News

တရုတ်ပြည်မှာ eSports ကို အသက်မွေးဝမ်းကျောင်းတစ်ခုအဖြစ် တရားဝင်အသိအမှတ်ပြုလိုက်ပါပြီတဲ့…

ဒီတစ်ခေါက်မှာတော့ တရုတ် Esports အတွက် သတင်းကောင်းတစ်ခုနဲ့ မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။ အဲ့ဒါကတော့ ကမ္ဘာ့နာမည်ကြီးနိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ တရုတ်နိုင်မှာ esports ကို အသက်မွေးဝမ်းကျောင်းအဖြစ် တရားဝင်အသိအမှတ်ပြုလိုက်တဲ့ သတင်းပဲဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီးဌာန (CMHRSS) ဟာဆိုရင် ဇန်နဝါရီလ ၂၅ရက်နေ့တုန်းက Esports အတတ်ပညာ နဲ့ Esports လုပ်ငန်း နှစ်မျိုးကို သက်မွေးမှုပညာအဖြစ် သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။ Esports အတတ်ပညာဆိုသည့်ခေါင်းစဉ်မှာ Esports ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ကစားတဲ့ ကစားသမားတွေ ၊ Esports event တွေမှာ ဖျော်ဖြေတဲ့သူတွေနဲ့ လေ့ကျင့်ထားတဲ့ကစားသမားများ အကျုံးဝင်တယ်လို့ ဖော်ပြထားပါတယ်။

Esports လုပ်ငန်းထဲမှာတော့ Esports ပြိုင်ပွဲတွေကို စီစဉ်ပေးတဲ့သူတွေ ဖွဲ့စည်းပေးတဲ့သူတွေ ပါဝင်တယ်လို သိရပါတယ်။ တရုတ်နိုင်ငံမှာ Esports နဲ့ပတ်သတ်ပြီး ကျယ်ကျယ်ပြန့်ပြန့် ချဲ့ထွင်မှုတွေရှိလာသလို ကစားသမားများကိုလည်း သမာသမတ်ကျကျ ယှဉ်ပြိုင်ကစားနိုင်စေဖို့ တင်းကြပ်လျှက်ရှိပါတယ်။ တင်းကြပ်မှုတွေထဲက တစ်ခုကတော့ “account boosting” ပဲဖြစ်ပါတယ်။ Account boosting ဆိုတာကတော့ ကစားသမားတစ်ယောက်က မိမိ rank တတ်စေဖို့အတွက် အခြား player တစ်ယောက်ရဲ့ account ကို အသုံးချခြင်းပဲဖြစ်ပါတယ်။

အဆိုပါ Account Boosting နဲ့ပတ်သတ်ပြီး LMQ League of Legends ရဲ့ ကစားသမားဟောင်းဖြစ်သူ Yu “XiaoWeiXiao” Xian ဟာ ပြီးခဲ့တဲ့ သြဂုတ်လကစပြီး တစ်နှစ်တိတိ အဘန်းခံခဲ့ရပါတယ်။ Philadelphia Fusion ကစားသမားSu-min “SADO”Kim ဆိုသူဟာလည်း account boosting ကိစ္စနဲ့ပတ်သတ်ပြီး Overwatch League ကနေ အနားပေးခြင်းခံခဲ့ရတာပါ။ ၂၀၁၈ သြဂုတ်တုန်းကလည်း အဲ့ဒီboosting ကိစ္စပဲ ပတ်သတ်ပြီး Overwatch account ၁၄၀၀ အဘန်းခံခဲ့ရပါတယ်။ အဆိုပါ account boosting ပြစ်ဒဏ်ကို ပြန်လည် ပြင်ဆင်ဖို့ ရှိမရှိကတော့ အခုထိ မသေချာသေးပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် အခုလို Esports အတတ်ပညာရှင်တွေနဲ့ လုပ်ငန်းတွေကို profession တစ်ခုအဖြစ် အသိအမှတ်ပြုလိုက်တာကိုက တရုတ်ပြည်ရဲ့ esports အခွင့်အလန်းကို လမ်းဖွင့်ပေးလိုက်တာဖြစ်တယ်လို့ အက်မင်ကတော့ မြင်ပါတယ်။

Source – https://dotesports.com

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password