Giant Cannon နဲ့ Drop Ship တွေပါဝင်လာမယ့် Clash of Clans ရဲ့ Builder Hall 7 Update

Builder Hall 7 Update နဲ့အတူ Upgrade လုပ်စရာ အဆောက်အအုံအသစ်တွေ Clash of Clans ကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ Builder Hall level 7 ရောက်ရှိရင် ဆောက်လုပ်လို့ရမယ့် Giant Cannon ဟာ သင့်ရဲ့ Base ကို ကာကွယ်ပေးမယ့် အဆောက်အုံတစ်ခု ဖြစ်ပါတယ်။ လက်နက်ကြီးတွေထုံးစံအတိုင်း ပစ်ချက်ကအောင်ပေမယ့် ပစ်နှုန်းကနှေးပါတယ်။ တစ်ခုရှိတာက အမြှောက်ကျည်ဆံက ပထမဆုံးရန်သူကို ထိပြီးသွားရင်လည်း ဆက်လက်သွားနေဦးမှာ ဖြစ်တဲ့အတွက် ရန်သူတွေ အတန်းလိုက်လာလို့ကတော့ အမြှောက်ကျည်ဆံနဲ့ မိတ်ဆက်သွားရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် Drop Ship လို့ခေါ်တဲ့ unit အသစ်လည်း ပါဝင်လာပါတယ်။ Drop Ship ဟာ သူတိုက်ခိုက်မယ့် Target ဆီရောက်ရင် Skeleton တွေချပြီး တိုက်ခိုက်စေမှာ ဖြစ်ပါတယ်။ သူပျက်စီးသွားခဲ့ရင်လည်း Skeleton Burst လို့ခေါ်တဲ့ special ability ကို အသုံးပြုဦးမှာပါ။ Skeleton Burst ဟာ Drop Ship ပျက်စီးသွားတဲ့နေရာမှာ Damage ထိစေပြီး နောက်ထပ် Skeleton တွေကို ထပ်မံထွက်ရှိစေမှာ ဖြစ်ပါတယ်။

Giant Cannon နဲ့ Drop Ship တွေကို ဘယ်လိုဆော့ကစားရမယ်ဆိုတာကို အောက်ပါ Video တွေမှာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ကြည့်ပြီးတော့ သင့်ရဲ့ Strategy တွေကို ဘယ်လိုပြောင်းလဲရမယ်ဆိုတာနဲ့ သူများတွေကို ဘယ်လိုလက်ဦးမှု ရယူမလဲဆိုတာ ကြိုတင်စဉ်းစားထားကြဖို့ တိုက်တွန်းလိုက်ပါတယ်။

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password