News

Mobile ပေါ်ကို ရောက်နေပြီဖြစ်တဲ့ classic-style RPG ဂိမ်း Vampire’s Fall:Origins

ဒီတစ်ခေါက်မှာတော့ RPG ဂိမ်းကောင်းကောင်းလေးကိုမှ ရှာနေတဲ့ သူတွေအတွက် ကစားလို့ကောင်းတဲ့ classis RPG လေးတစ်ခုနဲ့ မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။သူက ထွက်ရှိထားတာ မကြာသေးတဲ့ ဂိမ်းတစ်ခုဖြစ်တာကြောင့် သူ့အကြောင်းကို မသိသေးတဲ့သူတွေရှိကြဦးမှာပါ။ အဲ့တာကြောင့် ဂိမ်းပုံစံလေးကို နည်းနည်းပြောပေးသွားမယ်နော်။

Vampire’s Fall: Origins ထဲမှာ သင်က အမှောင်မှော်စွမ်းအင်တွေ နဲ့ လွှမ်းမိုးခြင်း ခံနေရတဲ့ ရွာငယ်လေးထဲမှာ အဖွဲ့သား အသစ်အနေနဲ့ ကစားရမှာပါ။အခုအချိန်ထိတော့ သူက ထွက်ရှိထားတာ မကြာသေးတဲ့ ဂိမ်းတွေထဲမှာ အရမ်းကို လေးနက်တဲ့ မိုလ်ဘိုင်း RPG ဂိမ်းတစ်ခု အနေနဲ့ရှိနေပါတယ်။ ဂိမ်းထဲမှာ ထူးခြားချက်တစ်ခု ရှိပါသေးတယ်။ အဲ့တာကတော့ ဂိမ်းထဲမှာ ကိုယ်ကစားမယ့် ဇာတ်ကောင်ပုံစံကို ကိုယ်တိုင် စိတ်ကြိုက်ဖန်တီးနိုင်တာပါ။ ကိုယ်ကိုယ်တိုင် ပုံဖော်ပြီး ဒီဇိုင်း လုပ်ရမှာပေါ့နော်။ အဝတ်အစားတွေကို လည်း စိတ်ကြိုက်လဲ ပေးလို့ရပါတယ်။

ဂိမ်းထဲမှာ player က အခြား ဇာတ်ကောင်တွေ နဲ့ old school turn-based တိုက်ပွဲတွေက ရန်သူတွေ နဲ့အတူ 2D ကမ္ဘာကြီးထဲကို စတင်ဝင်ရောက်ရမှာပါ။ ဂိမ်းထဲမှာတွေ့ရတဲ့ ခေတ်မီတဲ့ အဆင်အယင်ပုံစံ တွေကလည်း ဂိမ်းရဲ့ အဓိက အစိတ်အပိုင်းအနေနဲ့ ပါဝင်ထားပါတယ်။ အကယ်၍သင်က အခြားသူတွေနဲ့ ကစားရတာကိုကြိုက်တယ်ဆိုရင် သင့်အကြိုက်နဲ့ကိုက်တဲ့ story နဲ့ PvP battles တွေကို ပြောင်းလဲဖို့အတွက် Dialogue တွေကိုရွေးချယ်ပေးဖို့လိုပါတယ်။

အရင်ဆုံး gameplay လေးကို ကြည့်လိုက်ပါဦးနော်။

Gameplay လေးကိုကြည့်ပြီး ဒီ RPG ဂိမ်းလေးရဲ့ ပုံစံကို ကြိုက်တယ် သဘောကျတယ်ဆိုရင်တော့ ခုပဲ ပြေး download လုပ်လိုက်ကြပါနော်။ Android, iOS နှစ်မျိုးစလုံးနဲ့ free to play ကစားလို့ရနေပါပြီ။

Download link – Android/ iOS

Ref: Droidgamers

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password