News

ဘယ်လိုအရာတွေနဲ့ ရောက်လာမှာလည်း မသိသေးတဲ့ Nintendo ရဲ့ Mario Kart Tour

ဂိမ်းများစွာနဲ့ အောင်မြင်မှုများကို ပိုင်ဆိုင်ထားတဲ့ Nintendo ကတော့ ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။ ဘာလည်းဆိုတော့ သူတို့အနေနဲ့ mobile platforms များပေါ်ကို တဖန်ရောက်ရှိလာမှာဘဲ ဖြစ်ပါတယ်။ Mario Kart Tour လို့ အမည်ပေးထားတဲ့ ဂိမ်းဟာ ၂၀၁၉ မတ်လ လောက်မှာ ရောက်ရှိလာဖို့ ရှိတယ်လို့ ခန့်မှန်းရမယ့် official anounment တစ်ခုကိုတော့ Nintendo ရဲ့ Twitter မှာတွေ့ရမှာ ဖြစ်ပါတယ်။

ဘယ်လိုပုံစံတွေနဲ့ မိုလ်ဘိုင်း platform ပေါ်ရောက်လာမလည်းဆိုတာကတော့ ရင်ခုန်စွာနဲ့ စောင့်နေရအုံးမှာပါ။ အောင်မြင်မှုများစွာကို ပိုင်ဆိုင်ထားတဲ့ Nintendo အနေနဲ့ ကျွန်တော်တို့အတွက် အကောင်းတကာ့ အကောင်းဆုံး ယူဆောင်လာမယ်ဆိုတာကိုတော့ ယုံကြည်ပါတယ်။ အခုလောလောဆယ်ကတော့ ကျွန်တော်တို့ အနေနဲ့ ဝေဖန်သုံးသပ်ဖို့ စောအုံးမှာလည်း ဖြစ်တယ့် အပြင် Nintendo အနေနဲ့လည်း အမြန်ဆုံး game develop များပြုလုပ်နေတာ ဖြစ်ပြီးတော့ ကျွန်တော်တို့ဆီကို ရောက်လာမှာပါ။

ရှေ့က ထွက်ရှိထားတဲ့ Nintendo ဂိမ်းများနဲ့ ကွဲပြားမှု အနည်းငယ်တော့ ပါဝင်နေမယ်ဆိုတာ ကတော့ သေချာမှာပါ။ ဘယ်လိုဘဲ ဖြစ်ဖြစ် ကျွန်တော်တို့ 90s born များရဲ့ အသည်းကျော် Mario အနေနဲ့လည်း Nintendo နဲ့ ပူးပေါင်းပြီး ရောက်ရှိလာမယ်ဆိုတော့ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ဂိမ်းကိုတော့ Mobile platform များမှာ နေရာယူဖို့ ရှိနေတယ်ဆိုတဲ့ အတွက်ကြောင့် ရောက်ရှိလာမယ့် အချိန်ကို စောင့်မျှော်ရင်း ရှေ့ဆက်သတင်းများ ကိုလည်း အချိန်နဲ့ တပြေးညီ ဖော်ပြပေးဖို့ ရှိနေတဲ့အတွက် Playon မိတ်ဆွေများအနေနဲ့ ကျွန်တော်တို့လည်း အတူ ရှိနေကြဖို့ ဖိတ်ခေါ် လိုက်ရပါတယ်ခင်ဗျာ. . . . . . . . ။

Resource :

Nintendo of America

Nintendo Everything

Droid Gammers

 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password