Reviews

အနိုင်ရလိုစိတ် ပြင်းထန်မယ့် Star Wars: Rivals

အပစ်အခတ် ဂိမ်းများကို သဘောကျတဲ့ မိတ်ဆွေများအတွက် ဂိမ်းလေးတစ်ခု သယ်ဆောင်လို့လာခဲ့ပါပြီ။ Disney နဲ့ Lucasfilm တို့ပူးပေါင်းပြီးတော့ Star Wars: Rivals အမည်ရတဲ့ ဂိမ်းတစ်ခုကို third person shooter ပုံစံနဲ့ mobile platform ပေါ်မှာ ရောက်ရှိလို့နေပါတယ်။ မိတ်ဆွေများကို နှစ်သက်စေမယ့် ဂိမ်းကတော့ PvP (Player Vs Player) ပုံစံဖြစ်တယ့်အတွက်ကြောင့် အများနဲ့ ယှဉ်ပြိုင်ရဖို့တော့ ရှိနေပါတယ်။

Online နဲ့ချိတ်ဆက်ပြီး လူအများနဲ့ ယှဉ်ပြိုင် အနိုင်ယူရမယ့်အတွက် တစ်ယောက်နဲ့တစ်ယောက် Rank ကွာဟမှုများလည်း ရှိနေမှာဖြစ်ပါတယ်။ မိတ်ဆွေအနေနဲ့ မိမိကြိုက်နှစ်သက်တဲ့ Heroes များကို ရွေးချယ်ပြီး Battles များဝင်ရောက်ရမှာဖြစ်တဲ့အတွက် သင့်အနေနဲ့ Team Squad တောင့်တောင့် တင်းတင်းနဲ့ တစ်ဖက် လူကို အနိုင်ယူတိုက်ခိုက်ရမှာဘဲ ဖြစ်လို့နေပါတယ်။

Battles များမှာလည်း တစ်ယောက်နဲ့တစ်ယောက် Strategy နည်းဗျူဟာများ ဖြင့်တိုက်ခိုက်ရင်း မိမိရဲ့ Team Squad ထဲက Heroes များကိုလည်း Swap ပြုလုပ်ရင်း ဆော့ကစားနိုင်တဲ့အတွက် ထူးခြားကောင်းမွန်မှု ရှိလို့နေပါတယ်။Arenas တစ်ခုချင်းစီကျော်ဖြတ်ရင်း သင့်အတွက် hero characters များဟာလည်း unlock စနစ်များနဲ့ဆိုတော့ ရင်ခုန်ဖို့တော့ ရှိနေပါတယ်။ ထို့ထက်သာမက အရေးကြီး အသုံးဝင်မယ့် လက်နက် များဟာလည်း unlock ကနေ ရရှိနိုင်မှာဖြစ်ပါတယ်။

စိတ်ဝင်စားစရာ ကောင်းတဲ့ ဒီအပစ်အခတ်ဂိမ်းကိုတော့ Competetive ပုံစံနဲ့ဆိုတော့ မိတ်ဆွေအနေဖြင့်နိုင်လိုစိတ် ပြင်းထန်မှုနဲ့အတူ ဆော့ကစား ဖို့အတွက်တော့ လိုအပ်မှုကတော့ ရှိနေမှာဆိုတဲ့အကြောင်း စကားဆိုရင်း မိတ်ဆွေများအတွက် ဂိမ်းတစ်ခုကို ယူဆောင်လာခဲ့ရပါတယ်။

ဒီဂိမ်းကိုတော့ mobile platform ပေါ်မှာ Free to play အနေနဲ့ Android နဲ့ IOS များမှာ ရယူနိုင်ပါပြီဆိုတဲ့အကြောင်း Playon မိတ်ဆွေများအတွက် အသိပေးလိုက်ရပါတယ် ခင်ဗျာ. . . . . . . . . . . . . . . ။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password