News

Clan Game ပါဝင်လာတဲ့ Clash of Clans Winter 2017 Update

Supercell ကတော့ Clash of Clans ချစ်သူတွေအတွက် ခရစ်စမတ်လက်ဆောင်တွေ Winter Update နဲ့အတူ ထည့်သွင်းပေးလိုက်ပါပြီ။ ဒီ update နဲ့အတူ အသစ်ပါဝင်လာတဲ့ feature တွေထဲကမှ highlight ကတော့ Clan Game ဖြစ်ပါတယ်။ Clan Game ဆိုတာက သင်နဲ့သင့် clan အဖွဲ့သားတွေ အတူတကွ ပါဝင်ဆင်နွှဲရမယ့် event အသစ်တစ်မျိုးဖြစ်ပါတယ်။ Clan Game မှာ challenge တွေအမျိုးမျိုးပါဝင်မှာဖြစ်ပြီး ကိုယ်နဲ့သင့်တော်တဲ့ challenge တွေကိုရွေးချယ်ကစားနိုင်မှာပါ။ Challenge တွေပြီးသွားတိုင်းမှာ အမှတ်တွေရရှိမှာဖြစ်ပြီး clan member တွေအားလုံးရဲ့ရမှတ်ကိုစုပေါင်းကာ clan rank တက်အောင်ကြိုးစားရမှာဖြစ်ပါတယ်။ Rank မြင့်လာလေလေ reward ကောင်းကောင်းရရှိလေပဲဖြစ်တဲ့အတွက် gem တွေ resource တွေများများလိုချင်ရင် clan တစ်ခုလုံးပူးပေါင်းပြီးအလုပ်လုပ်ရမှာပဲဖြစ်ပါတယ်။

ဒီ update မှာနောက်ထပ်ပါဝင်လာတာတစ်ခုကတော့ Magic Items တွေပါ။ အဲဒီ item တွေဟာ ဂိမ်းထဲမှာပါဝင်တဲ့ activity တွေကို boost လုပ်ပေးမှာဖြစ်ပါတယ်။ Production rate ကိုတိုးမြှင့်တာ၊ resource စုဆောင်းတာကိုတိုးမြှင့်တာ၊ upgrade တွေကိုချက်ချင်းပြီးအောင်လုပ်တာ စတာတွေအပါအဝင် activity ပေါင်းစုံမှာ magic item တွေကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။ အဲဒီ item တွေကအရမ်းကြမ်းတဲ့အတွက် ပေါချင်းသောချင်းတော့ရမှာမဟုတ်ပါဘူး။ အပေါ်မှာပြောခဲ့တဲ့ Clan Game တွေကနေတစ်ဆင့်သာ ရရှိနိုင်မှာဖြစ်ပါတယ်။

ဒီလိုအလန်းစား feature အသစ်တွေအပြင် balancing changes တွေလည်းပါဝင်လာပါတယ်။ Golem ၊ Lava Hound နဲ့ Giants တို့ရဲ့ max hp ကိုတိုးမြှင့်ပေးလိုက်သလို Miners House Space ကိုလည်း ယခင် 5 per troop ကနေ 6 per troop အထိတိုးမြှင့်ပေးလိုက်ပါတယ်။ ဒါ့အပြင် Barbarian King နဲ့ Archer Queen တို့ရဲ့ max level ဟာ 50 ဖြစ်သွားပြီဖြစ်ပါတယ်။ ပြီးတော့ Inferno Tower ပစ်တာခံနေရချိန်မှာ heal လို့မရတဲ့ effect ကို ဖယ်ထုတ်လိုက်ပါသေးတယ်။ ဒီ update အကြောင်းအသေးစိတ်ကို အောက်မှာဖော်ပြထားတဲ့ developer interview ဗီဒီယိုမှာသွားရောက်ကြည့်ရှုနိုင်သလို official patch note မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password