Reviews

စိတ်ဝင်စားဖို့ကောင်းတဲ့ Strategy ဂိမ်းတွေထဲက တစ်ခုဖြစ်တဲ့ sandbox RTS Total Warfare – Epic Kingdoms

ဘော်ဒါတို့ရေ… အခုရက်ပိုင်းတွေမှာ ဘယ်ဂိမ်းတွေများ ကစားနေကြလဲ??? ကစားနေတဲ့ဂိမ်းလေးတွေကို အက်မင်နဲ့ ဖလှယ်ရအောင်လေ…
အက်မင် အကြိုက်တွေ့မိနေတဲ့ ဂိမ်းလေးတွေထဲက တစ်ခုကတော့ Total Warface -Epic Kingdoms ဖြစ်ပါတယ်။ သူကို မိုလ်ဘိုင်းနဲ့ ကစားနိုင်အောင် ဒီဇိုင်းဖော်ဖန်တီးထားပေမယ့် ဂိမ်းထဲမှာတွေ့ရမယ့် ကမ္ဘာကြီးက အဆုံးမဲ့ အကြီးကြီးပါပဲ။ ဘယ်လိုတောင် မိုက်လဲဆိုတာကို အောက်က trailer လေးထဲမှာ ကြည့်လိုက်ပါဦး။

Total Warfare – Epic Kingdoms ဟာဆိုရင် လှပခန့်ညားတဲ့ 3D ရုပ်ထွက်ကြောင့် တကယ့်အပြင်မှာ တိုက် ခိုက်နေရသလို ခံစားမိစေမယ့် real-time sandbox RTS ဂိမ်းဖြစ်ပါတယ်။ သင်ရောက်ရှိနေတဲ့ ဂိမ်းထဲက ကမ္ဘာမှာ အချိန်မရွေး အတိုက်ခိုက်ခံရနိုင်ပါတယ်။ ဂိမ်းထဲမှာ သင်လုပ်ဆောင်ရမယ့် အဓိက ရည်ရွယ်ချက်က နိုင်ငံ ၃ခုကို မဟာမိတ်ပြု ခြင်း ၊ တိုက်ပွဲတွေကို အနိုင်ယူခြင်း ၊ ကျိန်စာမိနေတဲ့ မြို့ကို ထိန်းသိမ်းခြင်း နှင့် ယေဘုယျအားဖြင့် ဂျူးလိယက်ဆီဇာ ရဲ့ ခေါင်းဆောင်မှုနဲ့ စည်းရုံးမှု စွမ်းရည်အတိုင်း ဆောင်ရွက်ပေးရမှာပါ။

ဂိမ်းထဲမှာဆိုရင် playerက မြင်းတပ်၊ လေးသည်တော် နဲ့ ခြေလျင်တပ် တို့သာမက အထူး စစ်သည်တော် ရာချီထဲမှ စိတ်ကြိုက် ဟီးရိုး ဇာတ်ကောင်ကို ရွေးချယ်ပြီး ကွပ်ကဲ အုပ်ချုပ်နိုင်မှာဖြစ်ပါတယ်။

Total Warface – Epic Kingdoms က လုံးဝကို epic ဂိမ်းစစ်စစ်ဖြစ်ပါတယ်။ သူ့ကို Google Play နဲ့ Play Store တို့မှာ အခမဲ့ ဒေါင်းလုတ်ရယူနိုင်ပါတယ်။

Source – https://www.droidgamers.com

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password