ArticleNews

ဂိမ်းအနေနဲ့ရောက်လာတော့မယ့် Cells at Work/ ကစားလို့ရနေပြီဖြစ်တဲ့ Assassin’s Creed Rebellion

ဒီတစ်ခေါက်မှာတော့ Playon က ဘော်ဘော်တို့ကို တစ်ခါတည်းနဲ့ သတင်း ၂ပုဒ် သိရအောင် မထွက်သေးတဲ့ဂိမ်း နှင့် ကစားလို့ရနေပြီဖြစ်တဲ့ ဂိမ်းအကြောင်းအရာ ၂ခုကို ဖော်ပြပေးလိုက်ပါတယ်။ ဂိမ်းနှစ်ခုရဲ့ နာမည်က ဂျပန် ဟာသ COMIC စီးရီးကို ပုံဖော်ထားတဲ့ Cells at Work နှင့် ထွက်ရှိနှင့်ပြီးနေပြီဖြစ်တဲ့ Assassin’s Creed Rebellion တို့ပဲဖြစ်ပါတယ်။

Akane Shimizu ရေးသားထားတဲ့ဂျပန် ဟာသ manga စီးရီး Cells at Work ကို ပုံဖော်ထားတဲ့ ဂိမ်းအကြောင်းကို မကြာသေးခင်တုန်းက ကြေညာလိုက်တာပါ။ Cells at Work စီးရီးဟာဆိုရင် အောင်မြင်တဲ့ comedy စီးရီးတစ်ခုဖြစ်ပြီးဇာတ်လမ်းထဲမှာ လူ့ခန္ဓာကိုယ်က cells လေးတွေကို သက်ရှိသဖွယ် ပုံဖော်ထားပါတယ်။

Cells at Work က နာမည်ကြီး လူကြိုက်များတဲ့ ဟာသ comic တစ်ခုသာဖြစ်ပေမယ့် ပရိသတ်တွေကို စိတ်ဝင်စားဖို့ကောင်းတဲ့ အတွေ့အကြုံတွေ အများကြီးပေးနိုင်ပါတယ်။ Cells at Work ဂိမ်းရဲ့ နာမည်ကို Itsudemo Cells at Work လို့ အမည်ပေးထားပြီး သူ့ အကြောင်းကို ရှာချင်ရင် Twitter နှင့် official website မှာ ရှာနိုင်ပါတယ်။

Pre-register ကိုတော့ သိပ်မကြာခင်မှာ လုပ်လို့ရတော့မှာပါ။အခု အချိန်အထိတော့ ဂိမ်းအကြောင်းနဲ့ ပတ်သတ်ပြီး အသေးစိတ်အချက်အလက် အနည်းငယ်သာ ထွက်ရှိလာခဲ့သေးပေမယ့် ဂိမ်းက Android နှင့် iOS ပေါ်မှာ free to play ဖြစ်လာမယ့် ပုံပါပဲ။ ဒါပေမယ့် App-purchase တွေတော့ ပါလာမှာပါ။ ဂိမ်းက မူရင်း story ကို feature ယူထားတာကြောင့် gameplay ပုံစံမှာ battling နဲ့ training တွေလည်းပါဝင်လာမှာပါ။

Source 1, 2 (twitter) Ref

Android နဲ့ iOS အတွက် မှန်းထားတဲ့အချိန်ထက် စောထွက်လာခဲ့တဲ့ Assassin’s Creed Rebellion

ပြီးခဲ့တဲ့ လတုန်းက Ubisoft မှ သူ့ရဲ့ ဂိမ်းအသစ်ဖြစ်တဲ့ Assassin’s Creed franchise ကို App Store နှင့် Google Play မှာ နိုဝင်ဘာလ ၂၁ ရက်နေ့ကြရင် ထွက်ရှိလာမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် Ubisoft က ဂိမ်းရဲ့ development ပိုင်းကို ထွက်ရှိမယ့် ရက်ထက် ၁ရက်စောပြီး ပြီးမြောက်ခဲ့ပါတယ်။ အဲ့တာကြောင့် player တွေအနေနဲ့ Assassin’s Creed Rebellion ကို ကိုယ့်ရဲ့ Android နဲ့ iOS ဖုန်းမှာ နိုဝင်ဘာ၂၀ ရက်တည်းက download လုပ်ကစားနိုင်နေပါပြီ။

ဂိမ်းကို download လုပ်ခက အခမဲ့ဖြစ်ပေမယ့် app purchase ကို ဒေါ်လာ ၉၉.၉၉ အထိမြှင့်ပြီးဝယ်ယူရမှာပါ။ ဂိမ်းထဲမှာ Assassin Creed franchise ကို gamer တွေကြားမှာ ပိုပြီး နာမည်ကြီးအောင် လုပ်ပေးတဲ့ နာမည်ကြီး ဟီးရိုးတွေ အပါအဝင် ဇာတ်ကောင် ၄၀ကျော် ပါဝင်လာမှာပါ။

အဲ့တာကြောင့် player အနေနဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင် assassin တွေကို အခန်း အသစ်တွေ၊ လက်နတ်အသစ်တွေ၊ လိုအပ်တဲ့ပစ္စည်းတွေစုပြီး စက်အသစ်တွေ ဖွဲ့ ပြီး စီစဉ်နိုင်မှာပါ။ အဲ့တာတင်မကသေးပါဘူး။ Ubisoft မှ player တွေ ဆုလက်ဆောင်တွေ ရနိုင်မယ့် အချိန်အကန့်အသတ်နဲ့ event တွေကို ပုံမှန်ချပေးမှာပါ။ အဲ့တာကြောင့် player တွေအနေနဲ့ ရှားပါတဲ့ assassin တွေကိုပါ unlock လုပ်နိုင်မှာဖြစ်ပါတယ်။

Assassin’s Creed Rebellion ကို ကစားချင်ရင်တော့ အက်တာနတ် ချိတ်ဆက်မှုရှိရပါတယ်။ အဲ့တစ်ခုကိုတော့ Android မှာကစားမယ့် player ကော iOS မှာ ကစားမယ့် player ကော မှတ်ထားပေးဖို့ လိုပါတယ်နော်။

Download link – Android/ iOS

Ref: Phonearena

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password