News

ဒီဇင်ဘာလ ၄ရက်နေ့မှာ Android နဲ့ iOS အတွက် Command and Conquer : Rivals ထွက်ရှိလာမယ်လို့ EA အတည်ပြု

ဇွန်လမှာ မိတ်ဆက်ခဲ့တဲ့ Command & Conquer :Rivals mobile ကို ဒီဇင်ဘာလ ၄ရက်နေ့မှာ Android နဲ့ iOS တွေအတွက် ကစားနိုင်တော့မယ်လို့ EA က အတည်ပြုလိုက်ပါပြီ။ Command & Conquer: Rivals ရဲ့ beta ဗားရှင်းကတော့ ထွက်ရှိလို့နေပါပြီ။ သူ့ကို ကစားချင်ရင် တော့ Google Play မှာ download လုပ်လို့ရနေပါပြီ။

ဒါပေမယ့် beta ဗားရှင်းဖြစ်တာကြောင့် stable ဗားရှင်းလောက်တော့ ဘယ်ကောင်းပါ့မလဲနော်။ EA ပြောထားတဲ့အတိုင်း ဒီဂိမ်းလေးက phone နဲ့ tablet တွေအတွက် ဒီဇိုင်းဖော်ဖန်တီးထားတဲ့ real-time strategy action ဂိမ်းဖြစ်ပါတယ်။ Command & Conquer: Rivals အတွက် EA မှ ပြိုင်ပွဲတွေနဲ့ championship pro scene ပရိုဂရမ်တွေ ပြုလုပ်ပေးဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

ဂိမ်းထဲမှာ player တွေက နက်ရှိုင်းတဲ့ Gameplay အတွေ့အကြုံနဲ့ strategy တွေပါဝင်တဲ့ unit တွေကို ၁၀၀ရာခိုင်နှုန်းထိန်းသိမ်းပြီး အနိုင်ရရှိဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ Player က ဦးဆောင်ဖို့ရွေးချယ်လိုက်တဲ့ commander တစ်ယောက်ချင်းစီမှာ စွမ်းဆောင်ရည်ပြည့်ဝတဲ့ ability တွေပါရှိမှာဖြစ်ပြီး အဲ့ဒီစွမ်းရည်တွေနဲ့ player ရဲ့ strategy ကို လွှမ်းမိုးချုပ်ကိုင်နိုင်မှာပါ။

အကောင်းဆုံး ရလာဒ်တွေ ရရှိဖို့ infantry ,tanks နဲ့ aircraft unit တွေကို ပေါင်းစပ်နိုင်မှာဖြစ်ပါတယ်။ သာမန်အားဖြင့် player က သူ့ရဲ့ စစ်တပ်ကို ရွေးချယ်ထားတဲ့ commander ရဲ့ ပြိုင်စံရှားစွမ်းရည်နဲ့ မဟာမိတ်ပြုရမှာဖြစ်ပါတယ်။

Pre-register လုပ်ထားသူများအနေနဲ့ ဒီဇင်ဘာလ တရားဝင် ထွက်ရှိလာတဲ့အချိန်မှာ Titan unit, Diamonds နဲ့ credit တွေပါဝင်တဲ့ Early Bird Bundle ကို ရရှိမှာ ဖြစ်ပါတယ်။

ကဲ့ …ဘော်ဒါတို့ရေ… ဘာကိုစောင့်နေတာလဲ???အခုချက်ချင်းပဲ မတိမ်းမစောင်း ဗိန်းမောင်း ပြေး pre-register လုပ်ထားလိုက်ကြပါတော့နော်။B)B)

Pre-register link – Register

 

Source – https://www.phonearena.com

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password