News

မူရင်း PC ဂိမ်းနဲ့ ချွတ်စွပ်နီးပါး တူတယ်ဆိုတဲ့ Sid Meier’s civilization VI

သေးငယ်တဲ့ မျက်နှာပြင်က ကစားရတာပိုပြီးလွယ်ကူတယ်ဆိုတာ အစဉ်အလာတစ်ခုပါ။ PC ဗားရှင်း နဲ့ mobile ဗားရှင်းမှာလည်း ကွဲ လွဲချက်ဆိုတာ ရှိစမြဲပါ။ ဒါပေမယ့် အခု ဖော်ပြပေးမယ့် ဂိမ်းလေးကတော့ လုံးဝကို မူရင်း PC ဂိမ်းနဲ့ ချွတ်စွပ်နီးပါးတူတယ်လို့ နာမည်ကြီးနေတဲ့ ဂိမ်းပါ။ ဘယ်လိုတောင်တူလည်းဆိုတာကို ကြည့်သွားလိုက်ပါဦး။

Civilization 6 ဟာဆိုရင် iOS မှာ 3.4 GB အထိရှိတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ သူက free to download ဂိမ်းတစ်ခုဖြစ်ပေမယ့် full game အတွက် app-purchase က ဈေးနှုန်း ၅၆.၉၉ နဲ့ထွက်လာခဲ့တာဖြစ်ပါတယ်။

ဂိမ်းထဲမှာ player က တိုင်ပြည်ကို အုပ်ချုပ်တဲ့သူနေရာက ကစားရမှာပါ။ Player က ခေါင်းဆောင်တစ်ယောက်အဖြစ် လယ်ကွင်းတွေ မိုင်းတွင်းတွေ ငါးဖမ်းလှေတွေ၊ ဈေးဆိုင်တွေနဲ့ ကုန်သွယ်မှု ဆိုင်ရာ တွေကို အပြည့်အဝ စီစဉ် လုပ်ဆောင်ရမှာပါ ။ ဂိမ်းထဲက ပတ်ဝန်းကျင်သဘာဝ ပတ်ဝန်ကျင် ကို စတွေ့တွေ့ခြင်းမှာပဲ ကြွေသွားအောင် ဂိမ်းဖန်တီးသူတွေက ပြုလုပ်ထားပါတယ်။

ဂိမ်းထဲမှာ အနိုင်ရဖို့အတွက် အသည်းအသန်မကြိုးပမ်းရပဲ ရှင်သန်ဖို့အတွက်နဲ့ ကိုယ်ပိုင် လူ့အဖွဲ့အစည်းလေးတည်ဆောက်နိုင်ဖို့ကိုသာ အေးအေးဆေးဆေးလေး ဆောင်ရွက်သွားရမှာပါ။
ဂိမ်းထဲမှာ ဆောက်ရွက်ရမယ့် အရာအားလုံးက မူရင်း PC ဂိမ်းနဲ့ တော်တော်လေးကို တူနေတာကြောင့် ကစားနေရင်း အရမ်းကို မိုက်ပါလားလို့ တောင် မှင်သက်မိသွားနိုင်ပါတယ်။

ကမ္ဘာကြီးတစ်ခုလုံးကို သေးငယ်တဲ့ မျက်နှာပြင်လေးထဲမှာ မြင်တွေ့ရအောင် ဖန်တီးထားတာပါ။အချို့စကားလုံးလေးတွေက နားလည်အောင် ဖတ်ဖို့ သိပ်ပြီး မလွယ်တာလေးတွေပါပါတယ်။ အကယ်၍ သင် အဲ့ဒီ စကားလုံးလေးတွေကို မဖတ်နိုင်ရင်လည်း စိတ်မပူပါနဲ့။ ကစားရင်းနဲ့ အဆင်ပြေသွားမှာပါ။

ဂိမ်းကစားနေရင်း ဘတ်ထရီ ကုန်မြန်တာကတော့ အိမ်မတ်ဆိုးပါပဲ။ဘာကြောင့်လဲဆိုတော့ ကစားတာ တစ်နာရီ မပြည့်ခင်မှာပဲ ဘတ်ထရီ အားကုန်သွားတတ်လို့ပါ။ Player အချို့ရဲ့ အတွေ့အကြုံအရ ဘတ်ထရီ အားသွင်းရင်း ကစားကြတယ်လို့ သိရပါတယ်။ ဒါပေမယ့် အန္တရာယ်များပါတယ်နော်။ မလုပ်သင့်ပါဘူး။ 😀

ဂိမ်းပုံစံလေးကတော့ စိတ်ဝင်စားဖို့ အရမ်းကိုကောင်းတဲ့အတွက် ခရီးရှည်ထွက်တဲ့အချိန်တို့ လေယာဉ်စီးတဲ့အချိန်တို့မှာ ကစားသွားရင်တော့ တော်တော်လေး မိုက်ပါတယ်။ ဒါပေမယ့် power bank တို့ အားသွင်းတဲ့နေရာတို့ ရှိဖို့တော့သေချာပေါက်လိုပါမယ်နော်…XDXD

Source – https://www.polygon.com

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password