ကိုယ်ထူကိုယ်ထစနစ်နဲ့ကိုယ်ပိုင်နိုင်ငံတော်ကြီးတည်ထောင်ချင်သော Mobile Player တွေအတွက် City Island: Builder Tycoon!

City Island ဂိမ်းကတော့ဒီဘက်ခေတ်ပုံစံလိုပါပဲ။ တိုးတက်တာကိုပြောချင်တာပါ။ အဆောက်အအုံအကြီးကြီးတွေ၊ ရုံးအကြီးကြီးတွေ၊ ဆိပ်ကမ်းအကြီးကြီးတွေ စတာတွေအပြင် များစွာသောအဆောက်အအုံတွေကိုမိတ်ဆွေတည်ထောင်မယ့်နိုင်ငံတော်မှာတွေ့မြင်ရမှာပါ။ ဒါပေမယ့် အဲ့ဒါတွေကိုဂိမ်းအစပိုင်းမှာတော့တွေ့ရမှာမဟုတ်ပါဘူး။ စစချင်းတွေ့ရမှာကတော့ဘာတစ်ခုမှမရှိတဲ့မြေကွက်အကြီးကြီးပဲဖြစ်ပါတယ်။အဲ့ဒီမြေကွက်အကြီးကြီးကမိတ်ဆွေအပိုင်ဖြစ်ပါတယ်။ မြေကွက်အကြီကြီးရှိနေပြီဆိုတော့ ကိုယ်ပိုင်နယ်မြေ(သို့) နိုင်ငံတော်ကိုမိတ်ဆွေစတင်တည်ထောင်နိုင်ပါပြီ။ စစချင်းမှာတော့တိုက်သေးသေးလေးတွေကိုပဲဆောက်နိုင်မှာဖြစ်ပါတယ်။အဲ့ဒီကနေမှ တိုက်အကြီးစားအလန်းစားတွေဆောက်နိုင်မှာပဲဖြစ်ပါတယ်။ဒီဂိမ်းမှာမိတ်ဆွေဆော့ရမယ့်အပိုင်းကနိုင်ငံ့ခေါင်းဆောင်နေရာကဆိုလည်းမမှားပါဘူး။

                                  

မိတ်ဆွေတည်ထောင်မယ့်နိုင်ငံမှာလူလေးတွေပါလာမှာပါ။ အဲ့ဒီလူလေးတွေကတော့မိတ်ဆွေနိုင်ငံကပြည်သူတွေလို့ပြောလို့ရပါတယ်။  မိတ်ဆွေဆောက်ပေးထားတဲ့ အဆောက်အအုံတွေနဲ့အဲဒီလူလေးတွေကိုနေရာထိုင်ခင်းပေးရမှာပါ။ ဒီဂိမ်းမှာမိတ်ဆွေကတိုက်တွေကြီးပဲဆောက်နေရမှာမဟုတ်ပါဘူး။ သွားလာရေးအတွက်လမ်းဖောက်တာတို့၊ လူလေးတွေအတွက်အလုပ်အကိုင်ပေးတာတို့ စတာတွေကိုလည်းလုပ်ဆောင်ရဦးမှာပါ။ အဲ့ဒီလူလေးတွေအတွက်မြစ်ကြီးတည်ဆောက်ပေးရတာကိုလည်းတွေ့ရမှာပါ။ မိတ်ဆွေကအဲ့ဒီလူလေးတွေကိုအလုပ်အကိုင်၊ နေရာထိုင်ခင်းပေးတာကြောင့် မိတ်ဆွေကအဲ့ဒီလူတွေဆီကနေပိုက်ဆံအနည်းငယ်ရရှိနေမှာဖြစ်ပါတယ်။ အခွန်ငွေလို့ပြောနိုင်ပါတယ်။ မိတ်ဆွေကအဲ့ဒီငွေတွေကိုအသုံးချပြီး မိမိနိုင်ငံတော်ကိုပိုပိုတိုးတက်အောင်လုပ်ဆောင်နိုင်ပါတယ်။

ဒါ့အပြင်အဲ့ဒီ Coin တွေနဲ့ မိတ်ဆွေရဲ့နိုင်ငံတော်ကိုအလှဆင်နိုင်တာကိုလည်းတွေ့ရမှာပါ။ တိုက်တွေဆောက်၊ လမ်းတွေဖောက်၊ မြစ်တွေဆောက် ရုံတင်မကပဲ မိတ်ဆွေနိုင်ငံမှာရှိမယ့်လူလေးတွေအတွက် အပန်းဖြေစရာနေရာဖြစ်တယ့် ပန်းခြံ၊ ရုပ်ရှင်ရုံ၊ ပြတိုက်၊ စာကြည့်တိုက်အပြင် ရေနဲ့နီးရာဆိုရင် သဲလေးတွေနဲ့ ကမ်းခြေပါဆောက်ပေးလို့ရမှာပါ။ ဆိပ်ကမ်းတွေရှိတယ့်အလျောက် ရေလမ်းခရီးက ဓားပြတွေကိုဖမ်းဆီးရဦးမှာပါ။ အဲ့ဒီဓားပြတွေကိုဖမ်းဆီးနိုင်ရင်သူတို့ဆီက ရတနာတွေရရှိမှာပါ။ ဒါ့အပြင်ကိုယ်မရောက်ဖူးသေးတယ့်နယ်မြေတွေကို သွားရောက်နယ်ချဲ့နိုင်ပါသေးတယ်။

ကယ် ဒီဂိမ်းထဲမှာတော့ မိတ်ဆွေက Power အရှိဆုံးပါပဲ။ အဲ့ဒီ Power  လုပ်ပိုင်ခွင့်ကိုအသုံးချမှုကတော့မိတ်ဆွေပေါ်မှာပဲမှုတည်နေတာပါ။ ဒီဂိမ်းဟာ ကိုယ်ပိုင် Virtual World တစ်ခုကိုစိတ်ကြိုက်ဖန်တီးနိုင်တာကြောင့်မိတ်ဆွေကြိုက်မှာပါ။ ကိုယ်ပိုင် Empire တည်ထောင်ရတာကြိုက်တဲ့သူတွေနဲ့ဆို အံကိုက်ပါပဲ။ ဒီနိုင်ငံတော်တည်ထောင်ရတာဘယ်လိုလဲမသိတာကိုစိတ်မပူပါနဲ့။ City Advisor တစ်ယောက်ကမိတ်ဆွေဘေးနားမှာအမြဲရှိနေမှာကြောင့်ပါ။

ဒီဂိမ်းမှာမိတ်ဆွေက အဆောက်အအုံ တစ်ရာကျော်ကိုတွေ့ရမှာပါ။ High quality Graphic သုံးထားတာကိုလည်းတွေ့ရမှာပါ။ Free To Play ပါ။ Android အမျိုးအစားဖြစ်ပြီး Tablet တွေကိုလည်း Support ပေးထားတာကြောင့် Tablet တွေမှာလည်းဆော့နိုင်တာကြောင့် ကိုယ်ပိုင် Virtual World တစ်ခုဖန်တီးချင်သော Mobile Player များအတွက်သတင်းပေးလိုက်ပါတယ်။

Image Source:

https://play.google.com/store/apps/details?id=com.sparklingsociety.cityisland&hl=en

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password