ArticleNewsReviews

FPS VR ဂိမ်း ‘Colonicle’ ကို ထုတ်လုပ်လိုက်တဲ့ Fake EYES

ဒီတစ်ခေါက်မှာတော့ Playon က ဘော်ဘော်တို့ကို FAKE EYES က မကြာခင်တုန်းက ထုတ်လုပ်လိုက်တဲ့ COLONICLE ဆိုတဲ့ VR FPS ဂိမ်းလေး တစ်ခုနဲ့ မိတ်ဆက်ပေးမှာဖြစ်ပါတယ်။ Colonicle က မိုဘိုင်လ်း VR FPS ဂိမ်းဖြစ်ပြီး သူ့ထဲမှာ player ၈ ယောက် က Gear VR, Cardboard VR, Oculus Go တို့နဲ့အတူ ယှဉ်ပြိုင်တိုက်ခိုက်နိုင်မှာပါ။

သူ့ကို ထုတ်လုပ်တဲ့ FAKE EYES က တောင်ကိုရီးယားအခြေစိုက် VR ဂိမ်းတွေကို ထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ FAKE EYES company က အမျိုးအစားစုံလင်တဲ့ Social Content update အသစ်တွေဖြစ်တဲ့ Voice chat function, Clan war နဲ့ Ranking တို့အတွက် ပြင်ဆင်နေတာဖြစ်ပါတယ်။ အားလုံးထဲမှာ အထူးခြားဆုံးတစ်ခုက VR – Esports ပြိုင်ပွဲတွေကို အနာဂတ်မှာ ပြုလုပ်ဖို့ စီစဉ်နေတာပါ။ အကယ်၍သင်က VR ဂိမ်းတွေကို စျေးနှုန်းကြောင့် ဗျာများပြီး မကစားနိုင်ရင် Colonicle ကိုရွေးချယ်သင့်ပါတယ်။

ဂိမ်းထဲမှာ တစ်ဖွဲ့မှာ ၄ယောက်စီနဲ့ စုစုပေါင်းလူ ၈ယောက်ဆီ ကွဲပြားတဲ့ မစ်ရှင်တွေကို ဆော့ကစားနိုင်မှာပါ။ Maps ထဲမှာ ဂိမ်းကစားရာမှာ ကူညီပေးနိုင်တဲ့ Death Match နဲ့ Occupation Match ဆိုပြီး ပါဝင်ပါတယ်။ ဒါ့အပြင် လက်နက်ကိရိယာ ၁၀ မျိုးကျော်နှင့်အတူ နည်းဗျူဟာတွေကို တည်ဆောက်ပြီး ရန်သူတွေကို ဆန့်ကျင်တိုက်ခိုက်နိုင်ပါတယ်။ ဒါ့အပြင် VR ဂိမ်းဖြစ်တာကြောင့် Wireless controllers တွေနဲ့ပေါင်းပြီး VR အရသာကို အပြည့်အဝခံစားရမှာပါ။ နမူနာ ဗီဒီယိုလေးကိုတော့ အောက်မှာကြည့်သွားနိုင်ပါတယ်။

ဂိမ်းပုံစံလေးက FPS အရသာအပြင် Virtual Reality ရဲ့ ကောင်းမွန်တဲ့ ပုံစံကို အပြည့်အဝခံစားချင်တဲ့သူတွေ နှစ်သက်မယ့် ပုံစံလေးပါ။ စျေးကြီးတဲ့ PC တွေနဲ့ HMD VR device တွေဝယ်စရာမလိုပဲ wireless controller တွေဖြစ်တဲ့ Xbox Bluetooth Controller နဲ့ DualShock4 Bluetooth Controller တို့နဲ့အတူ လွယ်ကူစွာ ကစားနိုင်တဲ့ဂိမ်းလေးဖြစ်တာကြောင့် VR fan တွေရွေးချယ်သင့်ပါတယ်။ App ကို Oculus Store, Google Play Store နဲ့ Amazon app store တို့မှာ အခမဲ့ ဒေါင်းလုတ်ရယူနိုင်ပါတယ်။ဂိမ်းအမျိုးအစားလေးကတော့ Action/Fightin/Shooter ဖြစ်ပါတယ်။

Download link – Android

Source

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password