စစ်ကိုအဖွဲ့လိုက်တိုက်ရတာဝါသနာ ပါသူများအတွက် Clash of Clans(COC)

ဒီဂိမ်းမှာဆိုရင် ကိုယ့်ရဲ့ကျေးရွာလေးကို ကိုယ်ထူကိုယ်ထစနစ်နဲ့တည်ဆောက်ရမှာပါ။ အဲ့လိုတည်ဆောက်ရာမှာ ကိုယ့်ကျေးရွာကို အမြန်တိုးတက်ချင်တော့ coin(ပိုက်ဆံ), Elixir(ပန်းရောင်အရည်တမျိုး) နဲ့ Dark Elixir(အမည်းရောင်အရည်တမျိုး) စတာတွေကိုစုဆောင်းပြီး တိုက်တွေဆောက် ခံတပ်တွေဆောက် ပိုက်ဆံထွက်တဲ့စက်၊ ပန်းရောင်အရည်တစ်မျိုး၊ အမည်းရောင်အရည်တစ်မျိုးထွက်တဲ့ အဆောက်အအုံတွေကိုဆောက်ရ မှာပဲဖြစ်ပါတယ်။ လိုအပ်သော coin နဲ့ elixir ကိုထိုအဆောက်အအုံ များမှသာမက ရန်သူ့နယ်မြေကို တိုက်ခိုက်ခြင်းမှလည်းရနိုင်ပါတယ်။ အဲ့လို ရန်သူ့နယ်မြေ ကိုသွားရောက် တိုက်ခိုက်တော့မယ်ဆို ရင်တော့ စစ်တပ်ကအဓိကပါပဲ။ စစ်တပ် ကိုစစ်တပ်ထုတ်တဲ့အဆောက်အအုံ ဆောက်ခြင်းဖြင့်ရရှိနိုင်ပါတယ်။

မိမိကရန်သူကိုသွားတိုက်သလို ရန်သူကပြန်လည် တိုက်ခိုက်တဲ့အခြေအနေလည်း ရှိတယ်။ အဲ့လိုအခြေအနေအတွက် မိတ်ဆွေတို့ ခံတပ်ကိုသာသေချာတည်ဆောက်ထားမယ် ဆိုရင်စိတ်ပူစရာမရှိသလောက်ပါပဲ။

ရွာရဲ့အခြေအနေမြင့်လာတာနဲ့ ရရှိမယ့်စစ်တပ်တွေကလည်း ပိုမိုကြမ်းလာပြီး ပိုမိုစိတ်ဝင်စားစရာ ကောင်းတာကိုလည်း တွေမြင်ရမှာပါ။ Game အစပိုင်းမှာ Clan Castle(Broken) ဆိုပြီး အဆောက်အအုံ အဟောင်းလေးကို ပေးထားပါတယ်။ အဖွဲ့လိုက်စစ်တိုက်ချင်သူများအဖို့ အဲ့ Clan Castke(Broken) လေးဆိုတဲ့အဆောက်အအုံဟောင်းလေးကိုပြန်လည်တည်ဆောက်ပြီး clan ထောင်ခြင်းဖြင့် မိမိသူငယ်ချင်းများနှင့်အတူ စစ်တိုက်နိုင်မှာဖြစ်ပါတယ်။

ဒီဂီမ်းဟာ အွန်လိုင်း ဂိမ်းဆိုပေမဲ့ ဖုန်းဘေလ်သိပ်မစားတဲ့အပြင် ဂိမ်းအရွယ်အစားကလည်း အရမ်းမကြီးတာကြောင့် mobile game player များအဖို့အလွန်အဆင်ပြေစေပါတယ်။ ဒါ့အပြင် Android နဲ့ IOS နှစ်မျိုးလုံး တွင်အလွယ်တကူ ဆော့နိုင်တာမို့ mobile player များအား လေးစားစွာ သတင်းကောင်းပါးလိုက်ပါတယ်။

Image Source :

https://itunes.apple.com/us/app/clash-of-clans/id529479190?mt=8

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password