Disney ဇာတ်ကားတွေထဲကလူကြိုက်များတဲ့ဇာတ်ကားဖြစ်တဲ့ Cars ဇာတ်ကားကိုအခြေခံထားတဲ့ Cars: Lightning League!

Cars ရဲ့အဓိကဇာတ်ကောင်ဖြစ်တဲ့ Lightning McQueen နေရာကဆော့ရမယ့်ဂိမ်းဖြစ်တာကြောင့် Cars ရဲ့ Fan တွေအတွက်တော့အံကိုက်ပါပဲ။ Cars 3 Movie တောင်ထွက်ထားတာမကြာသေးပါဘူး။ 2017 June ဆိုတော့ ၂ လ ကျော်လောက်ပဲရှိသေးတာပါ။ Cars 1 နဲ့ 2 ဇာတ်ကားတွေလည်းကောင်းခဲ့တာမိတ်ဆွေသိမှာပါ။

ဒီဂိမ်းက Racing Type တော့ဟုတ်ပေမဲ့ တစ်ယောက်တည်းဆော့ရမှာပါ။ တစ်ယောက်တည်းဆိုတာအစပိုင်းပါပဲ၊နောက်ပိုင်း Level တွေရောက်လာရင် Mater ၊ Ramone စတဲ့Character တွေနဲ့ပြိုင်ရတာကိုတွေ့ရမှာပါ။ Endless တော့မဟုတ်ပါဘူး။ Mission Level လေးတွေပြထားပါတယ်။ Mission Level တွေမြင့်လာတာနဲ့အမျှမတူညီတဲ့နေရာတွေမှာဆော့နိုင်မှာပဲဖြစ်ပါတယ်။ Mission တစ်ခုချင်းစီမှာသွားရမယ့်မိုင်ပမာဏကိုပြထားပါတယ်။ အဲ့ဒီမိုင်ပမာဏရောက်မှ Mission တစ်ခုပြီးဆုံးမှာဖြစ်ပါတယ်။ အဲ့ဒီမိုင်ရောက်အောင်သွားတဲ့လမ်းတစ်လျှာက်မှာ ကျောက်တုံးကြီးတွေ၊ အပင်ကြီးတွေကို တွေ့ရမှာပါ။ အဲ့ဒါတွေကိုရှောင်ရမှာပါ။ မရှောင်နိုင်ရင် အစပိုင်းမှာတော့ဘာမှမဖြစ်ပေမယ့်နောက်ပိုင်းရောက်ရင် Gem 1 ခုပေးပြီးပြန်ရှင်ရမှာပါ။

                                                

သေတ္တာလေးတွေတွေ့ရင်တော့ Lightning McQueen ရဲ့ Body နဲ့ဝင်တိုက်ရမှာပါ။ ဝင်တိုက်လို့ အဲ့ဒီသေတ္တာတွေကွဲသွားရင်တော့ဆုငွေတွနဲ့Gemရှိမှာဖြစ်ပါတယ်။ ဆုငွေဆိုတာလမ်းတစ်လျှောက်မှာရနိုင်တဲ့ Coin တွေကိုပြောတာပါ။ Gem ကတော့ရဖို့ခဲပါတယ်။ အဲ့ဒါကြောင့် Gem တွေကိုတတ်နိုင်ရင်မသုံးတာပိုကောင်းပါတယ်။ Lightning McQueen ကအနီရောင်ဆိုတာမိတ်ဆွေသိပါတယ်။ ဒီဂိမ်းမှာ Lightning McQueen ကိုအနီရောင်နဲ့မြင်ရတာရိုးလာတဲ့မိတ်ဆွေအတွက်အခွင့်အရေးရှိပါတယ်။ အဲ့ဒါကတော့ Lightning McQueen ကိုအရောင်တွေပြောင်းနိုင်တာပါ။ ခပ်ဆန်းဆန်းအရောင်တွေပါတာကိုလည်းတွေ့ရမှာပါ။ အရောင်တွေပြောင်းတာအလကားတော့မရပါဘူး။ အရောင်ပြောင်းချင်ရင် မိတ်ဆွေရဲ့ In-game ထဲက Coin တွေပေးဆပ်ရမှာပါ။ ဒါ့အပြင် မိတ်ဆွေကြိုက်နှစ်သက်ရာအခြား Character တွေကိုလည်း in-game coin နဲ့ ဝယ်ရမှာဖြစ်ပါတယ်။

ဒီဂိမ်းကဆက်တိုက်အကြာကြီးမဆော့နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ဒီဂိမ်းက Fuel နဲ့ဆော့ရတဲ့အတွက်ကြောင့်ပါ။ စစချင်းမှာ Fuel ၁၀ ခုပေးထားမှာပါ။ အဲ့ဒီ Fuel ၁၀ ခုလုံးကုန်အောင်ဆက်တိုက်ဆော့မိရင် ဆက်ဆော့လို့မရတော့ပါဘူး။ Fuel ပြန်ဖြည့်ဖို့အချိန်ခဏပြန်စောင့်ရမှာပါ။ ဒီဂိမ်းမှာမိတ်ဆွေက Lightning McQueen အပြင် Cruz Ramirez, Jackson Storm, Mater, Ramone, River Scott, Louise Nash, DJ, Broadside စတဲ့ Character တွေကိုလည်းတွေ့ရမှာပါ။ Graphic ပိုင်းကတော်တော်ကောင်းတာကို Lightning McQueen ရဲ့ရုပ်ထွက်ကိုကြည့်ခြင်းဖြင့်သိနိုင်ပါတယ်။ Sound System ကလည်းမဆိုးတာကိုတွေ့ရမှာပါ။ မိတ်ဆွေက Cars movie ကိုသိပြီးသားဖြစ်တာကြောင့်ရော၊ ကျွန်တော်က Cars 1 ပဲကြည့်ဖူးတာရောကြောင့် ဒီမှာ Story Line ကိုသိပ်ပြီးမပြောပဲနဲ့ In-game System ကို Target ထားပြီးပြောထားပါတယ်။

Free To Play ပါ။ Android နဲ့ IOS နှစ်မျိုးလုံးကစားနိုင်ပြီးတစ်မူထူးခြားတဲ့ Racing Game လေးဖြစ်တာကြောင့် မိတ်ဆွေအားသတင်းပေးလိုက်ပါတယ်။

 

Image Source:

https://play.google.com/store/apps/details?id=com.disney.cars3_goo&hl=en

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password