ArticleNews

တရုတ်အစိုးရရဲ့ တားမြစ်ခြင်းခံလိုက်ရတဲ့ နာမည်ကြီး ဂိမ်း ၃ခု

Playon က ဘော်ဘော်တို့ရေ… တရုတ်အစိုးရက တားမြစ်လိုက်တဲ့ဂိမ်းတွေအကြောင်းကို သိပြီးကြပြီလား??? မသိသေးဘူးဆိုရင် အခု အကြောင်းအရာကို လုံးဝ မကျော်သွားသင့်ဘူးနော်။ ဘာကြောင့်လဲဆိုတော့ အဘန်းခံလိုက်ရတဲ့ ဂိမ်း ၃ခုက အားလုံး သိနှင့်ပြီးသား ဂိမ်းတွေဖြစ်နေလို့ပါ။ ဘယ်ဂိမ်းတွေ ဖြစ်မယ်လို့ထင်ကြလဲ??? ခေါင်းစဉ်မှာ ဂိမ်း ၃ခု လို့ ပဲ ဖော်ပြထားပေမယ့် တကယ်တမ်းက ဂိမ်း ၃ခု ထက် ပိုပါတယ်။ သူတို့တွေကိုလည်း ဂိမ်မာ တော်တော်များများ သိကြပါတယ်။

အခုလ အစောပိုင်းတုန်းက တရုတ်နိုင်ငံ အစိုးရက Online Ethics Review Committee ကို ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။ အဆိုပါ အဖွဲ့က နိုင်ငံရဲ့ လူမှုရေးနှင့်ကျင့်ဝတ် စည်းမျဉ်းတွေကို ချိုးဖောက်တဲ့ အွန်လိုင်းဂိမ်းတွေကို ရှာဖွေ အရေးယူခဲ့ပါတယ်။ Online Ethics Review Committee က စည်းမျဉ်းဖောက်တယ်လို့ ယူဆထားတဲ့ ဂိမ်းတွေကို ပြန်လည် စစ်ဆေးခဲ့ပြီး developer တွေထံကိုလည်း အကြောင်းကြားစာတွေ ပို့တယ်လို့ သိရပါတယ်။

ပထမဆုံး ရွေးချယ်လိုက်တဲ့ စာရင်းမှာတင် စုစုပေါင်း အွန်လိုင်းဂိမ်း ၂၀ ပါဝင်ခဲ့ပါတယ်။ သူတို့တွေထဲက ၁၁ ခုကို ကော်မတီဘက်က ပြန်လည် ပြင်ဆင် ဖို့ ခွင့်ပြုပေးခဲ့ပြီး အခြား ၉ ခုကတော့ နိုင်ငံအတွင်း တားမြစ်ထားတဲ့ ဂိမ်း စာရင်းထဲကို ရောက်ခဲ့ပါတယ်။ သူတို့  ၉ ခုထဲမှာ လတ်တလော အဟော့ဆုံး ဂိမ်းတွေဖြစ်ကြတဲ့ Fortnite, PUBG နဲ့ Paladins တို့လည်း ပါဝင်ကြပါတယ်။ (ဒါကတော့ လုံးဝ ကြေကွဲစရာကြီးပါ)

စာရင်းထဲက ဂိမ်းအများစုက Tencent နဲ့ NetEase တို့လို company တွေက ထုတ်လုပ်တာဖြစ်တာကြောင့် အနောက်တိုင်းမှာထက် တရုတ်ပြည်မှာ ပိုပြီး နာမည်ကြီးကြပါတယ်။ သူတို့တွေထဲက ၁၀ ခုဆို အနောက်တိုင်းမှာလည်း တော်တော်ကို နာမည်ကြီးတဲ့ League of Legends, Overwatch နဲ့ Fortnite တို့တွေပါ။

Reddit post တစ်ခုရဲ့ အဆိုအရ Riot ရဲ့ MOBA feature တွေက အမျိုးသမီး ဇာတ်ကောင်တွေကို အရမ်းဦးစားပေးပြီး ဂိမ်းနဲ့ မလိုက်ဖက်တဲ့ chat room တွေကို သုံးထားတာကြောင့် ခုလိုအဘန်းခံ ရတာလို့ သိရပါတယ်။ ဒီအကြောင်းအရာက League of Legends အဖွဲ့အစည်းမှာ ယဉ်ကျေးရိုးသားစွာ ကစားနေတဲ့ gamer တွေ ကို စော်ကား လိုက်သလိုပါပဲ။

Overwatch, Diablo နဲ့ WoW တို့လည်း တားမြစ်တဲ့ ဂိမ်းစာရင်းထဲမှာပါတယ်လို့ သိရပါတယ်။ Blizzard ရဲ့ FPS ကိုတော့ မှားယွန်းတဲ့ ပုဂ်ဂိုလ်စွဲတွေကို အားပေးအားမြောက် ပြုလုပ်လို့ ဆိုပြီး ဘန်းတာဖြစ်တယ်လို့ သိရပါတယ်။ အဘန်းခံရတဲ့ ဂိမ်းအများစုက battle royale ဂိမ်းတွေဖြစ်ကြပါတယ်။ နာမည်ကြီး ဂိမ်းတွေ ဖြစ်တဲ့ PUBG, Fortnite, H1Z1 နဲ့ Ring of Elysium တို့ ပါဝင်တာကတော့ တရုတ်ပြည်က ချိဖတို့ အတွက် တကယ့်ကို သတင်းဆိုးတစ်ခုပါပဲ။ သူတို့ အားလုံးကို “သွေးထွက်သံယို” (blood and gore) တွေပါတယ်ဆိုပြီး ဘန်းတာဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ ပြောစရာရှိလာပါပြီ။ ဘာကြောင့်လဲဆိုတော့ Fortnite မှာ သွေးထွက်သံယို effect တွေ လုံးဝကို တွေ့ရခဲပါတယ်။ တရုတ်ပြည် အစိုးရက ဘယ်လိုတောင် သုံးသပ်လိုက်တာပါလိမ့်နော်။ 😂)

နောက်ထပ် shooter ဂိမ်းတစ်ခုဖြစ်တဲ့ Paladins ကိုတော့ “အမျိုးသမီး ဇာတ်ကောင်များအား အလွန်အမင်း အသုံးချခြင်း”၊ “သွေးထွက်သံယို ပုံရိပ်များ သုံးခြင်း” နဲ့ “ရိုင်းပြသော အကြောင်းအရာပါ ပါဝင်ခြင်း” တို့ကြောင့် ဘန်းလိုက်တာ လို့ သိရပါတယ်။

အဘန်းခံရတဲ့ ဂိမ်း ၂၀ စာရင်းမှာ Tencent က ၆ ကြိမ်၊ Blizzard နဲ့ NetEase တို့က ၃ ကြိမ်နဲ့ ၄ ကြိမ်စီ အသီးသီး ပါဝင်ကြတယ်လို့ သိရပါတယ်။ လတ်တလော သတင်းအရ Fortnite, PUBG, H1Z1, Ring of Elysium နဲ့ Paladins တို့ကို တော့ တားမြစ် ပိတ်ပင်လိုက်ပြီလို့ သိရပါတယ်။ အခြား ပေါ်ပျူလာ ဂိမ်းတွေဖြစ်ကြတဲ့ Riot ရဲ့ League of Legends နဲ့ Blizzard ဂိမ်းတွေဖြစ်တဲ့ Overwatch, Diablo နဲ့ World of Warcraft တို့ကိုတော့ မတားဖြစ်ထားသေးပါဘူးတဲ့။ ဒါပေမယ့် ပြန်လည် ပြင်ဆင်ပေးရမယ်လို့ warning ပေးထားတယ်လို့ သိရပါတယ်။ အတားမြစ်ခံရတဲ့ ဂိမ်းတွေနဲ့ ပြင်ဆင်ဖို့ warning အပေးခံရတဲ့ ဂိမ်း ၂၀ ကို အောက်မှာ ဖော်ပြပေးထားပါတယ်။

Ref: 1, 2

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password