Reviews

Chess ကစားနည်းကို လေ့လာချင်သူတွေအတွက်ရော ပညာရှင်တွေအတွက်ပါ အသုံးဝင်တဲ့ Chess – Play & Learn

မြန်မာလို အဓိပ္ပါယ် စစ်တုရင်လို့ ခေါ်ဝေါ်တဲ့ chess ကစားနည်းဟာ လွန်ခဲ့တဲ့ အေဒီ ၆ ရာစုကတည်း ကအိန္ဒိယနိုင်ငံမှာ စတင်ပေါ်ပေါက်ခဲ့တဲ့ ဂိမ်းတစ်မျိုးဖြစ်တယ်လို့သိရပါတယ်။ ဒါပေမယ့် သမိုင်းပညာရှင်အများစုကတော့ တရုတ်နိုင်ငံက စတင်ခဲ့တဲ့ ကစားနည်းဖြစ်တယ်လို့ ယုံကြည်ထားကြပါတယ်။ Chess ကစားခြင်းကြောင့် ဦးနှောက်အိုင်ကျူ ဖွံ့ဖြိုးခြင်း၊ ဖန်တီးနိုင်မှုစွမ်းအား တိုးတက်ခြင်း၊ မှတ်ဉာဏ်ကောင်းမွန်ခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။ ရှေးနှစ်ပေါင်းများစွာကတည်းက နာမည်ကြီးခဲ့တဲ့ chess ကစားနည်း ဟာအခုဆိုရင် သက်တမ်း ၁၅၀၀ လောက်ရှိပြီနေပါပြီ။

အမြင်အားဖြင့် လွယ်ကူတယ်ထင်ရပေမယ့် နက်နဲတဲ့ စဉ်းစားတွေးခေါ်မှုတွေနဲ့ ပေါင်းစပ်ထားတဲ့ chess ကစားနည်းကို အရင်က chess board ပြား ရှိမှ ကစားလို့ရတာပါ။ ဒါပေမယ့် အခု အချိန်တိုင်းနေရာတိုင်းကို အလွယ်တကူသယ်ပြီး ကစားလို့ရတဲ့ app တွေပေါ်ပေါက်နေပြီဖြစ်လို့ သူတို့တွေထဲက တစ်ခုဖြစ်တဲ့ Chess – Play & Learn အကြောင်းနဲ့ မိတ်ဆက်ပေးပါမယ်။


Chess – Play & Learn ထဲမှာ ကိုယ့်သူငယ်ချင်းတွေနဲ့သာမက နိုင်ငံတကာက chess players တွေနဲ့ ယှဉ်ပြိုင်ကစားနိုင်မယ့် အခွင့်အရေးတွေ ရှိပါတယ်။ ဖြေရှင်းဖို့ puzzles ၆၅၀၀၀ ကျော်ပါဝင်ပြီး level များလာတာနဲ့အမျှ skills တွေတက်လာမှာပါ။ Chess ကစားနည်း tutorials video ဖိုင်တွေကြည့်လို့ရတဲ့အပြင် မှားတဲ့အကွက်ကိုပါ ဘာမှားသွားလဲ ပြန်လေ့လာလို့ရတဲ့အတွက် ကစားတတ်တဲ့သူရော အခုမှစကစားဖူးတဲ့သူတွေရောအတွက် အဆင်ပြေပါတယ်။

 

For iOS

Features အပြည့်အစုံကို ဝယ်ယူချင်ရင် Gold Membership ($4.99/month, $29.99/annual), Platinum Membership ($6.99/month, $49.99/annual) နဲ့ Diamond Membership ($14.99/month, $99.99/annual) ပေးပြီး ဝယ်ယူနိုင်ပါတယ်။ နေထိုင်တဲ့ နိုင်ငံအပေါ်မူတည်ပြီး ဈေးနှုန်းအပြောင်းအလဲရှိပါတယ်။

Android, iOS နှစ်မျိုးစလုံးနဲ့ free download လုပ်ယူကစားနိုင်ပါတယ်။

 

Image Source – Chess – Play & Learn

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password