အချိန်ကို Manage လုပ်ရပြီး အစားသောက်မျိုးစုံကို ဖန်တီးရောင်းချရမယ့် Cooking Fever!

ဗိုက်ဝတဲ့အစားအစာတွေ၊ အချိုပွဲတွေကိုဖန်တီးပြီးရောင်းချရမယ့် ဂိမ်းပဲဖြစ်ပါတယ်။ စစချင်းမှာတော့ မိတ်ဆွေက စာဖိုမှူးပေါက်စဖြစ်နေမှာပါ။ ရောင်းချရမယ့်ဆိုင်ခန်းကလည်း သေးငယ်နေမှာဖြစ်သလို၊ မိတ်ဆွေရဲ့ဆိုင်မှာ ရရှိနိုင်မယ့် အစားအသောက်တွေကလည်း Coca Cola နဲ့ အသားညှပ်ပေါင်မုန့် နှစ်မျိုးလောက်သာဖြစ်မှာပါ။

“You don’t have to be great to start, But you have to start to be great”  ဆိုတဲ့ စာကြောင်းလေးအတိုင်းပါပဲ။ စစချင်းမှာ အားလုံးကောင်းမွန်နေစရာမလိုပေမယ့် နောက်ပိုင်း မိမိရဲ့ ရည်မှန်းချက် တွေကိုအကောင်းဆုံးဖြစ်လာအောင် စစချင်းဆိုင်ခန်းသေးသေးလေးမှာတည်း ကကြိုးစားရမှာဖြစ်ပါတယ်။ ဒီဂိမ်းမှာ မိတ်ဆွေရဲ့ ရန်မှန်းချက် ကမိမိရဲ့စားသောက်ဆိုင်ကို ကြီးကျယ်ခမ်းနားအောင်ပြုလုပ်၊ အစားအသောက်အသစ်တွေကိုဖန်တီးရောင်းချ၊ နယ်မြေအသစ်တွေမှာဆိုင်ခွဲတွေထပ်ဖွင့် အစရှိတာတွေပါ။ ရည်မှန်းချက် တွေအကုန်ပြီးမြှောက်သွားပြီဆိုရင်တော့ မိတ်ဆွေက နာမည်ကြီးတဲ့ စားဖိုမှူးတစ်ယောက်ဖြစ်ပါပြီ။

မိမိရဲ့ ရည်မှန်းချက်ဖြစ်လာအောင်ကြိုးစားရမှာမှန်ပေမယ့် လက်ရှိမှာ ပြဿနာမဖြစ်အောင်အရင်ကြိုးစားရမှာဖြစ်ပါတယ်။ ပစ္စည်းဖိုးအရင်းမကြေတာတွေ၊ စားသုံးသူတွေလက်ထဲကိုအချိန်မှီမပေးနိုင်တာတွေ၊ အစားအသောက်တွေအလကားဖြစ်ကုန်တာတွေ အစရှိတဲ့ပြဿနာတွေဖြစ်ပါတယ်။

  •     ပစ္စည်းဖိုးအရင်းမကြေတာ ပြဿနာက မိမိရင်းနှီးထားတဲ့ငွေနဲ့ ရောင်းလို့ရတဲ့ငွေက မကိုက်ညီတာကိုဆိုလိုတာပါ။ In-game ထဲရောက်ရင် မိတ်ဆွေကို ရှာရမယ့် ငွေပမာဏကို ပြထားမှာဖြစ်ပါတယ်။ ပြထားတဲ့ငွေပမာဏကို ကျော်အောင်ရှာနိုင်မှ အမြတ်ရပြီး နောက် Level တစ်ခုကိုတက်ရောက်နိုင်မှာဖြစ်ပါတယ်။
  •     လူတိုင်းကစားသောက်ဆိုင်ရောက်ပြီဆိုရင် မိမိရဲ့အစားအစာကို မြန်မြန်လေးလိုချင်ကြပါတယ်။ မိတ်ဆွေရဲ့ဆိုင်ကို လူတွေအများကြီး အော်ဒါမှာကြမှာပါ။ လူတစ်ယောက်ချင်းစီရဲ့ သည်းခံပြီးစောင့်နိုင်တဲ့ ပမာဏကို ပြထားမှာဖြစ်ပါတယ်။ အဲ့ဒီ ပမာဏ မကုန်ခင်မိတ်ဆွေကသူတို့ရဲ့ အော်ဒါကိုအပြီးလုပ်ပေးရမှာဖြစ်ပါတယ်။ အစားအစားကိုပြုလုပ်နေတဲ့အချိန်က မိတ်ဆွေရဲ့ လျင်မြန်မှုနဲ့ Time Management Skill ကိုထင်ပေါ်စေမယ့် အချိန်ပဲဖြစ်ပါတယ်။ သည်းခံနိုင်တဲ့ ပမာဏ အနည်းအများလိုက်ပြီး ငွေရနိုင်မှုအနည်းအများက ကွာဟသွားမှာဖြစ်ပါတယ်။
  •   နောက်ပြဿနာတစ်ခုကတော့ အစားအသောက်တွေအလကားဖြစ်ကုန်တာပါ။ မိတ်ဆွေကမလောချင်လို့ စားသုံးသူတွေ အော်ဒါမမှာခင် အသားတွေအများကြီးကို ကင်ထားရောဗျာ၊ အဲ့ဒီအချိန်မှာသူတို့က မိတ်ဆွေကင်ထားတာမယူပဲ အခြားတစ်ခု အော်ဒါမှာမယ်ဆိုရင် မိတ်ဆွေကင်ထားတဲ့အသားက ကြာလာလို့တူသွားမှာဖြစ်ပြီး အမှိုက်ဗုံးထဲ အလကားပစ်လိုက်ရမှာပဲဖြစ်ပါတယ်။

ဒီဂိမ်းမှာ ကျွန်တော်ဖော်ပြခဲ့တဲ့ အချက် ၃ ချက်ကိုအထူးသတိထားရမှာပဲဖြစ်ပါတယ်။ Level ပေါင်း ရာကျော်ကိုလည်းဆော့ကစားရမှာဖြစ်ပါတယ်။ Level တစ်ခုပြီးတိုင်း ဆုကြေးငွေရရှိမှာဖြစ်ပါတယ်။ အဲ့ဒီဆုကြေးငွေတွေကို အသုံးချပြီး ချက်ပြုတ်ရာမှာအသုံးပြုရမယ့် ပစ္စည်းတွေ ကိုUpgrade လုပ်တာတို့၊ Menu အသစ်တွေဖန်တီးတာတို့ အစရှိတာတွေပြုလုပ်ရမှာဖြစ်ပါတယ်။ မတူညီတဲ့ တည်နေရာ ၁၉ နေရာမှာဆော့ကစားနိုင်မှာလည်းဖြစ်ပါတယ်။

Free to play ပါ။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်ပါတယ်။ လျင်မြန်မှုနဲ့ Time Management လုပ်နိုင်စွမ်းရည်တွေတိုးတက်စေနိုင်တဲ့ဂိမ်းလေးဖြစ်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

 

 

Image Source : Cooking Fever 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password