News

ငွေဖြူငွေမဲ အလုပ်ခံနေရတဲ့ Clash of Clans နဲ့ အခြားမိုလ်ဘိုင်း ဂိမ်းများ

ပျော်ရွှင်စရာကောင်းတဲ့အချိန်တွေကို ဖန်တီးပေးတဲ့ ဂိမ်းတွေဖြစ်တဲ့ “Clash of Clans” နဲ့ အခြားဂိမ်းအချို့ မှာ နည်းပညာကျွမ်းကျင် သူခိုးတွေက player တွေရဲ့ credit card ထဲက ပိုက်ဆံတွေ ခိုးယူနေတယ်လို့ ဂျာမန် Cybersecurity ကုမ္ပဏီ Kromtech. ရဲ့ အဆိုပြုချက်အရသိရပါတယ်။ အဆိုပြုချက်ရဲ့ ဖော်ပြချက်အရ သူခိုးတွေက သူတို့ ခိုးယူထားတဲ့ credit card ၂ သောင်းကျော်ကို သုံးပြီး Clash of Clans , Clash Royale နဲ့ Marvel Contest of Champions ဂိမ်းတွေထဲမှာ purchases တွေပြန်လုပ်ကာ Third Party ဈေးကွက်တွေဆီကို ပြန်လည်ရောင်းချနေတယ်လို့သိရပါတယ်။ ထို့နောက် ရောင်းချခဲ့တဲ့ purchases တွေကနေတစ်ဆင့် ငွေတွေ ပြန်လည် လဲယူနေတာပါ။ နောက်ဆုံး ခိုးယူခြင်းခံရတဲ့ credit card တွေမှာ တစ်ပြားမှ မရှိတော့တဲ့အထိကို ငွေဖြူငွေမဲ ပြန်လုပ်နေတယ်လို့ သိရပါတယ်။

ငွေဖြူငွေမဲ လုပ်ယူမှု ဖြစ်ရတဲ့အကြောင်းက account တွေကို အလိုအလျောက် အလျင်အမြန်ပြုလုပ်လို့ရနေတာကြောင့်ပါ။ ဥပမာပြောရရင် Appleရဲ့ ID တစ်ခုကို ပြုလုပ်ဖို့ email address , Password , date of birth နဲ့ security မေးခွန်း ၃ ခုပဲလိုပါတယ်။ Email account တွေက လုပ်ဖို့အရမ်းလွယ်ပါတယ်။ သူခိုးတွေက အလိုအလျောက် account ပြုလုပ်တဲ့ဖြစ်စဉ်ကို ဖန်တီးပြီး ငွေဖြူငွေမဲလုပ်တဲ့ tool တွေနဲ့ credit card တွေကို ဖောက်ဝင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် သူခိုးတွေက သူတို့ခိုးယူခဲ့တဲ့ credit card အချက်အလက် တွေမှာ ခြေရာ လက်ရာတွေအားလုံးကို ဖျက်ပစ်ခဲ့တယ်လို့သိရပါတယ်။ Kromtech က လက်ရှိ Clash of Clans မှာအသုံးချနေတဲ့ ခိုးယူအချက်အလက်တွေကို ပြန်လည်ခြေရာခံပြီး Credit Card ၁၀၀၀၀၀ ကျော်ရဲ့အချက်အလက်တွေကို သိမ်းဆည်းထားတဲ့ MongoDB database ဆီကိုပြန်လည် Hack ယူဖို့ကြိုးစားနေတယ်လို့လဲ သိရပါတယ်။

အဆိုပြုချက်ထဲမှာ Kromtech က ဂိမ်း developer တွေကို credit card အသုံးပြုတဲ့ player တွေ လုံခြုံစေဖို့အတွက် account အသစ် ပြုလုပ် ခိုင်းဖို့လည်း အကြံပေးထားပါတယ်။ အဲ့တာမှ account တွေထဲခိုးဝင်တဲ့ နည်းပညာကျွမ်းကျင်သူခိုးတွေ credit card တွေက အချက်အလက်တွေကို ထပ်မံ ခိုးယူလို့မရတော့မှာပါ။

Playon က ဘော်ဒါတို့ရေ.. အပေါ်က ဂိမ်းတွေကို credit card နဲ့ ကစားနေတဲ့သူတွေရှိကြလား။ ရှိရင် account ပြောင်းတာပဲဖြစ်ဖြစ် တစ်ခုခု လုပ်ထားကြတော့နော်။ အခိုးခံရတဲ့ credit card အချက်အလက် ၂ သောင်း ကျော်ထဲမှာ ဘော်ဒါတို့ရဲ့ card တွေလည်းပါရင်ပါနိုင်တာကြောင့် ကြိုတင်ပြင်ဆင်မှုလုပ်ထားတာကောင်းတယ်လို့ Admin ကတော့ ထင်မိပါတယ်။ 😎)

 

Ref 1, 2

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password