ကြောင်လေးတွေက စတင်ပြီး စစ်ကြေငြာလိုက်တဲ့ C.A.T.S.

ဒီတခါမှာတော့ Playon ပရိသတ်ကြီးကို ချစ်စဖွယ်ကြောင်လေးတွေနဲ့ စစ်တိုက်ရတဲ့ Android Free Mobile Game ဖြစ်တဲ့ C.A.T.S. ဆိုတဲ့ Online Game လေးနဲ့ မိတ်ဆက်ပေးမှာဖြစ်ပါတယ်။

2017 အစောပိုင်းက ထွက်ခဲ့တာဖြစ်ပြီး အခု Game ကို Version မြှင့်ပြီး ပိုလန်းအောင်ပြုလုပ်ထားတဲ့ ဂိမ်းလေးဖြစ်ပါတယ်။

ဂိမ်းရဲ့ ပထမအစမှာ သင်ဟာ ကြောင်ပေါက်စလေးဖြစ်ပြီး သင့်ဦးလေးက ခရစ်စမတ်လက်ဆောင်အနေနဲ့ သစ်သားကားလေးတစ်စီး လက်ဆောင်ပေးမှာဖြစ်ပါတယ်။အဲ့ဒီကားလေးနဲ့ ကြောင်သူငယ်ချင်းတွေ အချင်းချင်း တိုက်ခိုက်ရင်း ပိုမြင့်တဲ့ Level တွေဆီကို ရောက်သွားမှာဖြစ်ပါတယ်။

Level မြင့်လာလေလေ ကားပုံစံအသစ်လေးတွေ ရရှိလာဖြစ်ပြီး Blood Bar ကလည်း အရင်ကထက်ပိုတိုးပြီး တိုက်ခိုက်တဲ့အခါ ပိုကြံ့ခိုင်လာမှာ ဖြစ်ပါတယ်။Defender Item တွေနဲ့ ကားမှာ တပ်ဆင်ဖို့ Wheel အသစ်တွေလဲပေးမှာဖြစ်ပြီး ကိုယ့်ကားနဲ့ လိုက်ဖက်တဲ့ Item တွေကို တပ်ဆင်နိုင်မှ တဖက်ကားကို တိုက်ခိုက်နိုင်မယ့် ဉာဏ်သုံးပြီး ကစားရတဲ့ ဂိမ်းကောင်းလေးပဲဖြစ်ပါတယ်။မလိုအပ်တဲ့ Item တွေနဲ့ ကားအမျိုးအစားတွေကို ပြန်ရောင်းနိုင်ပြီး ကိုယ်ကိုင်နေတဲ့ကားကို ပိုပြီးကြံ့ခိုင်လာအောင် ထပ်ဖြည့်လို့ရပါတယ်။

ကစားတဲ့ပွဲ အရေအတွက်များလာတဲ့အခါ တိုက်ကားကောင်းကောင်းတစ်စီးကို ကျွမ်းကျွမ်းကျင်ကျင် ဆက်တတ်နေပြီဖြစ်တာမို့ Gaming Room မှာ တခြားပွဲက ကားနှစ်စီးတိုက်တာကို Item တွေနဲ့ ဝင်လောင်းနိုင်မှာဖြစ်ပါတယ်။ကားရဲ့ ပစ္စည်းဆက်တဲ့ အခြေအနေကို ကြည့်တတ်ရင် သင်ဟာ အလောင်းအစားတိုင်းမှာ နိုင်ဖို့ 90% သေချာနေပြီဖြစ်ပါတယ်။

Online Game ဖြစ်တဲ့အတွက် နိုင်ငံတကာက C.A.T.S ကစားသူတွေကို စိမ်ခေါ်ပြီး တိုက်နိုင်ပါတယ်။

Graphic ရော Sound System ပါ မိုက်တဲ့အပြင် Battery Super Power Save ဖြစ်လို့ အကြာကြီးကစားနိုင်ပါတယ်။ စိတ်ပါဝင်စားလို့ ကစားချင်သူတွေအတွက် ဒီမှာ ဒေါင်းလုပ်ရယူနိုင်ပါပြီဖြစ်ပါတယ်။

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password