News

Android Platform ပေါ် နေရာယူဖို့ ရှိနေတဲ့ Breakers: Dawn of Heroes

စိတ်ဝင်စားဖွယ်ကောင်းတဲ့ JRPG ဂိမ်းတစ်ခုတစ်ခုကတော့ မကြာမှီ mobile platform ပေါ်မှာရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ Breakers: Dawn of Heroes အမည်ရတဲ့ ဂိမ်းဟာ အခုလောလောဆယ်မှာကတော့ play store ပေါ် beta အနေနဲ့ unreleased အဖြင့် ရောက်ရှိနေပြီ ဖြစ်တဲ့ အတွက် ရောက်ရှိလာတော့မှာ မကြာတော့ဘူးလို့ ထင်မြင်မိပါတယ်။

 In game မှာကတော့ Player အနေနဲ့ အထက်တန်း ကျောင်းသားလေး နေရာကနေဆော့ကစားရမှာ ဖြစ်ပြီး မိမိရဲ့ မြို့ထဲမှာ စုံစမ်းစစ်ဆေးမှုတွေကို လုပ်ဆောင်ရမှာလည်းဖြစ်ပါတယ်။ ထို့ထက်သာမက မကြာမှီ အန္တရာယ်ဆိုးကြီးတွေ ကျရောက်လာမှာအတွက်ကြောင့် မိမိနည်းတူ အခြားကျောင်းသားများလည်း ပါဝင်ဖို့အတွက် Team တစ်ခုကို ဖွဲ့စည်းရမှာလည်း ဖြစ်ပါတယ်။

ဒီဂိမ်းရဲ့ စိတ်ဝင်စားဖွယ်ကောင်းနေတာကတော့ မိတ်ဆွေအနေနဲ့ ဘဝ နှစ်ခုကို ပိုင်ဆိုင်ရမှာ ဖြစ်ပြီးကျောင်းသားအဖြစ်နဲ့ နေ့လည်ဖက် မှာ သွားလာလှုပ်ရှားပြီး ညဖက်မှာကတော့ superhero များအဖြစ်နဲ့ တာဝန်များကို ထမ်းဆောင်ဖို့ ရှိနေပါတယ်။ ဒီလို ဂိမ်းမျိုးဟာ အခြားဂိမ်းများနဲ့ မတူညီဘဲ ကွဲထွက်နေသလို ဖြစ်တာကြောင့် စိတ်ဝင်စားမှုကို အမှန်တကယ် တိုးပွားစေတာလည်း မဟုတ်လားဗျာ။

ဆန်းသစ်တီထွင်ထားတဲ့ control စနစ်ကြောင့် ရွှေ့လျားမှုတွေကို အလွယ်တကူ လှုပ်ရှားနိုင်မှာလည်း ဖြစ်ပါတယ်။ ဂိမ်းအနေနဲ့ မိမိတစ်ယောက်တည်း ဆော့ကစားလိုသူတွေအတွက် single player campaign ပါရှိမှာ ဖြစ်ပြီး အခြားမတူညီတဲ့ multi player mode များလည်း ပါဝင် ထည့်သွင်းထားတဲ့ အတွက်ကြောင့် စိတ်ဝင်စားဖွယ် ဖြစ်နေပါတယ်။

ဒီဂိမ်းကိုတော့ လတ်တလော Google play store မှာ unreleased အနေနဲ့ ရောက်ရှိတဲ့ အတွက်ကြောင့် မကြာမှီ အချိန်အတောအတွင်းမှာ ရောက်ရှိလာတော့မယ်ဆိုတာ ယုံကြည်ပါတယ်။ JRPG အနေနဲ့ ဘယ်လို ဆန်းသစ်မှုတွေနဲ့ အတူ ကျွန်တော်တို့အတွက် စိတ်ဝင်စားဖွယ်ရာများကို သယ်ဆောင်လာမလည်း ဆိုတာ စောင့်မျှော်ရင်း Playon မိတ်ဆွေများအနေနဲ့ အတူရှိနေဖို့ ခေါ်ဖိတ်လိုက်ရပါတယ်။

Check it out: Google Play Store

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: