ArticleNews

Official ထွက်ရှိလာပြီး Region တိုင်းမှာဆော့ကစားနိုင်မယ်ဆိုတဲ့ Command & Conquer: Rivals 

Command & Conquer: Rivals ကတော့ ပြီးခဲ့တဲ့ ဇွန်လတုန်းကကျင်းပခဲ့တဲ့ E3 2018 ပွဲမှာမိတ်ဆက်ခဲ့တဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ သူ့ရဲ့ Beta version ကတော့ထွက်တာကြာနေပြီဖြစ်ပေမယ့် Official version ကတော့ ပေးထားတဲ့ကတိအတိုင်း ဒီဇင်ဘာ ၄ ရက်နေ့ကထွက်ရှိလာခဲ့တာဖြစ်ပါတယ်။ စစချင်းထွက်ရှိလာတဲ့ ပေါက်စ ဂိမ်း (သို့) Application တော်တော်များများက region တိုင်းမှာ Available မဖြစ်တတ်ကြပေမယ့် Command & Conquer: Rivals ကတော့ စစချင်းထွက်လာကတည်းက Region တိုင်းမှာကစားနိုင်မယ်လို့သိရပါတယ်။ Region တိုင်းမှာ Available ဖြစ်တာ android အတွက်ပဲလို့ပြောထားပေမယ့် iOS မှာလည်းကျွန်တော်စမ်းကြည့်သလောက် region တော်တော်များများမှာရပါတယ်။ 😁)

ဒီဂိမ်းကတော့ Strategy အသုံးပြုပြီး စစ်တိုက်ရတဲ့ဂိမ်းအမျိုးအစားဖြစ်ပါတယ်။ ကိုယ့်ရဲ့ စစ်တပ် unit တွေကိုထိန်းချုပ်ပြီး ရန်သူခံတပ်ကို သွားရောက်တိုက်ခိုက်၊ Resource တွေသိမ်းပိုက် အစရှိတာတွေပြုလုပ်ပြီးဆော့ကစားရမှာဖြစ်ပါတယ်။ မိတ်ဆွေက ကွန်မန်ဒါ နေရာ Third person view ကနေဆော့ကစားရမှာပါ၊ Gameplay ပိုင်းက မြင်သာအောင်ပြောရရင် Clash Royale လိုပါပဲ။ ဆိုတော့ ဒီဂိမ်းက Real-Time strategy (RTS) ဂိမ်းတွေကြိုက်နှစ်သက်သူတွေအတွက်ဖြစ်ပါတယ်။

RTS ဂိမ်းတွေနဲ့ သိပ်မရင်းနှီးသေးတဲ့ Newbie လေးဆိုရင်တော့ အောက်က Command & Conquer: Rivals ရဲ့ beginner gaming guide လေးကိုကြည့်သွားသင့်ပါတယ်။ RTS ဂိမ်းတွေနဲ့ အကျွမ်းတဝင်ရှိနေပြီးသားဆိုရင်တော့ ဒီ guide ကိုကျော်ပြီးဆော့လို့ရပါတယ်။ (ကျွန်တော်ဆော့ကြည့်တာတော့ အဆင်ပြေပါတယ်။ 😁)

Download link – Android/ iOS

Source

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password