ထူးခြားတဲ့ Collaboration: ‘Angry Birds Evolution’ x ‘Iron Maiden’

Rovio Entertainment ရဲ့ နောက်ဆုံးကြေညာချက်ဟာ Angry Birds ပရိသတ်တွေသာမက Metalhead တွေကိုပါ အံ့အားသင့်သွားစေခဲ့ပါတယ်။ အဲဒါကတော့ သူ့ရဲ့ဂိမ်းတစ်ခုဖြစ်တဲ့ Angry Birds Evolution အတွက် Halloween Event ကို နာမည်ကျော် Heavy Metal အဖွဲ့တစ်ခုဖြစ်တဲ့ Iron Maiden နဲ့ Collaborate လုပ်လိုက်တာပဲ ဖြစ်ပါတယ်။

ဒီ Collaboration မှာ Iron Maiden ရဲ့ Mascot ဖြစ်တဲ့ Eddie ဟာ Angry Birds Evolution ထဲကို ကစားလို့ရတဲ့ Character တစ်ယောက်အနေနဲ့ ပါဝင်လာမှာဖြစ်ပါတယ်။ အောက်တိုဘာ ၁၈ ကနေ ၃၁ ရက်နေ့အထိကြာမြင့်မယ့်ဒီ Event မှာ Eddie the Bird ကို ရရှိအောင် ဆော့ကစားနိုင်ခဲ့မယ်ဆိုရင် ဒီ Character ကို သင့် Account ထဲမှာ Permanent အနေနဲ့ ပိုင်ဆိုင်ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ Eddie the Bird မှာ Evolution အဆင့် ၄ ဆင့်ပါဝင်မှာဖြစ်ပြီး အဆင့်တိုင်းဟာ Iron Maiden ရဲ့ သီချင်း Album တွေဖြစ်တဲ့ Killers ၊ Powerslave ၊ Somewhere in Time နဲ့ Book of Souls တို့ကို မှီငြမ်းထားတာဖြစ်ပါတယ်။ ဒါတင်မကပါဘူး၊ ကျွန်းတစ်ခုလုံးကိုလည်း Halloween နဲ့ Heavy Metal ဒီဇိုင်းတွေနဲ့ အလှဆင်ထားဦးမှာပါ။

“ကျွန်တော်တို့အဖွဲ့မှာ Iron Maiden ပရိသတ်တွေအများကြီးပါတယ်ဗျ။ ဒါကြောင့် Eddie ကို ဒီ Event အတွက်ရွေးချယ်ဖြစ်ခဲ့တာပါ။” လို့ VP နဲ့ Angry Birds Evolution ရဲ့ Product Lead ဖြစ်သူ Miika Tams က ပြောကြားခဲ့ပါတယ်။ Rock လောကရဲ့ အထင်ကရအဖြစ်ဆုံး Mascot ဖြစ်တဲ့ Eddie တစ်ယောက် Eddie the Brid အသွင်နဲ့ မိုက်လား မမိုက်လားကတော့ အောက်မှာကိုယ်တိုင်သာ ရှုစားကြည့်လိုက်ပါ။ Event က ၂ ပတ်ပဲကြာမြင့်မှာဖြစ်လို့ ဒီနေရာ ကသွားဒေါင်းပြီး အချိန်မှီ Eddie the Bird ကို ရယူလိုက်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password