ချစ်စရာကောင်းတဲ့ Ninja လေးနဲ့တွေ့ဆုံချင်သူများအတွက် Clumsy Ninja!

ဒီဂိမ်းမှာမိတ်ဆွေစတင်တွေ့မြင်ရမှာကတော့Ninjaတွေထဲမှာချစ်စရာအကောင်းဆုံးနဲ့ပျော်ပျော်နေတတ်တဲ့ Clumsy Ninja လေးဘဲဖြစ်ပါတယ်။ မိတ်ဆွေကသူ့ကို လေ့ကျင့်ပေးနိုင်ပါတယ်။ မိတ်ဆွေစိတ်သောကရောက်နေချိန်မှာလည်း Ninja လေးကမိတ်ဆွေစိတ်ပျော်အောင်နေပေးပါလိမ့်မယ်။မိတ်ဆွေဒေါသထွက်နေချိန်မှာလည်း စိတ်ကြိုက်ကိုင်ပေါက်နိုင်ပါတယ်။ ဒါပေမဲ့သက်သက်ညာညာလုပ်ဖို့တော့အကြံပေးပါရစေ။ ဘာလို့လဲဆိုတော့ Ninja လေးက Interactive Character ဖြစ်နေတော့ အာရုံခံနိုင်လို့ပါပဲ။ တစ်နည်းပြောရင်စိတ်ခံစားချက်ရှိတယ်ပေါ့ဗျာ။

 .                               

အရင်တုန်းကထွက်ရှိထားတဲ့Talking Tom Cat ဆိုတဲ့ မိတ်ဆွေပြောတဲ့စကားကိုလိုက်ပြောတဲ့စကားပြောကြောင်လေးကိုသိမှာပါ။ အဲဒီ Tommy ကလည်း Interactive Character တွေထဲကတစ်ကောင်ပါပဲ။အခု Clumsy Ninja ဟာ Tommy  တို့လို Interactive Character တွေရဲ့ Generation အသစ်လို့ပြောလို့ရပါတယ်။ ဒါ့အပြင်မိတ်ဆွေက Ninja လေးရဲ့ပျောက်ဆုံးနေတဲ့သူငယ်ချင်းဖြစ်သူ Kira ကိုလည်းကူညီရှာဖွေပေးရမှာပဲဖြစ်ပါတယ်။ မိတ်ဆွေက Ninja နဲ့ Kira အပြင်အခြား Character တွေဖြစ်တဲ့  Sensei, Chicken, Squirrel, Banished Ninja တွေကိုလည်းမြင်တွေ့ရဦးမှာပါ။ ဂိမ်းအစမှာ အဖိုးတစ်ယောက်ကိုတွေ့ပါလိမ့်မယ်။ အဲ့ဒီအဖိုးက Ninja လေးကိုမိတ်ဆွေလက်ထဲအပ်ပါလိမ့်မယ်။ အဲ့ဒီအဖိုးကတော့ Sensei ပါ။ ဒီဂိမ်းမှာမိတ်ဆွေက Ninja လေးကိုSkillမြင့်တဲ့Ninjaဖြစ်ပြီး Sensei အထင်ကြီးအောင်ကူညီလေ့ကျင့်ပေးလို့လည်းရပါတယ်။

                                         

အဲ့ဒီလိုလေ့ကျင့်တာများလာရင်လည်း Level တွေလည်းတက်လာမှာပါ။ လေ့ကျင့်တယ်ဆိုတာက ဘာရယ်တော့မဟုတ်ပါဘူး။ မိတ်ဆွေက Ninja လေးကိုထိပြီးအမြင့်နေရာတွေခုန်ခိုင်းတာတို့ ဘောလုံးလေးနဲ့ဆော့တာတို့ စသည်ဖြင့် ပေါ့ပေါ့ပါးပါးလေးပါပဲ။ အဲလိုလုပ်ခြင်းဖြင့် Level Exp အနည်းငယ်ဆီတက်လာမှာပဲဖြစ်ပါတယ်။ ဒါ့အပြင်တခြားမရောက်ဖူးသေးတဲ့နေရာတွေကို သွားရောက်ပြီး Character အသစ်တွေနဲ့တွေ့ဆုံရမှာပါ။ အဲ့ဒီတခြားနေရာတွေသွားရောက်ချင်တယ်ဆိုရင်တော့ပေးထားတဲ့ quest လေးတွေကို အရင်ရအောင်ဆော့ရမှာပဲဖြစ်ပါတယ်။

Clumsy Ninja ဂိမ်းလေးက Euphoria Simulation Technology ကိုသုံးထားတဲ့း ဂိမ်းလေးဖြစ်တာမို့  Ninja လေးကို reality ဆန်ဆန်မြင်တွေ့ရမှာပါ။ အဲ့တာကြောင့်တစ်ယောက်တည်း ပျင်းနေချိန်မှာလည်းမိတ်ဆွေကိုအဖော်ပြုပေးနိုင်မှာပါ။ ဒီဂိမ်းက Free To Play ပါ။ Free To Play ဆိုပေမယ့် အချို့သော Customize လုပ်ထားတဲ့ item တွေကိုတော့ စျေးသက်သက်သာသာနဲ့ဝယ်နိုင်မှာပါ။ Android နဲ့ IOS နှစ်မျိုးလုံးမှာစိတ်ကြိုက်ကစားနိုင်တာကြောင့် မိတ်ဆွေအတွက်သတင်းပေးလိုက်ပါတယ်။

Image Source:

https://play.google.com/store/apps/details?id=com.naturalmotion.clumsyninja&hl=en

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password