ArticleNews

Mobile Platform ပေါ်ကို ရောက်ရှိလာတော့မယ့် Command & Conquer: Rivals

လူငယ်တွေကြားမှာ General ဆိုပြီး ရေပန်းစားတဲ့ Command & Conquer ဂိမ်းဟာ Command & Conquer : Rivals ဆိုတဲ့ Version နဲ့အတူ Mobile Platform အတွက် Pre-register လုပ်ယူနိုင်ပြီ ဖြစ်ပါတယ်။

ဂိမ်းရဲ့ သဘာဝကတော့ စစ်တပ်တစ်ခုတည်ထောင်ပြီး ပြိုင်ဘက်စခန်းတွေကို တိုက်ခိုက်သိမ်းယူရမှာဖြစ်သလို ပင်မအဆောက်အအုံ မပြိုလဲအောင်လည်း ခံတပ်တွေ ဆောက်ပြီး ကာကွယ်ရမှာ ဖြစ်ပါတယ်။ ခေတ်မီ လက်နက်၊ အဆောက်အအုံ တွေကို အသုံးပြုထားသလို၊ တင့်ကားတွေ၊ ဒရုန်းတွေ၊ နျူကလိယ ဓာတ်ပေါင်းဖိုတွေပါ ပါတဲ့အတွက် Modern War တစ်ခုလို မြင်တွေ့ရမှာပါ။

Real-Time Strategy ဆိုတဲ့ အတိုင်း internet နဲ့ ချိတ်ဆက်ပြီး Online Player တွေအချင်းချင်း ယှဉ်ပြိုင်ရမယ့် ဂိမ်းပါပဲ။ Pre-Alpha version အဆင့်မှာပဲ ရှိနေသေးတဲ့အတွက် Player ဘယ်နှစ်ယောက်ထိ ချိတ်ဆက်ကစားနိုင်မလဲ မသိရသေးပါဘူး။

အခုချိန်ကနေ Pre-register လုပ်မယ်ဆိုရင် ဂိမ်းထွက်တဲ့ နေ့မှာ Credits၊ Diamonds၊ Bundles အစရှိတာတွေကို ဂိမ်း Install လုပ်ပြီး Google Play Games နဲ့ချိတ်ပေးလိုက်ရုံနဲ့ လက်ဆောင်တွေ ပေးသွားမှာ ဖြစ်ပါတယ်။ Register လုပ်ထားတဲ့ Google Account နဲ့ Sign Up လုပ်တဲ့ Account တူဖို့တော့ လိုပါတယ်။

လက်ရှိ ဂိမ်းကုမ္ပဏီတွေကလည်း PC platform မှာ အောင်မြင်မှုရထားတဲ့ ဂိမ်းတွေကို Mobile ဘက်ကို ကူးပြောင်းနေကြတဲ့အတွက် PC မှာ အောင်မြင်မှု သရဖူဆောင်းထားတဲ့ Command & Conquer ကကော Mobile မှာ အောင်မြင်မှု ရနိုင်မလား? သင်တို့ရဲ့ အမြင်တွေကိုလည်း Comment မှာ ချရေးခဲ့ကြပါဦး။

Pre-register here!

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password