News

တရုတ်ဘာသာစကားဖြင့် ထွက်ရှိနေပြီဖြစ်တဲ့ Tencent ရဲ့ Hunter X Hunter mobile ဂိမ်းအသစ်

မကြာသေးခင်ကမှ Hunter X Hunter ဂိမ်းကို စမတ်ဖုန်းတွေအတွက် ထွက်ရှိလာဖို့အတွက် Tencent မှခွင့်ပြုချက်လိုင်စင်ရရှိခဲ့တာပါ။ ဂိမ်းထဲမှာ နာမည်ကြီး anime ရဲ့ ပရိသတ်တွေ သူတို့အကြိုက်ဆုံး ဇာတ်ကောင်တွေရဲ့နေရာကနေ ကစားနိုင်မယ့် အခွင့်အရေးရမှာဖြစ်ပါတယ်။ ဒါ့အပြင် Story Mode နေရာကနေ ကစားမယ်ဆိုရင်လည်း manga ထဲကို လူကိုယ်တိုင် ရောက်သွားသလို ခံစားရမှာဖြစ်ပါတယ်။

ကစားတဲ့အခါမှာ ကိုယ့်အကြိုက်နဲ့ ကိုက်ညီမှု ရှိ/မရှိ သိရဖို့အတွက် မကစားခင်မှာ ဂိမ်းရဲ့ ပုံစံလေးကို နည်းနည်းပြောပေးပါမယ်နော်။ ဂိမ်းရဲ့အကြောင်းအရာလေးက Gon လို့ခေါ်တဲ့ လူငယ်ကောင်လေးတစ်ယောက်အကြောင်း ဖြစ်ပါတယ်။ Gon ရဲ့ အကြီးမားဆုံးသော အိမ်မက်က ထူးခြားဆန်းကျယ်တဲ့ နေရာတွေကို လျှောက်လည်ပြီး အန္တရာယ် အရှိဆုံးမစ်ရှင်တွေ ကိုကျော်ဖြတ်ကာ ရာဇဝတ်သားတွေကို အမဲလိုက်ခြင်းနဲ့ ဖုံးကွယ်ခြင်းခံထားရတဲ့ ရတနာတွေကို ရှာဖွေခြင်းတို့ကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။ Hunter တစ်ယောက်အဖြစ်ဆောင်ရွက်ချင်တဲ့ Gon ရဲ့ ရည်မှန်းချက်က သူ့အဖေ Greg ကို ရှာဖွေနိုင်ဖို့ အတွက်ဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီ ရည်မှန်းချက်ကိုရောက်ဖို့ အတွက် အခက်အခဲအတားအဆီးအများကြီးကို ကျော်ဖျက်နိုင်ဖို့ လိုပါသေးတယ်။

ကံကောင်းစွာနဲ့ပဲ Hunter X Hunter mobile ဂိမ်းထဲမှာတောင်မှ player က တစ်ယောက်တည်း လုပ်ဆောင်ရမှာမဟုတ်ပါဘူး။ အခြား သူ့ရဲ့ သူငယ်ချင်း ဇာတ်ကောင်တွေဖြစ်တဲ့ Killua, Leorio, နှင့် Kurapika တို့ကလည်း သူ့ရဲ့ လမ်းခရီးတစ်လျှောက် အကူအညီပေးမှာဖြစ်ပါတယ်။ အဲ့တော့ သူ့ရဲ့ အဖေကို ရှာဖွေဖို့အတွက် သွားမယ့်ခရီးလမ်းမှာ သူ့ရဲ့ အခြား ဇာတ်ကောင် သူငယ်ချင်းတွေနဲ့ အတူတူ ရန်သူတွေကို တိုက်ခိုက်ရမယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့နော်။ ဂိမ်းရဲ့ story ထဲမှာတော့ player က အဓိက ဇာတ်ကောင်ပဲဖြစ်ပါတယ်။

Hunter X Hunter mobile ဂိမ်းရဲ့ Gameplay ပုံစံက straight beat-em-up ပုံစံနဲ့ဆင်တူပါတယ်။ အဲ့ဒီမှာ player တွေက ဂိမ်းအရှိန်မြင့်လာတာနဲ့အမျှ ပိုပိုပြီးတိုးတက်လာတဲ့ စွမ်းအင်တွေကို သူတို့ရဲ့ လမ်းကြောင်းတစ်လျှောက်မှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Gameplay ပုံစံလေးကို အောက်မှာကြည့်နိုင်ပါတယ်။

ဂိမ်းကို Android နဲ့ iOS အတွက် ထွက်ရှိဖို့ အတည်ပြုထားခဲ့ပြီးတာတော့ ကြာပါပြီ။ ဒါပေမယ့် တရုတ်ပြည်တစ်ခုတည်းမှာပဲ ကစား လို့ရသေးတယ်လို့သိရပါတယ်။ အကယ်၍ သင့်ရဲ့ App Store နဲ့ Play Store က China region ဆိုရင်တော့ ကစားလို့ရမှာပါ။ Worldwide အနေနဲ့ တရားဝင်ထွက်ရှိလာမယ့်အချိန်ကိုတော့ အခုချိန်ထိ မသိရသေးပါဘူး။ ကြေလည်းမကြေညာ ထားသေးပါဘူး။ ဒါပေမယ့် သူ တရားဝင်ထွက်ရှိလာမယ့် အချိန်ကြရင်တော့ သူ့ရဲ့ အမာခံပရိသတ်တွေနဲ့တင် Worldwide ဗားရှင်းထွက်ဖို့ လုံးဝကို အဆင်သင့်ဖြစ်နေမှာပါ။

Ref

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password