Reviews

ဟင်းချက်ဝါသနာအိုးလေးတွေအတွက် COOKING MAMA Let’s Cook!

Playon ပရိသက်ကြီးရေ ဟင်းချက်ဝါသနာပါကြလား။ အပြင်မှာ ဟင်းချက်ဝါသနာ မပါပေမယ့် ဂိမ်းထဲမှာ စားဖိုမှူးတွေ ဖြစ်နေကြတဲ့ သူတွေလည်း အများကြီးရှိတာပဲနော်.. … ဒီတစ်ခေါက်မှာတော့ ဂိမ်းကစားရင်းနဲ့ ဟင်းချက်နည်းတွေပါ လေ့လာလို့ရတဲ့ Cooking MA MA လေးအကြောင်းပြောပေးသွားမှာပါ။

ဂိမ်းထဲမှာ အရသာရှိပြီး လှပတဲ့ ဟင်းလျာတွေကို ချက်ပြုတ်ပေးရမှာဖြစ်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ ချက်နည်း ၃၀ ကျော်ကို ပြုလုပ်ပေးရမှာပါ။ သူပြောထား တဲ့အတိုင်း တစ်ဆင့်ချင်း ကစားသွားရမှာဖြစ်လို့ ဟင်း တကယ် ချက်တတ်ဖို့ မလိုအပ်ပါဘူး။ ဂိမ်းကစားရင်းနဲ့ ဟင်းလျာတွေချက် နည်းကို လေ့လာနိုင်တဲ့ အပြင် ချက်ပြုတ်ပြီးသား ဟင်းတွေကို ဆိုင်မှာရောင်းလို့ရပါတယ်။ ဒါ့အပြင် စားသောက်ဆိုင်ရဲ့ decoration ကိုလည်း စိတ်ကြိုက် ပြင်ဆင်လို့ရပါသေးတယ်။ ချစ်စရာကောင်းတဲ့ cooking ပါပါး နဲ့ မာမားကိုလည်း တွေ့နိုင်မှာ ဖြစ်လို့ ကစားရတာ အရမ်းကိုပျော်စရာကောင်းပါတယ်။

 

လွယ်ကူတဲ့ ထိန်းချုပ် စနစ်ပါဝင်လို့ ကလေးရော လူကြီးပါ ကစားနိုင်ပါတယ်။ ကလေးတွေအတွက် ဟင်းချက်ပညာကို ပိုမို စိတ်ဝင်စားစေမှာဖြစ်ပြီးပြီး အသိဉာဏ် အမြင် ကိုပါ တိုးတက်စေနိုင် မှာဖြစ်ပါတယ်။ လူကြီးတွေအတွက် လည်း လွယ်လွယ်ကူကူနဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ ဟင်းအမယ် တွေကိုလေ့လာနိုင်မှာဖြစ်လို့ ကြိုက်နှစ်သက်ကြမှာပါ။ Cooking ဂိမ်းအပြင် အခြား mini
ဂိမ်းအသေးစားလေးတွေလည်း ပါတာမို့လို့ ဟင်းချက်တာမောရင် mini ဂိမ်း ဆော့လို့ရပါတယ်။ ဒါ့အပြင် Cooking MaMa လေးကို အဝတ်အစားလေးတွေလည်း ဆင်ပေးလို့ရပါသေးတယ်နော် ။ နမူနာ videoကိုအောက်မှာ ကြည့်နိုင်ပါတယ်။

Android, iOS နှစ်မျိုးစလုံးနဲ့ free to play ကစားနိုင်ပါတယ်။ Rating ပိုင်းမှာ Play Store မှာ 4.3 နဲ့ App Store မှာ 4.2 အသီးသီး ရရှိထားပါတယ်။

Image Source – COOKING MAMA Let’s Cook

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password