Reviews

ပြင်းထန်တဲ့ တိုက်ပွဲတွေနဲ့ သင့်ကို့ စောင့်ကြိုနေမယ့် Chaos Reborn: Adventures

ဒီဂိမ်းလေးကတော့ ကစားနေရင်းနဲ့ ကို ပါးစပ်အဟောင်းသားဖြစ်သွားစေမယ့် ဂိမ်းလေးပါ။ သူ့ကို X-COM ရဲ့ ဖန်တီးရှင် Julian Gollop ကပဲ ဒီဇိုင်းဆွဲ ဖန်တီးထားတာဖြစ်ပါတယ်။ ဂိမ်းရဲ့ နာမည်ကို Chaos Reborn: Adventures လို့ပေးထားပါတယ်။ ဂိမ်းထဲမှာ တွေရမယ့် theme တွေအားလုံးက စိတ်လှုပ်ရှားဖို့ကောင်းတဲ့ fantasy theme တွေချည်းပါပဲ။ အဲ့ထဲမှာ wizard နှစ်ယောက်က battle map ထဲမှာ မျက်နှာချင်းဆိုင် တွေ့ပြီး စိန်ခေါ်တိုက်ပွဲ ဝင်ရမှာပါ။

Chaos Reborn က mobile ပေါ်မှာပဲ ကစားလို့ရနိုင်တဲ့ ဂိမ်းမဟုတ်ပါဘူး။ သူ့ကို PC ပေါ်မှာလည်း ကစားလို့ရနိုင်ပါတယ်။ ဈေးနှုန်းကတော့ PC ရော mobile ရော ဈေးနှုန်းအတူတူပါပဲ။ သူ့ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၉.၉၉ ပါ။ ဒါပေမယ့် ဒီဈေးနှုန်းလောက်နဲ့ စိန်ခေါ်မှု ပြင်းထန်ပြီး ကစားပြီးရင် မရပ်ချင်လောက်အောင် ဆွဲဆောင်မှု ပြင်းထန်တဲ့ ဂိမ်းကို ကစားရမယ်ဆိုတော့ လုံးဝကို တန်ပါတယ်နော်။

ဂိမ်းထဲမှာ offline single-player story campaign နဲ့ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ multiplayer mode တွေကနေပြီး များပြားလှတဲ့ ဆုလာဒ်ဆောင်တွေကို ရယူနိုင်ပါတယ်။ ဂိမ်းထဲမှာ ငွေနဲ့ထပ်ပေးပြီး ဝယ်ရတဲ့ loot boxes တွေ ထပ်ပြီး ပါဝင်လာတော့မှာမဟုတ်တော့ဘူးလို့တော့ ကြားပါတယ်။ အဲ့တာတွေတင်မကသေးပါဘူး Chaos Reborn မှာ ရွေးချယ်ကစားနိုင်မယ့် RPG,cards, Chess နဲ့ အခြား အမျိုးအစားစုံတဲ့ factor တွေ အများကြီး ပါဝင်ပါတယ်။

နမူနာ ဗီဒီယိုလေးကတော့ အရမ်းကို မိုက်ပါတယ်။ ကစားစား မကစားစား တစ်ချက်လောက် ဝင်ရှိုးလိုက်ပါဦးနော်။

Download link – Android/ iOS

Ref: Androidpit

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: