ArticleReviews

Shooter ဂိမ်းကောင်းကောင်းကို ရှာနေတဲ့သူတွေ အတွက် Clockwork Damage

ဒီတစ်ခေါက်မှာတော့ Playon က ဘော်ဘော်လေးတို့ အတွက် တကယ့်ကို မိုက်တဲ့ shooter ဂိမ်းကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။ ဒီဂိမ်းလေးက shooter ဂိမ်းလေးတစ်ခုပဲ ဆိုပေမယ့် လူတိုင်းကြိုက်နိုင်တဲ့ တကယ့်ကို မိုက်ပြီးဆွဲဆောင်မှုရှိတဲ့ ဂိမ်းပါ။ ကိုယ့် အကြိုက် ideal type ဂိမ်းလေး ဟုတ်လား/ မဟုတ်ဘူးလားဆိုတာကို သိရဖို့ လေ့လာ သွားကြည့်လိုက်ပါနော်…

ဒီဂိမ်းလေးကို ကစားဖူးပြီးရင် ဒီ top-down shooters ထက်ကောင်းတဲ့ shooter ကို မတွေ့ဖူးသေးဘူး လို့တောင်ပြောမှာပါ။
ဂိမ်းရဲ့ ပုံစံက steampunk style ဂိမ်းဖြစ်ပြီး သူ့မှာ RPG leveling mechanic တွေပါဝင်ပါတယ်။ ဒါ့အပြင် နေရာပေါင်းစုံက ရန်သူတွေကို အစုလိုကအပြုံလိုက်သတ်ဖို့ level 40 ကျော်ပါဝင်ပါတယ်။ နမူနာ ဗီဒီယိုထဲမှာ ဘယ်လိုတောင် မိုက်လဲဆိုတာကို ထင်ထင်ရှားရှားတွေ့ရမှာပါ။ ကြည့်ကြည့်နော်။

Clockwork Damage က Google Play မှာ beta အဖြစ် ခဏတာ ဖွင့်ပေးခဲ့ဖူးပါတယ်။ Beta တုန်းကလည်း ကစားသူ Player တွေရဲ့ review ကောင်းတွေ တော်တော်ရခဲ့ပါတယ်။ တရားဝင် stable version ထွက်လာပြန်တော့လည်း ကစားလို့ကောင်းနေတုန်းပါပဲ။

Clockwork Damage က free to play ကစားနိုင်မယ့် အခမဲ့ ဂိမ်းပါ။ ကုမ္ပဏီဘက်ကလည်း စဉ်ဆက်မပျက်ဆွဲဆောင်မှုရှိတဲ့ update တွေကို လုပ်ပေးပါတယ်။ ဒါ့အပြင် ကစားနေရင်းနဲ့ Epic Squad Challenge တွေမှာ သူငယ်ချင်းတွေနဲ့ အပြတ်ချဲလို့ရမှာပါ။ အဲ့တာကြောင့် ရွေးချယ် ဆော့ကစားသင့်တဲ့ ဂိမ်းကောင်းတစ်ခု အဖြစ် RECOMMEND ပေးချင်ပါတယ်။ အကယ်၍သင်က အခမဲ့ shooter ဂိမ်းကောင်းတစ်ခုခုကို ရှာနေတာဆိုရင် Clockwork Damage ကို တစ်ချက်ကလေးမှ မစမ်းကြည့်ပဲ မကျော်သွားပါနဲ့နော်။

Download link – Android/ iOS

Ref

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password