
90s kid တွေသာမက 2k born လေးတွေပါအသည်းစွဲဖြစ်ခဲ့ရတဲ့ Contra နဲ့ Konami ညီနောင်ဂိမ်းကတော့ ပြီးခဲ့တဲ့ရက် အနည်းငယ်ကပဲ Mobile အတွက် ထွက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ Contra: Return ဆိုတဲ့ အမည်နဲ့ SEA server အချို့မှာထွက်ရှိလာခဲ့တာပါ။
Contra: Return ရဲ့ gameplay ပုံစံဟာတော့ ကျွန်တော်တို့ငယ်ငယ်က Family ဂိမ်းမှာဆော့ခဲ့တဲ့ပုံစံကိုပဲအခြေခံထားတာဖြစ်ပါတယ်… လမ်းတစ်လျှောက်ကရန်သူတွေကို တိုက်ခိုက်ပြီးသတ်မှတ်ထားတဲ့ နေရာသွားရမှာတွေ၊ သူငယ်ချင်းတစ်ယောက်နဲ့ 2 player ဆော့ကစားနိုင်မှာတွေ အစရှိတာတွေအားလုံးက အတူတူပဲဖြစ်နေမှာပါ။
ရုပ်ထွက်ပိုင်းကပိုမိုကြည်လင်ကောင်းမွန်လာတဲ့အပိုင်းတွေ၊ ကစားရမယ့် Map တွေ၊ Contra နဲ့ Konami ညီနောင်တင်မက Hero Character ပေါင်း ၂၀ အထိရွေးချယ်ကစားနိုင်တာတွေ၊ အလန်းစား လက်နက်တွေနဲ့ Ultimate တွေပါဝင်လာတာ အစရှိတာတွေကတော့ အရင် version တွေနဲ့ ကွာဟသွားတဲ့အချက်တွေပါ။ ကျွန်တော်အကြိုက်ဆုံးနဲ့ အရင် version တွေမှာမပါဝင်ခဲ့တဲ့ Feature ကတော့ PvP (Player vs Player) ပါ။ 1 Vs 1, 2 Vs 2, 3 Vs 3 အစရှိတဲ့ပုံစံမျိုးနဲ့ PvP mode ကိုအခန်းတစ်ခုထဲမှာ အပီအပြင် ကြိတ်နိုင်မှာကြောင့် တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ Feature လို့ဆိုပါရစေ။ ကိုယ့်ရဲ့ ငယ်ချစ်ဉီးဂိမ်းလေးကို upgrade လုပ်ထားတဲ့ပုံစံမျိုးဖြစ်တာကြောင့် ကစားသူတွေကြိုက်နှစ်သက်လိမ့်မယ်လို့အာမခံပါတယ်။
PvP mode Gameplay!
Contra: Return ကတော့ လက်ရှိမှာတော့ SEA server အချို့ဖြစ်တဲ့ Singapore, Malaysia, Philippines, Indonesia နဲ့ Thailand တို့မှာပဲထွက်ရှိပါသေးတယ်။ ဂိမ်းကတော့ Android နဲ့ iOS နှစ်မျိုးလုံးအတွက်ထွက်ရှိလာတာဖြစ်ပြီး ဆော့ကစားလိုတဲ့ မိတ်ဆွေတွေအနေနဲ့ ကိုယ့်ရဲ့ Playstore/ Apple store က ဖော်ပြထားတဲ့ SEA server ကမဟုတ်ဘူးဆိုရင် VPN app တစ်ခုခုနဲ့ VPN ကျော်ဖို့တော့လိုအပ်ပါလိမ့်မယ်။
Ref: Droidgamers