News

ယခုနှစ် အကုန်မှာ ပိတ်သိမ်းတော့မယ့် Club Penguin Island

ငယ်ရွယ်မှုရဲ့ အမှတ်အသားလို့ ခေါ်ကြတဲ့ ဂိမ်းလေးတစ်ခုဖြစ်တဲ့ Club Penguin Island ကို အခုနှစ်အကုန်မှာ ရပ်တန့်ပစ်တော့မယ်လို့သိရပါတယ်။ အဲ့တာကြောင့် Club Penguin Island ကို ချစ်တဲ့ ဂိမ်မာလေးတွေ မကြာခင်မှာ သူ့ကို Good bye လို့ နှုတ်ဆက်ရတော့မှာပေါ့နော်။ အခုသတင်းကို Club Penguin Island ရဲ့ တရားဝင် ဝဘ်ဆိုဒ် မှ တင်ထားတဲ့ blog post တစ်ခုကနေ သိရတာဖြစ်ပါတယ်။ အဆိုပါ post ထဲ မှာ ဂိမ်းကို မဖျက်သိမ်းခင် အချိန်အတွင်း player တွေအတွက် လိုအပ်တဲ့ update အသစ်တွေကို ထည့်ပေး သွားမယ်လို့ ရေးထားပါသေးတယ်။

Club Penguin Island ဂိမ်းကို ၂၀၁၇ ခုနှစ်မှာ မိုလ်ဘိုင်း အတွက် ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ Club Penguin Island ထွက်ရှိပြီးနောက်တစ်နေ့မှာတော့ Club Penguin browser version ကို ဖျက်သိမ်းခဲ့ပါတယ်။ အဲ့ဒီတုန်းကလည်း ဖျက်သိမ်းလိုက်တဲ့ browser version နဲ့ ပတ်သတ်ပြီး player အများစုရဲ့ bad review တွေရှိခဲ့ပါသေးတယ်။

Club Penguin Island ရဲ့ တရားဝင်အဆုံးသတ်မယ့် ရက်က နီးကပ်လာနေပြီဖြစ်ပေမယ့် သူ့ ပရိသတ်တွေရဲ့ ရင်ထဲမှာတော့ ကြည်နူးစရာ အငွေအသတ်လေးတွေ ကျန်ရှိနေဦးမှာပါ။ အခုလို လုပ်ခဲ့ရတဲ့အကြောင်းအရင်းအတွက် fan တွေကို ကုမ္ပဏီဘက်က စကားလက်ဆောင်တစ်ခု ပြောထားပါတယ်။ အဲ့အကြောင်းလေးကို အောက်မှာ ဘာသာပြန်ပေးထားပါတယ်။

“Club Penguin နဲ့ Club Penguin Island ဂိမ်းတွေကို ဆက်လက် ချစ်ခင်ပေးခဲ့တဲ့အတွက် ကိုရော ကျွန်တော်တို့ရဲ့ မိသားစုဝင် အဖြစ် ဆက်လက်ရှိပေးခဲ့တာအတွက် ရော ကျွန်တော်တို့ရဲ့ အသည်းနှလုံး အတွင်းပိုင်း ထဲကနေပြီး နှစ်နှစ်ကာကာ ကျေးဇူးတင်ပါတယ်။”

လို့ Club Penguin ရဲ့ blog မှာ ရေးသားထားပါတယ်။

“ဒီခရီးကို အားလုံးနဲ့အတူတူ ရှေ့ဆက်ခွင့်ရခဲ့တဲ့အတွက် ကျွန်တော်တို့ အရမ်းကို ကျေးဇူးတင်ပါတယ် ခင်ဗျား”

လို့ပြောပြီး ကြေညာချက်လေးကို အဆုံးသတ်ပေးထားပါတယ်။

ကဲ… Playon ကဘော်ဒါတို့တွေထဲမှာရော???? Club Pinguin fan တွေရှိကြလား။ ရှိရင် Bye Bye လုပ်ဖို့ အဆင်သင့် ပြင်ထားတော့နော်။ သက်တမ်း တစ်နှစ်လောက်ပဲရှိသေးတဲ့ ဂိမ်းက အခုကို အစောကြီး ထွက်ခွာသွားတော့မယ်ဆိုတော့ နည်းနည်းတော့ စောနေသေးတယ်လို့ အက်မင်ကတော့ မြင်ပါတယ်။

Ref: Polygon

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: