Features

Mobile လောကထဲ ရောက်နေတဲ့ တစ်ခေတ်တစ်ခါက နာမည်ကြီး Classic PC/Console ဂိမ်းများ

မိုလ်ဘိုင်း လောကထဲ ဝင်ရောက်လာတဲ့ PC/Console ဂိမ်းတွေကတော့ အများကြီးပါပဲ။ သူတို့တွေထဲကမှ ကစားလို့ကောင်းမယ့် ဂိမ်းဟောင်းတွေကို ရွေးချယ်ဖော်ပြပေးထားပါတယ်။ PC/Console ပေါ်မှာ ကစားရတဲ့ အရသာနဲ့ မိုလ်ဘိုင်းပေါ်မှာ ကစားရတဲ့ အရသာကတော့ တူချင်မှ တူပါလိမ့်မယ်။ ဒါပေမယ့် မိုလ်ဘိုင်းနဲ့ ကစားရတဲ့ PC/Console ဂိမ်း အရသာကို ခံစားချင်တဲ့သူတွေ စမ်းကြည့်လို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။ ခုဖော်ပြမယ့် lists ထဲမှာ ဟိုးအရင်က အရမ်းကြိုက်ခဲ့ရတဲ့ ဂိမ်းတွေလည်း ပါရင်ပါနေမှာနော်။ စိတ်ဝင်စားရင် ဆက်ပြီး ဖတ်ကြည့်သွားပါဦး။

Sonic The Hedgehog

SEGA universe တစ်ခုလုံးမှာ နာမည်အကြီးဆုံး ဇာတ်ကောင် Sonic ကိုတော့ မသိတဲ့သူ သိပ်ပြီး မရှိလောက်ပါဘူး။ ခေါင်းမှာ အဆူးချွန်ချွန် လေးတွေနဲ့ အပြာကောင်သေးသေးလေး Sonic အကြောင်းကို မသိသေးတဲ့ သူတွေ အတွက်လည်း နည်းနည်းလောက်ထပ်ပြီး မိတ်ဆက်ပေးချင်ပါတယ်။ Sonic The Hedgehog က admin တို့ မမွေးခင် ၁၉၉၃ ခုနှစ်လောက် ကတည်းက “Arcade game” platform လို့ခေါ်တဲ့ ဂိမ်းစက်လေးထဲကို အကြွေစေ့လေးတွေ ထည့်ကစားရတဲ့ ဂိမ်းအနေနဲ့ စတင်ပေါ်ပေါက်ခဲ့တာပါ။ အဲ့ဒီကမှ တစ်ဆင့် TV ,Console ,PC platform တွေဆီ တဖြေးဖြေး ထိုးဖောက်ဝင်ရောက်ရင်း နောက်ဆုံးမှာ မိုလ်ဘိုင်းလောကထဲ ရောက်ရှိလာတာပါ။ မိုလ်ဘိုင်း platform မှာလည်း Sonic The Hedgehog Classic, Sonic The Hedgehog 2 Classic, Sonic The Hedgehog 4 စတဲ့ နာမည် အမျိုးမျိုးနဲ့ ဆက်လက်ထွက်ရှိခဲ့ပြီး ပိုမိုကောင်းမွန်လာတဲ့ Animation ပုံရိပ်တွေကိုပါ တွေ့လာရပါတယ်။ဒါပေမယ့် Sonic The Hedgehog 2 Classic အထိပဲ free download လုပ်လို့ရပါတယ်။ ဟိုးအရင်က ဂိမ်းစက်လေးတွေနဲ့ ကစားခဲ့ရသလို ခံစားချက်မျိုးနဲ့ play ချင်ရင်တော့ Sonic The Hedgehog Classic ကိုပဲ try ကြည့်စေချင်ပါတယ်။ Gameplay ပုံစံကတော့ အားလုံး သိနှင့်ပြီးသား ဖြစ်မယ်လို့ ထင်တဲ့အတွက် မပြောတော့ပါဘူးနော်။

Download link – Android/ IOS

 

Crazy Taxi

ဒီဂိမ်းက ၁၉၉၀ ခုနှစ်မှာ Arcade platform ပေါ်မှာ စတင်ရောက်ရှိခဲ့ပြီး ၂၀၀၀ ခုနှစ်မှာ Dreamcast တွေနဲ့ စတင် ကစားလို့ရခဲ့ပါတယ်။ သူလည်း အပေါ်မှာ ပြောသွားတဲ့ Sonic The Hedgehog လို SEGA က ထုတ်လုပ်ထားတဲ့ ဂိမ်းတစ်ခုပါပဲ။ ဂိမ်းထဲမှာ အဓိက လုပ်ဆောင်ရမယ့် တာဝန်က လမ်းမှာ တွေ့တဲ့ ခရီးသည်တွေကို Taxi driver တစ်ယောက်အနေနဲ့ လိုရာခရီးရောက်အောင် ပို့ ပေးရမှာပါ။ ကားကို စိတ်ကြိုက် အပီအပြင် ခုံပျံကျော်လွှားပြီး မောင်းလို့ရတာကြောင့် တော်တော် လူကြိုက်များတဲ့ ဂိမ်းတစ်ခု ဖြစ်ခဲ့ပါတယ်။ အတိတ်က မှတ်ဉာဏ်တွေကို ပြန်လည် အောက်မေ့သတိရချင်တဲ့ သူတွေအတွက် Crazy Taxi ကို App Store နဲ့ Play Store မှာ အခမဲ့ download လုပ်နိုင်ပါတယ်။

Download link – Android/ IOS

 

Baldur’s Gate Enhanced Edition

Baldur’s Gate နဲ့ သူ့ရဲ့ အဆက် Baldur’s Gate 2 ကလည်း တစ်ခေတ်တစ်ခါက video game သမိုင်းမှာ တကယ့်ကို နာမည်ကြီးခဲ့တဲ့ ဂိမ်းတွေဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်က PC ပေါ်စတင်ရောက်ရှိခဲ့ပြီး အဲ့ကနေတဆင့် iOS, Android တွေပေါ် တစ်ဆင့်ချင်းရောက်ခဲ့တာပါ။ Touchscreen devices တွေမှာလည်း ကြည်လင်ပျက်သားတဲ့ graphic ဒီဇိုင်း၊ ပိုကောင်းတဲ့ Update တွေနဲ့အတူ ထပ်တိုးလာတဲ့ content အသစ်တွေကြောင့် ကစားလို့ကောင်းဆဲပါပဲ။ စိတ်တိုင်း မကျစရာ တစ်ခုကတော့ free game မဟုတ်ဘဲ ဒေါ်လာ9.99 ( မြန်မာငွေ – ၁၃၀၀၀ကျပ် စွန်းစွန်း) နဲ့ ပေးဝယ်ရတဲ့ ဂိမ်းတွေဖြစ်နေတာပါ။ ဈေးလည်း ဘယ်တော့မှ မချပေးပါဘူး။ အဲ့တစ်ချက်ကလွဲရင် ဆွဲဆောင်မှုရှိတဲ့ old-school ဂိမ်းတွေဖြစ်ပါတယ်။

Download link – IOS

 

The Bard’s Tale

The Bard’s Tale က မှင်စာတွေ ကြီးစိုးချယ်လှယ်နေတဲ့ အလယ်ခေတ် fantasy universe မှာ ဇာတ်အိမ်တည်ထားတဲ့ ဂိမ်းဖြစ်ပါတယ်။ ဂိမ်းထဲမှာ ပုံမှန်မဟုတ်တဲ့ ကမ္ဘာက မကောင်းဆိုးဝါးတွေ၊ မှင်စာတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး နောက်ဘာဖြစ်လာမလဲဆိုတာ
ကြိုတွေးလို့မရနိုင်တဲ့ storyline နဲ့ တည်ဆောက်ထားတဲ့ဂိမ်းဖြစ်ပါတယ်။ ခေါင်းစဉ်တစ်ခုတည်းမှာပဲ (1: Tales of the Unknown, 2: The Destiny Knight, and 3: Thief of Fate) ဆိုပြီး အပိုင်း ၃ ပိုင်းပါဝင်ပါတယ်။ Old school graphics နဲ့ PC ဂိမ်းကနေကူးပြောင်းလာတဲ့ ဂိမ်း မျိုး ကစားချင်ရင်တော့ သူ့ကို ရွေးချယ်သင့်ပါတယ်။ Free download မလုပ်ယူနိုင်ပေမယ့် ဈေးနှုန်းက
အရမ်းကြီး များတဲ့အထဲမှာတော့မပါပါဘူး။ မြန်မာငွေ ၄၀၀၀ကျပ် နီးပါး လောက်ပဲ ကုန်မှာပါ။

Download link – Android/ IOS

 

Samurai Shodown II

ဒီဂိမ်းကိုတော့ 1990 born တော်တော်များများ သိကြမယ်ထင်ပါတယ်။ တစ်ခေတ် တစ်ခါက Old-school fighting game fan တွေကြားမှာ အရမ်းကို နာမည်ကြီးခဲ့တဲ့ ဂိမ်းလေးတစ်ခုပေါ့။ ၁၉၉၄ ခုနှစ်က စတင်ပေါ်ပေါက်ခဲ့တဲ့ ဂိမ်းဖြစ်ပြီး ထူးခြားတဲ့ gameplay ပုံစံကြောင့် gamers တော်တော်များများရဲ့ စိတ်ကို ဖမ်းစားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂိမ်းဟောင်း တစ်ခု ဆိုပေမယ့် အခုချိန်ထိ PC ဂိမ်းဟောင်းတွေကို မမေ့နိုင်သေးတဲ့ သူတွေအတွက် ပြန်ကစားနိုင်အောင်မိတ်ဆက်ပေးလိုက်ရပါတယ်။ ဈေးနှုန်းကတော့ App Store နဲ့ Play Store တို့မှာမှာ ၂.၉၉ဒေါ်လာ (၄၀၀၀ကျပ်နီးပါး) လောက်ပေးပြီဝယ်ယူရမှာဖြစ်ပါတယ်။ နိုင်ငံ ကန့်သတ်ထား တဲ့အတွက် Play Store ပေါ်မှာ ရမရတော့ သိပ်ပြီး မကျိန်းသေပါဘူး။ App Store မှာတော့ရပါတယ်။

Download link – Android/ IOS

အခု Playon ပရိသတ်ကြီးနဲ့ မိတ်ဆက်ပေးသွားတဲ့ ဂိမ်းတွေကတော့ ဟိုးအရင် တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တဲ့ PC/Console ဂိမ်းတွေဖြစ်ပါတယ်။ သူတို့တွေထဲမှာ မပါသေးတဲ့ အခြား ဂိမ်းကောင်းတွေလည်း အများကြီးရှိပါသေးတယ်။ အဲ့တာကြောင့် အခွင့် သင့်ရင်သင့်သလို ထပ်မံ ရှာဖွေ မိတ်ဆက်ပေးသွားပါဦးမယ်နော်။

 

Ref

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: