သင့်ကိုစားဖိုမှူးတစ်ယောက်ဖြစ်ချင်သွားအောင် ပြုလုပ်ပေးမယ့် Cooking Craze – A Fast and Fun Restaurant Chef Game!

မိတ်ဆွေအစားအသောက်တွေချက်ပြုတ်ရတာ ဝါသနာပါ ပါသလား?

ဝါသနာပါတယ်ဆိုရင်တော့ ဒီဂိမ်းကိုဆော့ကြည့်ဖို့အကြုံပြုပါရစေ။ အစားအသောက်ချက်ပြုတ်ရတာ ဝါသနာမပါ တဲ့လူတွေလည်း ဆော့ကြည့်ရင်မမှားပါဘူး။ ဘာလို့လဲဆိုတော့ ဒီဂိမ်းမှာက စာဖိုမှူးတွေရဲ့လျင်မြန်ပုံတွေ၊ လုပ်ငန်းကိုတဖြည်းဖြည်းတိုးချဲ့လာပုံတွေ စတဲ့စိတ်ဝင်စား စရာအချက်လေးတွေပါဝင်တာကြောင့်ပါ။

စစချင်းမှာ မိတ်ဆွေက စားသောက်ဆိုင်သေးသေးလေးမှာ စတင်ရမှာပါ။ စစချင်း မိတ်ဆွေရဲ့ စားသောက်ဆိုင် မှာရနိုင်တဲ့ Menu ကလည်း Donut, Chocolate Donut နဲ့ Cold Drink လောက်ပဲဖြစ်ပါတယ်။ အဲ့ဒီအခြေအနေ ကနေတဖြည်းဖြည်း Coin တွေရှာပြီး Menu အသစ်တွေဖန်တီး၊ စားသောက်ဆိုင်ကြီးတဖြည်းဖြည်းကြီးလာအောင်ဖန်တီးရမှာမိတ်ဆွေတာဝန် ဖြစ်ပါတယ်။ စစချင်း Menu မှာ Donut လောက်ပဲပါတာကနေ နောက်ပိုင်း Menu တွေမှာ ငါးကင်၊ ဟန်ဘာဂါ၊ ရေခဲမုန့် စတာတွေအပါအဝင် Menu အသစ်များစွာပါဝင် လာတာကိုတွေ့ရမှာပါ။

 

 

Coin တွေကတော့ မိတ်ဆွေရဲ့ အစားအသောက်တွေကို ရောင်းပြီး စားသုံးသူတွေဆီက ရရှိမှာဖြစ်ပါတယ်။ ဒီဂိမ်းမှာ အရေးကြီးဆုံးကတော့ လျင်မြန်မှုပါ။ ဘာလို့လဲဆိုတော့ မိတ်ဆွေက အစားအသောက်တွေကိုမြန်မြန်လုပ်ပေးမှသာ စားသုံးသူတွေကကျေနပ်ပြီး Coin များများပေးမှာမို့လို့ပါ။ စားသုံးသူတွေရဲ့ စောင့်နိုင်မှုကိုဘေးနားမှာ တန်းလေးနဲ့ ဖော်ပြထားမှာဖြစ်ပါတယ်။ အဲ့ဒီအတန်းလေးကုန်သွားတဲ့ အထိမိတ်ဆွေကသူတို့ လိုချင်တာမပေးနိုင်ဘူးဆိုရင်တော့ Coin တစ်ခုမှရတော့မှာ မဟုတ်ပါဘူး။

 

 

ဒီဂိမ်းမှာမိတ်ဆွေဆော့ရမဲ့ Level တွေက 400 ကျော်လောက်ပါဝင်ပါတယ်။ Level တွေမြင့်လာတာနဲ့အမျှ ပိုပိုခက်လာမှာဖြစ်ပြီး မတူညီတဲ့နေရာဒေသတွေကို လည်းရောက်ရှိမှာဖြစ်ပါတယ်။ Level တစ်ခုချင်းစီမှာ မိတ်ဆွေရှာရမယ့် Coin ပမာဏတွေကိုဖော်ပြထား မှာဖြစ်ပါတယ်။ မိတ်ဆွေကသူတို့ပေးထားတဲ့ Coin ပမာဏကို မရှာနိုင်ခဲ့ရင်တော့ နောက် Level တက်နိုင်မှာမဟုတ်ဘဲ Game Over သွားမှာဖြစ်ပါတယ်။ အရင်တုန်းက Response မမြန်တဲ့ လူတွေတောင် ဒီဂိမ်းဆော့ပြီးရင် မြန်သွားလိမ့်မယ်ဆိုတာ ရဲရဲကြီးအာမခံပါတယ်။

Free To Play ပါ။ Android နဲ့ IOS နှစ်မျိုးလုံးမှာကစားနိုင်ပြီး Connection မလိုဘဲ ရောက်ရာအရပ်မှာ စိတ်ကြိုက်ဆော့နိုင်တဲ့ ဂိမ်းလေးတစ်ခုဖြစ်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

Image Source :

https://play.google.com/store/apps/details?id=com.bigfishgames.cookingcrazegooglef2p

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password