News

Fortnite အပေါ် တရားစွဲဆိုထားမှုကို ကျေအေးလိုက်တဲ့ PUBG

PlayerUnknown’s Battlegrounds ကနေ ပြီး Fortnite ကိုတရားစွဲခဲ့တဲ့အကြောင်းကို အားလုံးပဲသိထားပြီးကြပြီပေါ့နော်။ သိပြီးပြီဆိုတော့ ရလာဒ် ဘယ်လိုဖြစ်သွားသလိုဆိုတာကိုလည်း သိချင်ကြမယ်လို့ထင်ပါတယ်။ ရလာဒ်ကတော့ ဘယ်သူမှမနိုင် ဘယ်သူမှ မရှုံး ရလာဒ်ဖြစ်သွားပါတယ်။ 😀) ဘာကြောင့်လဲဆိုတော့ PUBG Corp က Fortnite ကိုတရားစွဲထားပြီး တစ်လမပြည့်ခင်မှာပဲ အမှုကို ပြန်လည်ရုပ်သိမ်ခဲ့တာကြောင့်ဖြစ်ပါတယ်။

PUBG Corp မှ ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက Epic Games Inc ရဲ့ ရှေ့နေတွေဆီကို အမှုကျေအေးကြောင်း စာတစ်စောင် ပို့ပေးခဲ့တာကြောင့် တနင်္လာနေ့ကတည်းက တရားစွဲဆိုချက်ကို ရုပ်သိမ်းပြီးဖြစ်တယ်လို့ local court system website မှာရေးထားတာကိုတွေ့ရပါတယ်။ အခုလိုအမှုကို ပြန်လည်ရုပ်သိမ်းမယ့်အကြောင်းကိုလည်း PUBG နဲ့ သူ့ရဲ့ ရှေ့နေကအတည်ပြုပြီးပါပြီ။ ဒါပေမယ့် ဘာကြောင့် ခုလို အမှုကို ပြန်ရုပ်သိမ်းခဲ့တာ လဲဆိုတာကိုတော့ ထုတ်ဖော်ပြောကြာထားခြင်းမရှိခဲ့ပါဘူး။

PUBG နဲ့ Fortnite နှစ်ခုစလုံး ရဲ့ ရှယ်ယာ တစ်စိတ်တစ်ဒေသကို Social Media နဲ့ Gaming giant ကြီးဖြစ်တဲ့ Tencent Holdings Ltd က ပိုင်ဆိုင်ပါတယ်။ ဂိမ်းနှစ်ခုစလုံးကလည်း Battle Royale format ပေါ်ကိုတစ်လမ်းတည်း လျှောက်လှမ်းနေကြတဲ့ ဂိမ်းတွေဖြစ်ပါတယ်။ ဒါပေမယ့် မကြာသေးခင်က PUBG ဘက်ကနေပြီး Epic ရဲ့ Fortnite မှာသူ့ရဲ့ မူပိုင်ခွင့် ဇာတ်ကောင်တွေ အများစုကိုယူသုံးထားတယ်ဆိုပြီး စတင်တရားစွဲခဲ့တာဖြစ်ပါတယ်။ အဲ့တာတင်မကသေးပါဘူး၊ PUBG က China ရဲ့ Netease Inc ကိုလည်း Rules of survival နဲ့ Knives Out မှာသူ့ရဲ့ မူပိုင်ခွင့်တွေယူသုံး ထားတယ်ဆိုပြီး တရားစွဲဆိုဖူးခဲ့ပါသေးတယ်။

အခုလို Fortnite အပေါ် တရားစွဲတာကို ကျေအေးပေးတဲ့အတွက် Epic ဘက်ကလည်း သူ့ရဲ့ Unreal Engine နည်းပညာကို PlayerUnknown’s Battlegrounds ကို ဖန်တီးရာမှာ အသုံးပြုဖို့နဲ့ professional game developers တွေအတွက် စံနှုန်းတစ်ခုအဖြစ်ထားရှိဖို့ PUBG ကို ပေးရမယ်လို့သိရပါတယ်။

 

Ref: Bloomberg

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password