဂိမ်းရဲ့ Top 50 chart ထဲမှာ ပါဝင်ရမှာဘဲ ဖြစ်ပါတယ်။ ဒီလိုမဟုတ်ဘဲ မိတ်ဆွေနေနဲ့ automatic mode ပြောင်းထားခြင်းဖြင့်လည်း ဖန်တီး ဆော့ကစားလို့ရတယ်ဆိုတော့ သဘာကျမှာပါ။

Manager တစ်ယောက်အနေနဲ့ သီချင်းများကို စီမံခန့်ခွဲမယ့် ဒီဂိမ်းကိုတော့ mobile platform များမှာ ရယူနိုင်ပြီး Google Play မှာကတော့ MMK 6,537 ကျပ်နဲ့ ရယူနိုင်သလို app Store အနေနဲ့ကတော့ USD  $3.99 ဖြင့် ရရှိနိုင်ပါပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် musical ဂိမ်းကောင်းလေးများကို ရှာဖွေနေတဲ့ Playon မိတ်ဆွေများအတွက် သတင်းပေးရင်း ကောင်းမွန်ပြည့်စုံတဲ့ ဂိမ်းတစ်ခုမှာ စီးမျောနိုင်ကြပါစေကြောင်း . . ။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: