Hero ပေါင်းစုံတပ်ကြီးက တဖက်ခံတပ်ကြီးတွေဖို့ စစ်ချီထွက်လာတဲ့ Castle Crush Mobile Game

Castle Crush Game ဟာ မကြာသေးခင်ကမှ Upgrade အသစ်နဲ့ ထွက်ရှိတာထားဖြစ်ပြီး သူ့ရဲ့ Platform ကတော့ Android Mobile Online Game ဖြစ်ပါတယ်။ ဒီဟာ Clash of Clan နဲ့ ဆင်တူတယ်ထင်ရပေမယ့် တော်တော်လေးကို ကွဲလွဲပြီး ရိုးရှင်းတဲ့ ဂိမ်းဖြစ်ပါတယ်။ Online ဂိမ်းဖြစ်လို့ Battle ဆိုင်တဲ့ အခါမှာ တစ်ဖက် Clan က နိုင်ငံတကာက Clan တွေဖြစ်နေတတ်ပါတယ်။ ကိုယ့် Point နဲ့ မတိမ်းမယိမ်းရှိတဲ့ Clan တွေကို ရှာဖွေပေးပါတယ်။

Item, Hero နဲ့ Hero Upgrade တွေကို Card တွေနဲ့ ပေးမှာဖြစ်ပြီး သတ်မှတ်ချိန်ပြည့်လို့ Box ပွင့်တဲ့အခါ Card တွေရရှိမှာဖြစ်ပါတယ်။ Box က လေးမျိုးရှိပြီးတော့ wooden, silver, gold နဲ့ special box တွေဖြစ်ပြီးတော့ Box တခုနဲ့ တခုက အချိန်မတူကြသလို ရတဲ့ Card တွေလဲ မတူကြပါဘူး။

အဓိက ကတော့ ရှိတဲ့ Gem တွေကို မဖြုန်းတီးမိဖို့ပါပဲ။ မလိုပဲ Gem တွေကို အခန်းအစလောက်မှာထဲက သုံးမိထားမယ်ဆို နောက်ပိုင်းအခန်းတွေမှာ အခက်တွေ့စေမှာဖြစ်ပါတယ်။

ကိုယ် ရထားတဲ့ Hero တွေထဲက အတွဲညီမယ့် Hero ကို ရွေးချယ်ပြီး Lane တွေဆီချပေးရမှာဖြစ်ပါတယ်။ တဖက်ကလည်း ကိုယ့်ကို သူ့ Hero တွေ ချပြီး ခံတပ်ကြီး 3 ခုကို လာဖြိုမှာဖြစ်ပါတယ်။

ကိုယ်က သူချလိုက်တဲ့ အကောင်တွေကို ကြည့်ပြီး Defend နဲ့ Attack လုပ်နိုင်မယ့်အကောင်တွေ မြန်မြန်ပြန်ချပေးရမှာပါ။ အဲ့လိုမဟုတ်ပဲ သူ့အကောင်တွေက Lane ရဲ့ တဝက်လောက်ကို ကျော်လာမယ်ဆိုရင်တော့ ခံတပ်တွေ နာဖို့ သေချာသလောက်ဖြစ်သွားပါပြီ။

ဒီအတွက် Defend, Attack နဲ့ Blood တွေ Power တိုးဖို့ Battle များများဆိုင်ဖို့ လိုပါတယ်။ ဒါမှ Gem နဲ့ Coin တွေကို ရရှိမှာဖြစ်ပြီး လိုအပ်တဲ့ Power တွေ ဖြည့်ပေးနိုင်မှာဖြစ်ပါတယ်။

နိုင်ပွဲမှာ ရရှိတဲ့ Cup ပေါ် မူတည်ပြီး ကိုယ်နဲ့ Level မတိမ်းမယိမ်းကွာတဲ့ Clan တွေနဲ့ အများဆုံးတွေ့ရမှာဖြစ်ပါတယ်။

Update အသစ်တွေမှာ Hero အသစ်တွေ အမြဲထည့်ပေးနေတာလည်းဖြစ်ပါတယ်။

Graphic ကောင်းကောင်းနဲ့ Hero ဆန်းဆန်းတွေက တကယ်ပဲ သင့်ကို ယစ်မူးစွဲမက်စေမှာဖြစ်ပါတယ်။

တကယ်လို့ ဒီလိုရိုးရှင်းတဲ့ Battle Game မျိုးလေးကို ကစားချင်တယ်ဆိုရင်တော့  ဒီနေရာမှတဆင့်    မှာ ဝင်ရောက်ပြီး Download ရယူနိုင်ပါတယ်။

Image Source : www.facebook.com/CastleCrushGame

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password