News

မြေပုံအသစ်နှင့်အတူ ပြောင်းလဲလာမှုအချို့ Rules of Survival New Map : Fearless Fiord

Shooting ဂိမ်းတစ်ခုဖြစ်တဲ့ Rule of Survival အမည်ရတဲ့ ဂိမ်းဟာ မမျှော်လင့်ထားဘဲ နှစ်လ သုံးလအတွင်း Download ဆွဲသူအများအပြားသာမက active players အများအပြားဆော့ကစားသူများနဲ့အတူ ၄င်းဂိမ်းဟာလည်း အောင်မြင်မှုကို သိသိသာသာ ရရှိလာတာလည်း ဖြစ်ပါတယ်။ Mobile ဂိမ်းလောကကို လှုပ်ကိုင်နိုင်ခြင်းနဲ့အတူ Februar 7 ရက်နေ့မှာတော့ ၄င်းတို့ရဲ့ update လို့ပြောရမယ့် Map အသစ်ကို ROS players များအတွက် အကောင်အထည်ဖော်နိုင်ခဲ့ပြီလို့ ဆိုရမှာပါ။ Playon မိတ်ဆွေများအနေဖြင့်လည်း မြေပုံအသစ်နဲ့ အတူ ဘယ်လိုပြောင်းလဲမှုတွေရှိလာသလဲ ဆိုတာကို ကျွန်တော်နဲ့အတူလေ့လာကြည့်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

ပြောင်းလဲမှုအနေနဲ့ ပထမဆုံးကတော့ battle ground ကို အရင်ပြောရမှာပါ။ အရင် Map ထက်ပိုပြီးတော့ မြေပုံ ဧရိယာ အနေနဲ့ 64 စတုရန်း ကီလိုမီတာ ကျယ်ဝန်းသွားပြီး မြေပြင်အနေအထားများအနေနဲ့  ရွှံ့ဗွက်အိုင်၊ ပန်းခင်းများ၊ နဲ့အတူ မိုင်းတွင်းများလည်း ပါဝင်လာတာကို တွေ့မြင်ရမှာပါ။ ဒါ့အပြင် Ranked ပွဲများမှာ အရင်က Solo မှာ Player များ ၁၂၀ ထိသာ ပါဝင်နိုင်ခဲ့ပေမယ့် အခုတစ်ခါ Map အသစ်မှာတော့ Solo player အယောက် ၃၀၀ ပါဝင်လာအောင် ပြုလုပ်ခဲ့ပါတယ်။ Squad mode မှာတော့ Player အယောက် ၁၂၀ အထိပါဝင်လာပါတယ်။ လူအရေအတွက်များ တိုးမြင့်လိုက်တဲ့အတွက် Solo player များအတွက်ကတော့ အရင်Map ထက်ပိုပြီး သတိအကြီးကြီးနဲ့ ဆော့ကစားရမယ်လို့တော့ ကျွန်တော့ အနေနဲ့ မြင်မိပါတယ်။

နောက်တစ်ခုကတော့ စီးတော်ယာဉ် လို့ပြောရမယ့် မော်တော်ကားများနဲ့အတူ အခြားအသစ်သော ယာဉ်အမျိုးအစားများဟာလည်း ပါဝင်လာတာကို တွေ့ရပါတယ်။ Hand Glider ကတော့ လေပေါ်မှာ ပျံသန်းနိုင်ပြီး စုစုပေါင်း လူ၅ ယောက်အများဆုံးအသုံးပြုစီးနှင်း နိုင်တဲ့အတွက် Fireteam ဆော့တဲ့ မိတ်ဆွေများအနေနဲ့ ရယူ နိုင်မှာလည်း ဖြစ်ပါတယ်။ တစ်ကယ်လို့ လေပေါ် မပျံချင်တဲ့သူများအတွက်လည်း ခါတိုင်း ကားတစ်စီးမှာ အများဆုံးလူ ၄ ယောက်သာ စီးနိုင်ပေးမယ့် အခုတစ်ခါ Map အသစ်မှာတော့ ကုန်းပေါ်သာမက မြေပြင်ပေါ်မှာ မောင်းနှင်းနိုင်တဲ့ Hovercraft ကားပါဝင်လာပြီးတော့ သူလည်းဘဲ လူ၅ ယောက်စီးနှင်းနိုင်တဲ့အတွက် အရင် Map မှာ Fireteam ဆော့တဲ့ bro တို့ sis တို့အနေနဲ့ ကိုယ့် Team အဖွဲ့ဝင်များ အားလုံးတစ်စုတစ်စည်းထဲ သွားလာနိုင်ပြီ ဆိုတော့ ပျော်ရတာပေါ့ဗျာ။ ဒါတင်မကဘဲ လူ၆ ယောက်တက်စီးနိုင်တဲ့ Truck ကားလည်း ထည့်သွင်းထားတာကို တွေ့ရမှာပါ။

မြေပုံအသစ်နဲ့အတူ လက်နက်များလည်း ပြောင်းလဲထည့်သွင်းထားပါတယ်။ Assualt Rifles များအနေနဲ့ကတော့ အရင် AR15 သေနတ်နဲ့တူညီတဲ့ ACR Rifle သေနတ်အစားထိုး ထည့်သွင်းလိုက်ပြီး Accuracy မြင့်တဲ့ သေနတ်ကတော့ Auto အနေနဲ့ရော Single အနေနဲ့ပါပစ်ခတ်လို့ရတဲ့ AN94 caliber Rifle သေနတ်ဖြစ်ပြီး Single mode ပြောင်းထားပြီး ပစ်ရင်တော့ AKM သေနတ်လောက်တော့ Fire Power မြင့်မှာမဟုတ်ပါဘူးတဲ့ ခင်ဗျား။ SMGs သေနတ်များအနေနဲ့ stability နဲ့အတူ Fire rate  မြင့်မားပြီး gun power အနေနဲ့ကတော့ Damage နည်းတဲ့ VECTOR ၊ နောက်တစ်မျိုးအနေနဲ့ ကတော့ base fire rate နဲ့အတူ Stability ကောင်းမွန်ပြီး အရင် MP7 သေနတ်ထက် Gun Power (Damage) ပိုပြင်းတဲ့ MP5 အပြင် P90 သေနတ်ကတော့ ကျွန်တော့ အနေနဲ့ အခြားသေနတ်များထက်ကို ပိုအသုံးပြု ဖြစ်ပြီးတော့ ကျည်ဆံများများ ပါဝင်တဲ့အတွက် ကြောင့် ကျွန်တော်ကတော့ SMGs သေနတ်တွေထဲက P90 ကို အသုံးပြုတာများပါတယ်။ ထို့အပြင် RPG လောင်ချာ သေနတ်ကိုလည်း update မှာထည့်သွင်းထားတဲ့ အတွက်ကြောင့် စိတ်ဝင်းဖို့ကောင်းတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

အခြား update features အနေနဲ့ကတော့ Valentine Day Event ပါဝင်လာတာဖြစ်ပါတယ်။ Player များအနေနဲ့ mission ပြီးဆုံးတဲ့ အချိန်တိုင်း rewards များရယူနိုင်ပြီး ဒါ့အပြင် ဒီ event အတောအတွင်းမှာတော့ bandages လို့ခေါ်တဲ့ ဆေးပတ်တီးများဟာလည်း နှင်းဆီပွင့်တွေအနေနဲ့တွေ့ ရပါတယ်။ ဒါ့အပြင် နောက်တစ်ခုနေနဲ့ကတော့ မိမိရဲ့ ခံစားရတဲ့ ခံစားချက် ဒါမှမဟုတ် မိမိရေးချင်တဲ့ Note များကို လည်း love letters mode မှာရေးသားနိုင်ပြီး တစ်ခြား player များနဲ့ မျှဝေနိုင်တာလည်း ဖြစ်ပါတယ်။ နောက်တစ်ချက် အနေနဲ့ကတော့ အရင် update မထွက်ရှိခင်က ကျွန်တော်တို့ အသုံးပြုတဲ့ Sound System ဖြစ်တဲ့ Mic အသံစနစ်ဟာလည်း ဒီupdate မှာတော့ အရင်ကထက် ပိုမိုကောင်းမွန်လာတယ်ဆိုတာကို မိတ်ဆွေအနေနဲ့ သတိပြုမိပါရဲ့ လား။

အခုဖော်ပြခဲ့တဲ့ အကြောင်းအရာများကတော့ Rules of Survival အမည်ရတဲ့ Shooting ဂိမ်းတစ်ခုရဲ့ New Map မြေပုံအသစ်ထွက်ရှိလာခြင်းနဲ့အတူ update အနေနဲ့ ပြောင်းလဲလာမှု တွေကို အနည်းငယ် ဖော်ပြလိုက်ရပါတယ်။ ဒီ update ရဲ့ မြေပုံဟာ MB 350 ကျော်ရှိတဲ့ အတွက် တစ်ချို့ mobile ဖုန်းများမှာ error ဖြစ်ပြီး ဖုန်း screen မှောင်မဲသွားတာကိုတော့ ကျွန်တော်ကိုယ်တိုင် ကြုံတွေ့ လိုက်ရပါတယ်။ Playon မိတ်ဆွေများ အနေဖြင့်လည်း ရယူထားသင့်တဲ့ ဂိမ်းကောင်းတစ်ခုပါ။ ဒီ update ထွက်ရှိလာပြီးနောက်ပိုင်းမှာ ကျွန်တော်အနေနဲ့ ဒီဂိမ်းရဲ့ Developer များဟာ ဘယ်လိုအရာတွေနဲ့ mobile players များကို ဆွဲဆောင်နေအုံးမှာလည်း ဆိုတာကိုတော့ အားလုံးစောင့်ကြည့်ရင်း ဂိမ်းကိုတော့ Free to Play အနေနဲ့ mobile platform များမှာ ရယူနိုင်ပါပြီ။ နောက်ဆုံး battle ground အထိ ရှင်သန်ရင်း ဝင်ရောက် ယှဉ်ပြိုင်တဲ့ Battles များမှာ ပထမဆု ရယူနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်. . . . . . . . . . . . . . . ။

Google Play Store

App Store

Image Resource :

Rules of Survival Forum

Rules of Survival Game

Rules of Survival Facebook

Mobile Esports.News

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: