Reviews

ကမ်းရိုးတန်းစစ်ပွဲများဆီသို့ Forces of Freedom(Early Access)

အသင်းအဖွဲ့နဲ့ကမ်းရိုးတန်းတလျှောက်မှာ ပစ်ခတ်ဆော့ကစားရမယ့် Shooting ဂိမ်းအမျိုးအစားတစ်ခုလို့ဆိုရမှာ ဖြစ်ပါတယ်။ ဆော့ကစားသူအနေနဲ့ကတော့ sniper သို့မဟုတ် rifile သေနတ်သမားတစ်ယောက် အနေနဲ့ online ပေါ်မှာရှိတဲ့ အခြားသော player များနဲ့ ပစ်ခတ်ရမှာဖြစ်တဲ့ အတွက် စိတ်ဝင်စားဖွယ် ကောင်းလို့နေပါတယ်။

မတူညီကွဲပြားတဲ့ မြေပုံများပါဝင်နေတဲ့ အတွက်ကြောင့် မိတ်ဆွေကို ပျင်းရိ ငြီးငွေ့စေမှာ မဟုတ်ပါဘူး။backgroud music ဟာလည်း မိမိကိုယ်တိုင် စစ်ပွဲအတွင်း သွားရမယ့် စစ်သားတစ်ယောက်လို ခံစားမှုပေးနေပါတယ်။ အပစ်အခတ် ဂိမ်းကိုသဘောကျတဲ့ ကျွန်တော်ကတော့ ရယူထားပြီ ဖြစ်တဲ့အတွက် ကျွန်တော့်နည်းတူ shooting ဂိမ်းကို သဘောကျနှစ်သက်တဲ့ မိတ်ဆွေများအဖို့ သတင်းစကားပါးလိုက်ရပါတယ်။

Free to play ဖြစ်တဲ့အပြင် (Android နဲ့ IOS) Platform နှစ်မျိုးလုံးမှာ ရယူနိုင်တဲ့အတွက် မိတ်ဆွေအတွက် အသိပေးရင်း ရောက်ရှိတဲ့ တိုက်ပွဲတိုင်းမှာ အောင်ပန်းဆင်မြန်းနိုင်ဖို့ ဆန္ဒပြုလိုက်ရပါတယ်။

 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password