News

ရှယ်လန်းတဲ့ ‘Clash Royale’ ရဲ့ Anime Trailer

Supercell က ပြီးခဲ့တဲ့ရက်သတ္တပတ်မှာ Clash Royale ထဲက character တွေကို ဂျပန် anime အသွင်ပြောင်းထားတဲ့ Trailer တစ်ခုထုတ်ပေးပြီး သူ့ရဲ့ Clash Royale ပရိသတ်တွေကို ခရစ်စမစ်အကြိုလက်ဆောင်ပေးလိုက်ပါတယ်။ အဲဒီ Trailer ရဲ့ quality ကတော့ အပျံစားပါပဲ၊ animation ရော music ပိုင်းပါဘာမှအပြစ်ပြောစရာမရှိပါဘူး။ အထူးသဖြင့် Musketeer ချစ်သူတွေကတော့ ဒီ Trailer ကို လုံးဝသဘောကျကြမှာပါ။ Electro Wizard ကလည်း အားကျမခံ spell တွေ ဖလမ်းဖလမ်းထနေအောင် သုံးပြထားပါတယ်။ ဒါ့အပြင် Giant Skeleton ကြီးကိုဆွဲထားတာကလည်း အားရစရာပဲဖြစ်ပါတယ်။

ဒီ Trailer ကိုကြည့်ပြီးတော့ Clash Royale ရဲ့ art style သာ ဒီလိုမျိုးဖြစ်သွားခဲ့ရင် ဘယ်လောက်ကောင်းမလဲလို့ တွေးမိပါတယ်။ ဒါပေမယ့်အဲဒါကသိပ်မဖြစ်နိုင်လှပါဘူး။ တစ်ခုရှိတာက ကမ္ဘာတစ်ဝန်းက Clash Royale ချစ်သူတွေက ဒီ Trailer ကို အရမ်းနှစ်သက်ကြတဲ့အတွက် Clash Royale anime series ကိုတော့ မျှော်လင့်လို့ရနိုင်ခြေရှိပါတယ်။ User တွေ Clash Royale anime ထုတ်ပေးဖို့တောင်းဆိုနေကြတာကို ဒီ Trailer ရဲ့ Youtube Video အောက်မှာသွားရောက်ဖတ်ရှုကြည့်နိုင်ပါတယ်။ စာဖတ်သူတို့လဲဘယ်လိုမြင်ကြသလဲ၊ Clash Royale ကို ဒီလိုမျိုး anime အသွင်နဲ့ထပ်မြင်ချင်ကြသေးပါသလား။ Supercell ကတော့ anime style နဲ့ နောက်ထပ်ဗီဒီယိုတွေ ထပ်ဖန်တီးစေချင်တယ်ဆိုရင် ဒီ Trailer ကို Like လုပ်သွားပြီး သူတို့ကိုအသိပေးဖို့ တောင်းဆိုထားပါတယ်။ အဲဒါကြောင့် Clash Royale anime ကြီးအထောင်အထည်ပေါ်လာဖို့ တစ်တပ်တစ်အားနဲ့ ပါဝင်လိုက်ကြရအောင်လား။

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password