ArticleReviews

Horror Game ချစ်သူတွေအကြိုက်တွေ့မယ့် CASE: Animatronics

သင်ဟာ horror game တွေကိုကြိုက်နှစ်သက်သူလား။

Horror ကြိုက်ပေမယ့် သရဲတစ္ဆေတွေ သွေးထွက်သံယိုတွေမကြိုက်တဲ့သူလား။ ဒါမှမဟုတ် ရင်တထိတ်ထိတ်နဲ့ ပဟေဠိတွေဖြေရှင်းရမယ့် ဂိမ်းတွေကိုနှစ်သက်သူလား။ အပေါ်ကမေးထားတဲ့မေးခွန်းတွေကို Yes လို့ဖြေလိုက်ရင်တော့ သင်နေရာမှန်ရောက်လာပါပြီ။ ဒီ ဂိမ်းလေးက သင့်အတွက်ဖြစ်မှာပါ။

ဂိမ်းရဲ့နာမည်ကတော့ CASE: Animatronics ပါတဲ့။ ဒီဂိမ်းလေးကတော့ first-person horror ဂိမ်းအမျိုးအစားလေးဖြစ်ပြီး ရဲအရာရှိ John Bishop ရဲ့နေရာကကစားရမှာဖြစ်ပါတယ်။ ဓာတ်အားပြတ်တောက်နေတဲ့ ရဲစခန်းထဲမှာ ပိတ်မိနေတဲ့ John ဟာရဲစခန်းထဲကထွက်ရဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ ဒါပေမယ့် ရဲစခန်းထဲမှာသူတစ်ယောက်တည်းရှိနေတာမဟုတ်ပါဘူး။ အမှောင်ထဲကနေ သူ့ကိုစိုက်ကြည့်နေတဲ့ အနီရဲရဲမျက်လုံးတွေနဲ့၊ ရှေ့ကိုတစ်လှမ်းတိုးလိုက်တိုင်း ပိုပိုကျယ်လာတဲ့ စက်ရုပ်ခြေသံတွေဟာ တစ်ချိန်တစ်ခါက လူတိုင်းကိုလုံခြုံမှုပေးနိုင်ခဲ့တဲ့ ရဲစခန်းထဲမှာ ပဲ့တင်ထပ်နေပါပြီ။ Player ဟာ ဒီစက်ရုပ်တွေကိုရှောင်ရင်း ဓာတ်အားပြန်ရအောင်ကြိုးစားရမှာပါ။ အမှောင်ထဲမှာတစ်ယောက်တည်းသွားလာရင်း ဘယ်အချိန် ဘယ်ချောင်ကထွက်လာမလဲမသိတဲ့စက်ရုပ်ကြီးတွေကို မျက်စိရော နားပါသုံးပြီး သတိထားပြီးရှောင်ရှားရတဲ့ feeling ဟာ ရင်တထိတ်ထိတ်ရှိမှာတော့အမှန်ပါပဲ။ ဒါ့အပြင် ဂိမ်းတစ်ခုလုံးမှာလည်း ပဟေဠိတွေပါသေးတာမို့ ပျင်းရမှာလည်းမဟုတ်ပါဘူးနော်။ ဒါ့အပြင် graphics ကော audio ပိုင်းကောကောင်းတာမို့ earphone လေးသာတပ်ပြီးကစားလိုက်ရင် ဂိမ်းထဲတကယ်ရောက်နေသလိုကိုခံစားရမှာပါ။

PC version အနေနဲ့အရင်ဆုံးထွက်ရှိခဲ့တာဖြစ်ပြီး mobile အဖြစ် ဒီနှစ်ထဲမှာအသက်သွင်းလိုက်တာဖြစ်ပါတယ်။ ခုလောလောဆယ်မှာ story mode ပဲဆော့လို့ရဦးမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ PC version လိုပဲ Online multiplayer mode ဆော့လို့ရလာမယ်လို့မျှော်လင့်ရပါတယ်။ အရုပ်ကော၊ အသံရော Gameplay ရောပြောစရာမလိုသလို lore လို့ခေါ်တဲ့ နောက်ခံဇာတ်လမ်းလေးကလည်း စိတ်ဝင်စားစရာကောင်းတဲ့ ဒီဂိမ်းလေးကို download ဆွဲချင်တယ်ဆိုရင်တော့ google playstore မှာ free download ရယူနိုင်ပါတယ်။

Download link – Android

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password