အသံကိုအသုံးပြုပြီးကစားရမယ့် Scream Chicken!

In-game ထဲရောက်တာနဲ့ ဖုန်း Screen ကိုလက်နဲ့ထိစရာမလိုပဲ အသံတစ်ခုတည်းနဲ့ဆော့ကစားနိုင်တဲ့ဂိမ်းလေးဖြစ်ပါတယ်။ တခြားဂိမ်းတော်တော်များများကအနည်းဆုံးဖုန်း Screen ကိုတော့ထိပြီးဆော့ရတာပါ။ ဒါပေမဲ့ Chicken Scream ဆိုတဲ့ဂိမ်းလေးကတော့ ဖုန်း Screen ကိုတောင်ထိစရာမလိုဘဲ အသံတစ်ခုတည်းရှိရုံနဲ့တင်ဆော့နိုင်တာကြောင့် ထူးခြားတဲ့ဂိမ်းလေးလဲဖြစ်ပါတယ်။ အသံကိုသုံးပြီးဆော့ရမယ့်ဂိမ်းဖြစ်တာကြောင့် မိတ်ဆွေနဲ့သိပ်ရင်းနှီးဦးမှာတော့မဟုတ်ပါဘူး။

ဒီဂိမ်းမှာမိတ်ဆွေရဲ့ Character ကတော့ ကြက်ပေါက်ကလေးပဲဖြစ်ပါတယ်။ အဲ့ဒီကြက်ပေါက်ကမိတ်ဆွေမရွေ့ရင် ဘယ်မှသွားမှာမဟုတ်ပါဘူး။ ဘယ်လိုရွေ့အောင်လုပ်ရမလဲဆိုရင် မိတ်ဆွေရဲ့ အသံနဲ့ပါ။ အသံတိုးတိုးလေးထွက်တယ်ဆိုရင်အရှေ့ကိုဆက်တိုက်သွားနေမှာပါ။ အရှေ့ကိုဆက်တိုက်သွားနေရုံနဲ့မပြီးသေးပါဘူး၊ အရှေ့မှာက ချောက်ကမ်းပါးတွေ၊ ထောင်ချောက်တွေရှိနေမှာကြောင့် ခုန်တာတော့လိုအပ်လာပါပြီ။ ဘယ်လိုခုန်မလဲဆိုတော့ မိတ်ဆွေရဲ့အသံကျယ်ကျယ်နဲ့ပါ။ မိတ်ဆွေက အသံကျယ်ကျယ်နဲ့အော်လိုက်ရင် ကြက်ပေါက်ကခုန်တက်သွားမှာဖြစ်ပါတယ်။

 

အဲ့တော့ဒီဂိမ်းမှာမိတ်ဆွေကအသံကို ထိန်းချုပ်နိုင်ရင်အဆင်ပြေပါပြီ။ အရှေ့ကိုသွားရမယ့်နေရာမှာ အသံတိုးတိုးထွက်ပြီး၊ ခုန်ရမယ့်နေရာမှာအသံကျယ်ကျယ်ထွက်နိုင်ရင်အဆင်ပြေပါပြီ။ ဆော့ရတာလွယ်ကူရိုးရှင်းတယ်ဆိုပေမယ့် ရောက်တဲ့နေရာတိုင်းမှာဆော့ဖို့တော့ အဆင်မပြေလောက်ပါဘူး။ ဒီဂိမ်းက အသံနဲ့ဆော့ရတဲ့ဂိမ်းဖြစ်တာကြောင့် လူအများအပြားရှိတဲ့နေရာတွေဖြစ်တဲ့ Bus ပေါ်မှာတို့၊ ရထားပေါ်မှာတို့၊ ရုံးမှာတို့ ဆော့ရင်အဆင်မပြေလောက်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီဂိမ်းကိုဆော့လိုက်တာနဲ့ မိတ်ဆွေရဲ့ အသံလုံးကြီးတွဲပါလာမှာမို့လို့ပါ။

 

2D ဂိမ်းအမျိုးအစားဖြစ်ပါတယ်။ ဂိမ်းထဲကို စစချင်းဝင်တဲ့အခါ Adventure နဲ့ Classic ဆိုပြီး Option နှစ်ခုပေးထားမှာပါ။ Adventure ထဲဝင်ကြည့်ရင် Dimension 5 ခုရှိနေမှာပါ။ Dimension တစ်ခုဆီမှာ Level 25 ခုပါဝင်မှာဖြစ်ပါတယ်။ Adventure မှာတော့ Level တွေပိုင်းထားတာကြောင့်အဆုံးရှိပါတယ်။ Classic ကတော့ Endless ဖြစ်လို့မိတ်ဆွေသွားနိုင်ခဲ့တဲ့ Score တွေထဲက အကောင်းဆုံး Score ကို Best Score အနေနဲ့သတ်မှတ်ပေးထားမှာဖြစ်ပါတယ်။ မိတ်ဆွေကအဲ့ဒီ Best Score ထက်ကျော်အောင်ဆော့ရုံပါပဲ။ Chicken Scream ဂိမ်းလေးဟာ 2017 ထဲမှာပဲထွက်ရှိထားပြီး Social Media ပေါ်က Celebrity တော်တော်များများကလည်းဒီဂိမ်းလေးဆော့ပြီး Funny Video အနေနဲ့တင်ထားတာကိုတွေ့ရမှာပါ။

Free To Play ပါ။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာ ကစားနိုင်ပြီး ထူးခြားတဲ့ ဂိမ်းလေးတစ်ခုဖြစ်တာကြောင့်မိတ်ဆွေအားသတင်းပေးလိုက်ပါတယ်။

Search Box ကိုတကူးတကပြန်မသွားချင်သူများအတွက် အောက်မှာ Download Link လေးပေးထားပါတယ်။

Download Link – https://playon.com/scream-chicken/

 

 

Source: Chicken Scream – Android Apps on Google Play

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password